EZEKIEL
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
Chapter 42
Ezek | BurJudso | 42:1 | ထိုနောက်မှ မြောက်လမ်းဖြင့် ပြင်တန်တိုင်းထဲသို့ ခေါ်သွား၍၊ အိမ်တော်မြောက်ဘက်၊ လွတ်လပ်သော အရပ်ရှေ့မှာရှိသော အခန်းများကို ပြလေ၏။ | |
Ezek | BurJudso | 42:3 | အတောင်နှစ်ဆယ်ရှိသော အတွင်းတန်တိုင်းရှေ့၊ ပြင်တန်တိုင်း ကျောက်ခင်းရှေ့တွင် တဘက်တချက်၌ နံရံ အခန်းသုံးဆင့်ရှိ၏။ | |
Ezek | BurJudso | 42:4 | ထိုအခန်းများရှေ့မှာ တတောင်ကျယ်သော လမ်းနှင့်တကွ အတွင်းဘက်သို့ဝင်၍၊ အနံဆယ်တောင် ရှိသောစင်္ကြံရှိ၏။ အခန်းတံခါးတို့သည် မြောက်ဘက်သို့ မျက်နှာပြုကြ၏။ | |
Ezek | BurJudso | 42:5 | အထက်ခန်းတို့သည် ကျဉ်းကြ၏။ သူတို့၏ ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင်၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။ | |
Ezek | BurJudso | 42:6 | အကြောင်းမူကား၊ အခန်းသုံးဆင့်ရှိသော်လည်း၊ ထိုအခန်းတို့သည် အခြားတန်တိုင်းကဲ့သို့တိုင်မရှိ၊ သို့ဖြစ်၍၊ အောက်ခန်းနှင့် အလယ်ခန်းထက်သာ၍ ကျဉ်းကြ၏။ | |
Ezek | BurJudso | 42:7 | ထိုအခန်းများတဘက်တချက်၊ ပြင်တန်တိုင်း ဘက်မှာ အခန်းများရှေ့၌ကာသော နံရံသည် အလျား အတောင် ငါးဆယ်ရှိ၏။ | |
Ezek | BurJudso | 42:8 | ပြင်တန်တိုင်းနှင့် ဆိုင်သောအခန်းတို့သည် အလျားအတောင်ငါးဆယ် ရှိကြ၏။ ဗိမာန်တော်ရှေ့မှာ အလျားသည် အတောင်တရာရှိ၏။ | |
Ezek | BurJudso | 42:11 | ထိုအခန်းစုရှေ့မှာ ရှိသောစင်္ကြံမှစ၍ အခန်း အလျားအနံ၊ ထွက်ရာဝင်ရာ တံခါးရှိသမျှတို့သည် မြောက်အခန်းစုနှင့် ပုံသဏ္ဌာန်တူကြ၏။ | |
Ezek | BurJudso | 42:12 | တောင်ခန်းတံခါးတို့သည်လည်း မြောက်ခန်း တံခါးတို့နှင့် တူသည် ဖြစ်၍၊ တန်တိုင်းတဘက်တချက်၊ အရှေ့သို့မျက်နှာပြုသော စင်္ကြံဦး၌ ဝင်ရာတတံခါးဝရှိ၏။ | |
Ezek | BurJudso | 42:13 | တိုင်းသောသူကလည်း၊ လွတ်လပ်သော အရပ် ရှေ့မှာ မြောက်ခန်းနှင့် တောင်ခန်းတို့သည် သန့်ရှင်း သောအခန်း၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည် အလွန်သန့်ရှင်းသောအရာများ ကို စားရသောအခန်းဖြစ်ကြ၏။ ထိုအရပ်သည် သန့်ရှင်း သောကြောင့်အလွန် သန့်ရှင်းသောအရာ၊ ဘောဇဉ်ပူဇော် သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို ထားရာအရပ်ဖြစ်၏။ | |
Ezek | BurJudso | 42:14 | ယဇ်ပုရောဟိတ်တို့သည် ဝင်သောအခါ အမှု တော်ဆောင် အဝတ်ကိုဝတ်လျက်၊ သန့်ရှင်းသောအရပ်မှ ပြင်တန်တိုင်သို့မထွက်ရ။ ထိုအဝတ်သန့်ရှင်းသောကြောင့် ချွတ်ထား၍အခြားသော အဝတ်ကို ဝတ်ပြီးမှ၊ လူများရှိရာ သို့ ထွက်သွားရကြမည်ဟု ငါ့အားပြောဆို၏။ | |