II KINGS
Chapter 18
II K | BurJudso | 18:2 | ယုဒရှင်ဘုရင် အာခတ်သား ဟေဇကိသည် အသက်နှစ် ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌နှစ်ဆယ်ကိုးနှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဇာခရိသမီးအာဘိအမည်ရှိ၏။ | |
II K | BurJudso | 18:4 | မြင့်သောအရပ်တို့ကိုပယ်၏။ ရုပ်တုဆင်းတုတို့ကိုချိုးဖဲ့၏။ အာရှရပင်တို့ကို ခုတ်လှဲ၏။ မောရှေလုပ်သော ကြေးဝါမြွေကို အပိုင်းပိုင်း ဖြတ်၏။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ထိုကာလတိုင်အောင်၊ ထိုမြွေရှေ့မှာ နံ့သာပေါင်းကို မီးရှို့တတ်ကြ၏။ ထိုမြွေကိုနဟုတ္တန်အမည်ဖြင့် မှည့်သတည်း။ | |
II K | BurJudso | 18:5 | ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကို ထိုမင်းခိုလှုံသကဲ့သို့၊ သူ့နောက်မှာခိုလှုံသော ယုဒရှင်ဘုရင် တယောက်မျှမရှိ။ ရှေ့ကာလ၌လည်းမရှိ။ | |
II K | BurJudso | 18:6 | ထာဝရဘုရား၌ဆည်းကပ်၍နောက်တော်သို့အစဉ်အမြဲလိုက်သဖြင့် မောရှေ၌ထာဝရဘုရားထားတော်မူ သောပညတ်တော်တို့ကို စောင့်ရှောက်လေ၏။ | |
II K | BurJudso | 18:7 | ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူသဖြင့်သူသည် ပြုလေရာရာ၌အောင်လေ၏။ အာရှုရိရှင်ဘုရင်၏ကျွင်မခံ။ ပုန်ကန်လေ၏။ | |
II K | BurJudso | 18:8 | ဖိလိတ္တိလူတို့ကိုတိုက်၍ ဂါဇမြို့နယ်တိုင်အောင် ခိုင်ခံ့သောမြို့များနှင့် ကင်းစောင့်သောမျှော်စင်များကို လုပ်ကြံလေ၏။ | |
II K | BurJudso | 18:9 | ဟေဇကိမင်းကြီးနန်းစံလေးနှစ်၊ ဣသရေလရှင်ဘုရင်ဧလာသားဟောရှေနန်းစံခုနစ်နှစ်တွင်၊ အာရှုရိရှင်ဘုရင် ရှာလမနေဇာသည် ရှမာရိမြို့သို့ စစ်ချီ၍ဝိုင်းထား၏။ | |
II K | BurJudso | 18:10 | သုံးနှစ်စေ့သောအခါ၊ ဟေဇကိနန်းစံခြောက်နှစ်၊ ဣသရေလရှင်ဘုရင်ဟောရှေနန်းစံကိုးနှစ်တွင် ရှမာရိမြို့ကိုတိုက်၍ရကြ၏။ | |
II K | BurJudso | 18:11 | အာရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသောမေဒိနိုင်ငံ မြို့ရွာတို့၌ထား၏။ | |
II K | BurJudso | 18:12 | အကြောင်းမူကား၊ သူတို့သည်မိမိတို့ဘုရား သခင်ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ ဖွဲ့တော်မူသောပဋိညဉ်ကို၎င်း၊ ထာဝရဘုရား၏ကျွန်မောရှေမှာထားသမျှကို၎င်း၊ အမှုမထားလွန်ကျူးကြ၏။ | |
II K | BurJudso | 18:13 | ဟေဇကိမင်းကြီးနန်းစံ ဆယ်လေးနှစ်တွင်၊ အာရှုရိရှင်ဘုရင်သနာခရိပ်သည်ယုဒပြည်၌ ခိုင်ခံ့သောမြို့ ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံလေ၏။ | |
II K | BurJudso | 18:14 | ယုဒရှင်ဘုရင်ဟေဇကိသည်အာရှုရိရှင်ဘုရင်ရှိရာလာခိရှမြို့သို့စေလွှတ်၍၊ အကျွန်ုပ်မှားပါပြီ။ ပြန်သွားတော်မူပါ။ ကိုယ်တော်တင်သမျှကိုထမ်းပါမည်ဟု လျှောက်စေသော်၊ အာရှုရိရှင်ဘုရင်သည်ယုဒရှင်ဘုရင် ဟေဇကိ၌ ငွေအခွက်သုံးထောင်၊ ရွှေအခွက်သုံးရာကိုတောင်း၏။ | |
II K | BurJudso | 18:16 | ဗိမာန်တော်တံခါး၊ တန်ဆာများ၊ ကိုယ်တိုင်အရင်မွမ်းမံသော တိုင်တန်ဆာများကိုလည်းချွတ်၍ အာရှုရိရှင်ဘုရင်အားပေး၏။ | |
II K | BurJudso | 18:17 | နောက်တဖန် အာရှုရိရှင်ဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို များစွာသော ဗိုလ်ခြေနှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီးထံသို့စေလွှတ်သဖြင့်၊ သူတို့သည်ရောက်သောအခါ၊ ခဝါသည်၏ လယ်နားမှာရှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ရပ်နေကြ၏။ | |
II K | BurJudso | 18:18 | ရှင်ဘုရင်ကို ခေါ်သောအခါ၊ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်သား အတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ ထွက်ပြီးလျှင်၊ | |
II K | BurJudso | 18:19 | ရာဗရှာခက၊ မဟာအရှင်မင်းကြီး၊ အာရှုရိရှင်ဘုရင်သည် ဟေဇကိ ကို မိန့်တော်မူသည်ကား၊ သင်ခိုလှုံသဖြင့်ခိုလှုံရာကား အဘယ်သို့နည်း။ | |
II K | BurJudso | 18:20 | စစ်တိုက်လောက်အောင် ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသော စကားကို သင်ဆိုပါသည်တကား။ ငါ့ကိုပုန်ကန်ခြင်းငှါအဘယ်သူကိုကိုးစားသနည်း။ | |
II K | BurJudso | 18:21 | ကျိုးသောကျူလုံးတောင်ဝေးတည်းဟူသော အဲဂုတ္တုပြည်ကို ကိုးစားပါသည်တကား။ ထိုကျူလုံးသည် မှီသောသူ၏လက်ကိုဖောက်၍ လျှိုသွားလိမ့်မည်။ ထိုသို့အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ၌မှီသော သူအပေါင်းတို့ကိုပြုလိမ့်မည်။ | |
II K | BurJudso | 18:22 | သင်တို့က၊ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရားကိုကိုးစားသည်ဟု ဆိုပြန်လျှင်၊ ဟေဇကိသည် မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ်၍၊ ယေရုရှလင်မြို့မှာ ဤမည်သောယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်ဟုယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကိုမှာထားသဖြင့်၊ သင်တို့ပြစ်မှားသောဘုရားဖြစ်သည် မဟုတ်လော။ | |
II K | BurJudso | 18:23 | သို့ဖြစ်၍ယခုတွင် ငါ့သခင် အာရှုရိရှင်ဘုရင်၌ အာမခံတို့ကိုအပ်ပါလော့။ သင်၌မြင်းစီးသူရဲ လုံလောက်အောင်ရှိလျှင်မြင်းနှစ်ထောင်တို့ကိုငါပေးမည်။ | |
II K | BurJudso | 18:24 | သင်သည် ငါ့သခင်၏ကျွန်တို့တွင် အငယ်ဆုံးသောဗိုလ်ကိုအဘယ်သို့လှန်နိုင်မည်နည်း။ အဲဂုတ္တုပြည်မှ ရထားများ၊ မြင်းစီးသူရဲများကို ရမည်ဟုယုံပါသည်တကား။ | |
II K | BurJudso | 18:25 | ထာဝရဘုရား၏အခွင့်မရှိဘဲ ဤပြည်ကိုဖျက်ဆီးခြင်းငှါ ငါလာသလော။ ထိုပြည်ကို သွား၍ ဖျက်ဆီးလော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ။ ဤအကြောင်းအရာများကိုပြန်ပြောကြလော့ဟု ပြောဆို၏။ | |
II K | BurJudso | 18:26 | ထိုအခါ ဟိလခိသား ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှုရိဘာသာစကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို ကျွန်တော်တို့သည်နားလည်ပါ၏။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင် ယုဒ ဘာသာစကားအားဖြင့် အမိန့်မရှိ ပါနှင့်ဟု ရာဗရှာခ ကိုဆိုကြလျှင်၊ | |
II K | BurJudso | 18:27 | ရာဗရှာခက၊ ငါ့သခင်သည် သင်၏သခင်နှင့်သင့်အား သာဤစကားကိုပြောစေခြင်းငှါ ငါ့ကို စေလွှတ်တော်မူသလော။ မြို့ရိုးပေါ်မှာ ထိုင်လျက် သင်တို့နှင့်အတူ မိမိတို့မစင်ကိုစား၍၊ မိမိတို့ရေဟောင်းကို သောက်ရသောသူတို့ရှိရာသို့စေလွှတ်တော်မူသည် မဟုတ်လောဟုဆိုပြီးလျှင်၊ | |
II K | BurJudso | 18:28 | ရာဗရှာခသည်ထ၍ ယုဒဘာသာ စကားအားဖြင့်ကျယ်သောအသံနှင့်ကြွေးကြော်လျက်၊ မဟာအရှင်မင်းကြီးအာရှုရိရှင်ဘုရင်၏ အမိန့်တော်ကိုနားထောင်ကြလော့။ | |
II K | BurJudso | 18:29 | ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ဟေဇကိသည် သင်တို့ကိုမလှည့်စားစေနှင့်။ သူသည်သင်တို့ကိုငါ့လက်မှ ကယ်ယူခြင်းငှါမတတ်နိုင်။ | |
II K | BurJudso | 18:30 | ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကိုဧကန်အမှန်ကယ်ယူတော်မူမည်။ ဤမြို့သည် အာရှုရိရှင်ဘုရင် လက်သို့မရောက်ရဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မကိုးစားစေနှင့်။ | |
II K | BurJudso | 18:32 | အာရှုရိရှင်ဘုရင်မိန့်တော်မူသည်ကား၊ ငါနှင့်မိဿဟာယဖွဲ့ကြ။ ငါ့ထံသို့ထွက်လာကြ။ သင်တို့သည်မသေ အသက်ရှင်မည်အကြောင်း၊ သင်တို့ပြည်နှင့်တူသော ပြည်တည်းဟူသော၊ ဆန်စပါး စပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့်စပျစ်ဥယျဉ်၊ သံလွင်ဆီ၊ ပျားရည်များသောပြည်သို့ ပို့ခြင်းငှါ ငါမလာမှီတိုင်အောင် သင်တို့သည် ကိုယ်စပျစ်ပင်၏အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏အသီးကိုစား၍၊ ကိုယ်ရေကန်ကရေကို သောက်လျက် နေကြဦးလော့။ | |
II K | BurJudso | 18:33 | ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကိုကယ်ယူတော်မူမည်ဟု မဖြားယောင်းစေနှင့်။ အပြည်ပြည်သော ဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ်ကြပြီလော။ | |
II K | BurJudso | 18:34 | ဟာမတ်ပြည်၏ဘုရား၊ အာပဒ်ပြည်၏ ဘုရားတို့သည် အဘယ်မှာ ရှိကြသနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်၊ ဣဝါပြည်၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။ | |
II K | BurJudso | 18:35 | ထိုအပြည်ပြည်သောဘုရားတို့တွင် အဘယ်မည်သော ဘုရားသည် မိမိပြည်ကိုငါ့လက်မှ ကယ်လွှတ်ဘူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။ | |
II K | BurJudso | 18:36 | ယုဒသူတို့လည်းစကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ ပြန်မပြောနှင့်ဟု ရှင်ဘုရင်မိန့်တော်ရှိသတည်း။ | |