EZEKIEL
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
Chapter 28
Ezek | BurJudso | 28:2 | အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရား သခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည် ဘုရား ဖြစ်၏။ ပင်လယ်အလယ်၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင် သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ်၍၊ | |
Ezek | BurJudso | 28:3 | သင်သည် ဒံယေလထက်သာ၍ ပညာရှိပါသည် တကား။ သင်မသိရအောင် သူတပါးဝှက်ထားနိုင်သော အရာ တစုံတခုမျှမရှိ။ | |
Ezek | BurJudso | 28:5 | ထူးဆန်းသော ပညာနှင့် ကုန်စလယ်များအား ဖြင့် စည်းစိမ်ကြီး၍၊ ထိုစည်းစိမ်ကြောင့် စိတ်ဝါကြွားပြီ။ | |
Ezek | BurJudso | 28:6 | သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ် သောကြောင့်၊ | |
Ezek | BurJudso | 28:7 | ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသား တို့ကို သင်ရှိရာသို့ ငါပို့ဆောင်သဖြင့်၊ သူတို့သည် သင်၏ ပညာဂုဏ်ကို ထားနှင့်ခုတ်၍၊ သင်၏တင့်တယ်ခြင်း အသရေကို ရှုတ်ချကြလိမ့်မည်။ | |
Ezek | BurJudso | 28:8 | သင့်ကို မြေတွင်းထဲသို့နှိမ့်ချ၍၊ ပင်လယ်အလယ် ၌ ဆုံးရှုံးသောသူကဲ့သို့ သင့်အသက်သည် ဆုံးရှုံးရလိမ့် မည်။ | |
Ezek | BurJudso | 28:9 | သင့်အသက်ကို သတ်သော သူတို့လက်တွင်၊ သင်သည် ဘုရားသခင်မဟုတ်၊ လူသက်သက် ဖြစ်လျက် နှင့်၊ ငါသည် ဘုရားဖြစ်သည်ဟု သင့်အသက်ကို သတ်သောသူတို့ရှေ့မှာ အမှန်ပြောလိမ့်မည်လော။ | |
Ezek | BurJudso | 28:10 | အရေးဖျားလှီးခြင်းမခံသော လူသေသကဲ့သို့၊ သင်သည် တကျွန်းတနိုင်ငံသားတို့ လက်ဖြင့်သေရမည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ | |
Ezek | BurJudso | 28:12 | အချင်းလူသား၊ တုရုရှဘုရင်အတွက် မြည်တမ်း သော စကားကို မြွက်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်သည် ထူးဆန်းသော တံဆိပ်ဖြစ်၏။ ပညာနှင့်ပြည့်စုံ၍ တင့်တယ်ခြင်းအသရေ လည်းစုံလင်လျက်ရှိ၏။ | |
Ezek | BurJudso | 28:13 | ဧဒင် အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌ နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသော ကျောက်မြတ် အမျိုးမျိုးတို့ကို ဆောင်လေ၏။ ရွှေဖြင့် လုပ်သော ပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဘွားသော နေ့၌ပင် သင့်အဘို့ ပြင်ဆင်လျက်ရှိကြ၏။ | |
Ezek | BurJudso | 28:14 | သင်သည် ဖြန့်၍ လွှမ်းမိုးသော ခေရုဗိမ် ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့ တွင် သွားလာရ၏။ | |
Ezek | BurJudso | 28:16 | သို့ရာတွင်၊ ကုန်သွယ်ခြင်း များပြားသောအား ဖြင့်၊ အဓမ္မအမှုတို့နှင့်ပြည့်စုံ၍ ပြစ်မှားသောအပြစ် ရောက်လေပြီ။ ထိုကြောင့်၊ ဆိုးယုတ်သော သူကဲ့သို့၊ သင့်ကိုဘုရားသခင်၏ တောင်တော်ပေါ်က ငါနှင်ထုတ် မည်။ အိုလွှမ်းမိုးသော ခေရုဗိမ်၊ မီးတောက်သော ကျောက်တို့အထဲက သင့်ကိုငါ ပယ်ရှင်းမည်။ | |
Ezek | BurJudso | 28:17 | သင်သည် ကိုယ်၌ တင့်တယ်ခြင်းအသရေ ကြောင့်၊ ဝါကြွားသော စိတ်ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့်၊ သင်၏ပညာသည် ဖေါက်ပြန်လျက်ရှိလေ ပြီ။ ငါသည်သင့်ကို မြေတိုင်အောင်နှိမ့်ချမည်။ ရှင်ဘုရင် တို့သည် သင့်ကိုကြည့်ရှု၍ ဝမ်းမြောက်စေခြင်းငှါ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည်။ | |
Ezek | BurJudso | 28:18 | သင့်အပြစ်သည်များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသော ကြောင့်၊ သင့်ကိုမီးရှို့ဘို့ သင့်အလယ်၌ မီးကိုငါညှိမည်။ သင့်ကိုမြင်သော သူအပေါင်းတို့ရှေ့မှာ၊ သင်၏ ပြာကို မြေပေါ်သို့ ငါချထားမည်။ | |
Ezek | BurJudso | 28:19 | သင့်ကိုသိသောလူ အမျိုးမျိုးတို့သည် သင်၏ အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက်ဘွယ်ဖြစ်လိမ့်မည်။ နောက်တဖန် မပေါ်လာရ ဟု မိန့်တော်မူ၏။ | |
Ezek | BurJudso | 28:22 | အရှင် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ၊ အိုဇိဒုန်မြို့၊ သင့်တဘက်၌ ငါနေ၏။ သင့်အလယ်၌ ငါ့ဘုန်းတန်ခိုးသည် ထင်ရှားလိမ့်မည်။ သင့်ကိုငါသည် အပြစ်ဒဏ်ပေး၍ ရိုသေခြင်းကိုခံရသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူများသိရကြလိမ့်မည်။ | |
Ezek | BurJudso | 28:23 | သင့်အပေါ်သို့ ကာလနာဘေးကို၎င်း၊ သင်၏ လမ်းတို့၌ ထားဘေးကို၎င်း၊ ငါစေလွှတ်၍၊ ပတ်လည်၌ တိုက်သော ထားဖြင့်သူရဲတို့သည် သင့်အလယ်၌ လဲ၍ သေကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။ | |
Ezek | BurJudso | 28:24 | ထိုအခါ ဣသရေလအမျိုး၏ ပတ်လည်၍နေ၍၊ မထီမဲ့မြင်ပြုသော သူတို့တွင် စူတတ်သော ဆူးပင်၊ နှောက်ရှက်တတ်သောငြောင့် တစုံတခုမျှ မကုတ်ကြွင်းရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Ezek | BurJudso | 28:25 | တဖန် အရှင်ထာဝရဘုရား၏ မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် ကွဲပြားလျက်နေသော လူ အမျိုးမျိုးထဲက ငါခေါ်၍စုဝေးသောအခါ၊ သူတို့အားဖြင့် လူမျိုးများရှေ့၌ ရိုသေခြင်းကိုငါခံ၍၊ ငါ့ကျွန်ယာကုပ်အား အငါအရင်ပေးသော ပြည်၌သူတို့သည် နေကြလိမ့်မည်။ | |