II KINGS
Chapter 9
II K | BurJudso | 9:1 | ထိုအခါပရောဖက် ဧလိရှဲသည် ပရောဖက် အမျိုးသားတယောက်ကို ခေါ်၍၊ သင်၏ခါးကို စည်း လော့။ ဤဆီဘူးကိုယူ၍ ဂိလဒ်ပြည် ရာမုတ်မြို့သို့ သွားလော့။ | |
II K | BurJudso | 9:2 | ရောက်သောအခါ၊ နိမ်ရှိသားယောရှဖတ်၏သား ယေဟုကို ရှာ၍သူ့ထံသို့ ဝင်လျက်၊ သူ့ကိုသူ၏အပေါင်း အဘော်စုထဲက ထွက်စေ၍၊ အတွင်းအခန်းထဲသို့ ခေါ်ပြီး လျှင်၊ | |
II K | BurJudso | 9:3 | ဤဆီဘူးကိုကိုင်၍ သူ၏ခေါင်းပေါ်၌ ဆီကို လောင်းလျက်၊ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသ ရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ၊ တံခါးကိုဖွင့်၍ မဆိုင်း မလင့်ဘဲ ပြေးလော့ဟု မှာထားလေ၏။ | |
II K | BurJudso | 9:5 | ရောက်သောအခါ၊ ဗိုလ်မင်းတို့သည်အတူ ထိုင်လျက် ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင်၊ ယေဟုက၊ ငါတို့အပေါင်းတွင် အဘယ်သူအား ပြောစရာရှိသနည်းဟု မေးသော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည် ဟု ပြန်ဆို၏။ | |
II K | BurJudso | 9:6 | ထိုအခါ ယေဟုသည် ထ၍အိမ်ထဲသို့ ဝင်သဖြင့်၊ ပရောဖက်သည် သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားက၊ ငါသည် သင့်ကို ထာဝရဘုရား၏လူ ဣသရေလအမျိုး၏ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေး၏။ | |
II K | BurJudso | 9:7 | ငါ့ကျွန်ပရောဖက်တို့ကို သတ်သောအပြစ်၊ ထာဝရဘုရား၏ ပရောဖက်အပေါင်းကို သတ်သော အပြစ်အလျောက်၊ ယေဇဗေလ၌ ငါဒဏ်ပေးမည် အကြောင်း၊ သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည်။ | |
II K | BurJudso | 9:8 | အာဟပ်အမျိုးသားရှိသမျှတို့ကို ပျက်စီးစေခြင်း ငှါ၊ ဣသရေလ မြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုးသား ယောက်ျားများကို ငါပယ်ဖြတ်မည်။ | |
II K | BurJudso | 9:9 | အာဟပ်အမျိုးကို နေဗတ်၏သား ယေရောဗောင်အမျိုးကဲ့သို့၎င်း၊ အဟိယ၏သား ဗာရှာအမျိုးကဲ့သို့၎င်း ဖြစ်စေမည်။ | |
II K | BurJudso | 9:10 | ယေဇဗေလကို သင်္ဂြိုလ်သောသူမရှိ။ ယေဇ ရေလမြေကွက်၌၊ ခွေးတို့သည်သူ့ကိုစားကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ တံခါးကိုဖွင့်၍ ပြေး၏။ | |
II K | BurJudso | 9:11 | ထိုအခါ ယေဟုသည် မိမိသခင်၏ ကျွန်တို့ရှိရာ သို့ ထွက်၍၊ တယောက်က၊ ရှိသမျှကောင်းသလော။ ထိုအရူးသည် အဘယ်ကြောင့် လာသနည်းဟု မေးလျှင်၊ ယေဟုက၊ သင်တို့သည် ထိုသူကို၎င်း၊ သူပြောသော စကားကို၎င်း သိကြ၏ဟုဆိုသော်၊ | |
II K | BurJudso | 9:12 | သူတို့က ငါတို့မသိ။ ပြောပါလော့ဟု ဆိုပြန် သော်၊ ယေဟုက၊ ထိုသူသည်ဤမည်သော စကားကို ပြော၏။ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကိုဆင့်ဆိုသည်ဟု ပြန်ပြောသောအခါ၊ | |
II K | BurJudso | 9:13 | သူတို့သည် အလျင်အမြန်ထသဖြင့်၊ အသီး အသီးမိမိတို့ ဝတ်လုံကိုယူ၍ လှေကားထိပ်ပေါ် ယေဟု အောက်မှာခင်းလျက်၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ ၏ဟု တံပိုးမှုတ်၍ ဟစ်ကြော်ကြ၏။ | |
II K | BurJudso | 9:14 | ထိုသို့နိမ်ရှိသားယောရှဖတ်၏ သားယေဟုသည် ယောရံမင်း တဘက်သင်းဖွဲ့လေ၏။ ထိုအခါ ရှုရိရှင်ဘုရင် ဟာဇေလကြောင့်၊ ယောရံမင်းနှင့် ဣသရေလလူ အပေါင်းတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကို စောင့်ရှောက် ကြ၏။ | |
II K | BurJudso | 9:15 | သို့ရာတွင် ယောရံမင်းသည် ရှုရိရှင်ဘုရင် ဟာဇေလကို စစ်တိုက်သောအခါ၊ ရှုရိလူထိခိုက်သော အနာကို ပျောက်စေခြင်းငှါ ယေဇရေလမြို့သို့ ပြန်သွား နှင့်ပြီ။ ယေဟုကလည်း၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလ မြို့သို့သွား၍ သိတင်းကြားပြောရသော သူတစုံ တယောက်ကိုမျှ မြို့ထဲက မထွက်မသွားစေနှင့်ဟုစီရင်၏။ | |
II K | BurJudso | 9:16 | ထိုသို့ယောရံမင်းသည် ယေဇရေလမြို့၌ ရှိနေ သောကြောင့်၊ ယေဟုသည် ရထားကိုစီး၍ ထိုမြို့သို့ သွား၏။ ထိုအခါ ယုဒရှင်ဘုရင်အာ ခဇိသည်လည်း၊ ယောရံမင်းကို ကြည့်ရှုအံ့သောငှါ ရောက်လာပြီ။ | |
II K | BurJudso | 9:17 | ယေဇရေလမြို့၌ မျှော်စင်ပေါ်မှာ စောင့်သော သူသည်ရပ်လျက်၊ ယေဟုနှင့် လိုက်လာသော အလုံး အရင်းကို မြင်သောအခါ၊ လူအလုံးအရင်းကို ငါမြင် သည်ဟု ဆိုလျှင်၊ ဆီးကြိုခြင်းငှါ သွား၍ ငြိမ်သက်ခြင်း ရှိသလောဟု မေးမည်အကြောင်း၊ ယောရံသည် မြင်းစီး သူရဲတယောက်ကို စေလွှတ်သည်အတိုင်း၊ | |
II K | BurJudso | 9:18 | မြင်းစီးသူရဲသည် ဆီးကြိုခြင်းငှါသွား၍၊ ငြိမ် သက်ခြင်းရှိသလောဟု ရှင်ဘုရင်မေးတော်မူကြောင်းကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့ ဟုဆို၏။ စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် အလုံးအရင်းသို့ ရောက်၍ ပြန်မလာပါဟုဆိုသော်၊ | |
II K | BurJudso | 9:19 | ရှင်ဘုရင်သည် အခြားသော မြင်းစီးသူရဲ တယောက်ကို စေလွှတ်ပြန်၍၊ သူသည်ရောက်သောအခါ၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင် မေးတော်မူကြောင်း ကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်း နှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက် လော့ဟု ဆို၏။ | |
II K | BurJudso | 9:20 | စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် ရောက်၍ ပြန်မလာပါ။ လာသောသူသည် နိမ်ရှိသား ယေဟုနှင့် တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင်၍ လာပါ သည်ဟုဆို၏။ | |
II K | BurJudso | 9:21 | ယောရံမင်းကလည်း၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆိုသည်အတိုင်း၊ မြင်းရထားကို ပြင်ဆင်ကြ၏။ ဣသရေလရှင်ဘုရင်ယောရံနှင့် ယုဒရှင်ဘုရင် အာခဇိတို့ သည် ရထားတော်တခုစီစီးလျက်ယေဟုကို ဆီးကြို မည်ဟု ထွက်သွား၍၊ ယေဇရေလမြို့သား နာဗုတ်၏ မြေကွက်တွင် တွေ့ကြ၏။ | |
II K | BurJudso | 9:22 | ယောရံသည် ယေဟုကိုမြင်လျှင်၊ ယေဟု ငြိမ်သက်ခြင်းရှိသလောဟု မေးသော်၊ ယေဟုက။ သင့်အမိယေဇ ဗေလပြုသော အဓမ္မမေထုန်အမှု၊ ပြုစားသော အမှုများ သော ကာလအတွင်းတွင်၊ အဘယ်သို့သော ငြိမ်သက် ခြင်းရှိလိမ့်မည်နည်းဟု ပြန်ပြောသော်၊ | |
II K | BurJudso | 9:24 | ယေဟုသည်လည်း လေးကိုတင်၍ ပစ်သဖြင့်၊ ယောရံကို ပခုံးကြားမှာမှန်၏။ မြှားသည်လည်း နှလုံးကို ထုတ်ချင်းဖောက်၍၊ ယောရံသည် ရထားတော်ပေါ်မှာ လဲနေ၏။ | |
II K | BurJudso | 9:25 | ယေဟုကလည်း၊ သူ့ကိုဆွဲ၍ ယေဇရေလမြို့ သားနာဗုတ်မြေကွက်၌ ချပစ်လော့။ သင်နှင့်ငါသည် သူ့အဘအာဟပ်နောက်သို့ မြင်းစီး၍ လိုက်သောအခါ၊ ဤအမှုကို ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်ကို မမှတ်မိသလော။ | |
II K | BurJudso | 9:26 | အကယ်စင်စစ်နာဗုတ်အသွေး၊ သူ့သားတို့၏ အသွေးကို မနေ့က ငါကြည့်မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။ ဤမြေကွက်၌ သင့်ကို အပြစ်နှင့် အလျောက် ငါဒဏ်ပေးမည်ဟု ထာဝရဘုရားမိန့်တော် မူ၏။ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ရှိသည် အတိုင်း၊ ဤမြေကွက်၌ အလောင်းကိုချပစ်လော့ဟု မိမိရထားမှုဗိဒကကို ဆို၏။ | |
II K | BurJudso | 9:27 | ထိုအမှုကို ယုဒရှင်ဘုရင် အာခဇိသည်မြင်လျှင်၊ ဥယျာဉ်စံနန်းလမ်းဖြင့် ပြေး၏။ ယေဟုကလည်း၊ သူ့ကို ရထားပေါ်မှာ ထိုးတော့ဟု လိုက်လျက်ဆိုသည်အတိုင်း၊ ဣဗလံမြို့နား၊ ဂုရမြို့သို့သွားလောလမ်းတွင် ပြုကြသဖြင့်၊ သူသည်မေဂိဒ္ဒေါမြို့သို့ပြေး၍ သေ၏။ | |
II K | BurJudso | 9:28 | သူ၏ကျွန်တို့သည် အလောင်းကို ရထားပေါ်သို့ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဒါဝိဒ်မြို့ တွင် မိမိသင်္ချိုင်း၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြ၏။ | |
II K | BurJudso | 9:30 | ယေဟုသည် ယေဇရေလမြို့သို့ရောက်သည်ကို ယေဇဗေလသည် ကြားလျှင်၊ မျက်ခမ်းတို့ကို ဆေးသုတ်၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ၊ ပြတင်းပေါက်ဝ၌ ကြည့်ရှု လျက် နေ၏။ | |
II K | BurJudso | 9:31 | ယေဟုသည် တံခါးဝသို့ဝင်သောအခါ ယေဇ ဗေလက၊ မိမိသခင် ကိုသတ်သောဇိမရိသည် ချမ်းသာ ရသလောဟု မေးလျှင်၊ | |
II K | BurJudso | 9:32 | ယေဟုသည် မျှော်ကြည့်၍၊ ငါ့ဘက်မှာ အဘယ် သူနေသနည်း။ အဘယ်သူဟုမေးလေသော်၊ မိန်းမစိုး နှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်ထဲက ကြည့်ရှုကြ၏။ | |
II K | BurJudso | 9:33 | ယေဟုက၊ သူ့ကို တွန်းချလိုက်ဟုဆိုသည် အတိုင်း တွန်ချသဖြင့်၊ သူ၏အသွေးသည် နန်းတော်ထရံ အပေါ်၌၎င်း၊ မြင်းတို့အပေါ်၌၎င်း စဉ်၏။ ယေဟုသည် သူ့ကိုယ်ကို နင်းလေ၏။ အထဲသို့ဝင်၍၊ | |
II K | BurJudso | 9:34 | စားသောက်ပြီးမှ၊ ထိုကျိန်အပ်သော မိန်းမသည် ရှင်ဘုရင် သမီးဖြစ်သောကြောင့်၊ သွားကြည့်၍သင်္ဂြိုဟ် လော့ဟု ဆိုသည်အတိုင်း၊ | |
II K | BurJudso | 9:35 | သင်္ဂြိုဟ်ခြင်းငှါသွားသောအခါ၊ ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါးတို့ကိုသာ တွေ့သောကြောင့်၊ တဖန် လာ၍ ကြားလျှောက်ကြ၏။ | |
II K | BurJudso | 9:36 | ယေဟုက၊ ယေဇရေလေမြေကွက်၌ ခွေးတို့သည် ယေဇဗေလ၏အသားကို စားကြလိမ့်မည်ဟု ထာဝရ ဘုရားသည် မိမိကျွန်တိရှဘိမြို့သားဧလိယအားဖြင့် မိန့်တော်မူသော စကားတော်သည် ဤသို့ ပြည့်စုံပြီ။ | |