I PETER
Chapter 4
I Pe | BurCBCM | 4:1 | ထို့ကြောင့် ခရစ်တော်သည် ခန္ဓာကိုယ်အားဖြင့် ဒုက္ခဝေဒနာခံထမ်းတော်မူသဖြင့် သင်တို့သည် လည်း ဤကဲ့သို့ခံယူနိုင်ရန် မိမိတို့ကိုယ်ကို အသင့်ပြင် ထားကြလော့။ အကြောင်းမူကား ခန္ဓာကိုယ်အားဖြင့် ဒုက္ခဝေဒနာခံရသူတို့သည် အပြစ်မကောင်းမှုနှင့် အဆက် ဖြတ်ခဲ့ကြ၏။- | |
I Pe | BurCBCM | 4:2 | ဤသို့ဖြင့်သူတို့သည် ကျန်ရှိသောအချိန် ကာလအတွင်း လူတို့၏ရမ္မက်ဆန္ဒများဖြင့် အသက်မရှင် ဘဲ ဘုရားသခင်၏ အလိုတော်အားဖြင့်သာ အသက်ရှင် နိုင်ကြမည်ဖြစ်၏။- | |
I Pe | BurCBCM | 4:3 | လူမျိုးခြားတို့ပြုလုပ်သကဲ့သို့ အပျော်အပါးလွန်ကြူးခြင်း၊ သွေးသားတပ်မက်ခြင်း၊ အရက်သေ စာမူးယစ်ခြင်း၊ သောက်စားမြူးထူးခြင်းနှင့် သေရည်သောက်ပြိုင်ခြင်း၊ တရားမဲ့ရုပ်တုဆင်းတုကိုးကွယ်ခြင်း စသည်တို့ကို သင်တို့ကျူးလွန် ခဲ့သော အတိတ်ကာလ သည် ယခုတော်သင့်လေပြီ။- | |
I Pe | BurCBCM | 4:4 | ယခု သင်တို့သည် ထိုသူ တို့နှင့်အတူ ထိုကဲ့သို့လွန်ကျူးစွာပျော်ပါးခြင်း၌ မပါဝင် ကြသဖြင့် ထိုသူတို့သည် အံ့အားသင့်ကြ၍ သင်တို့ကို ထိခိုက်စော်ကားပြောဆိုကြ၏။- | |
I Pe | BurCBCM | 4:5 | သို့သော် သူတို့သည် ရှင်သူသေသူတို့ကို တရားစီရင်ရန် အဆင်သင့်ရှိတော် မူသောအရှင်ထံတော်၌ စစ်ဆေးစီရင်ခြင်း ခံကြရလိမ့်မည်။- | |
I Pe | BurCBCM | 4:6 | ဤအကြောင်းကြောင့် ဧဝံဂေလိတရားတော်အား သေလွန်ပြီးသောသူတို့ကိုပင်လျှင် ကြေညာဟောပြော ရခြင်းဖြစ်၏။ ဤသို့ပြုလုပ်ခြင်းဖြင့် ထိုသူတို့သည် ခန္ဓာကိုယ်၌ လူများကဲ့သို့ စီရင်ခြင်းခံကြရသော်လည်း ဝိညာဉ် ၌ ဘုရားသခင်ကဲ့သို့ အသက်ရှင်ကြလိမ့်မည်။ | |
I Pe | BurCBCM | 4:7 | အရာခပ်သိမ်းတို့၏အဆုံးသတ်ချိန်သည် ရောက်လုနီးလေပြီ။ ထို့ကြောင့် သင်တို့သည် ဆုတောင်းပတ္ထနာ ပြုနိုင်ကြရန် တည်ကြည်လေးနက်လျက် သတိဝီရိယရှိကြလော့။- | |
I Pe | BurCBCM | 4:8 | အထူးသဖြင့် သင်တို့အချင်းချင်း စွဲမြဲစွာချစ် ခင်လေးစားကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာ သည် များစွာသော အပြစ်တို့ကို ဖုံးလွှမ်းထားနိုင်သော ကြောင့်ဖြစ်၏။- | |
I Pe | BurCBCM | 4:10 | သင်တို့တစ်ဦးစီသည် ကျေးဇူးတော် ကိုရရှိကြသဖြင့် ဘုရားသခင်၏ကျေးဇူးတော်အမျိုးမျိုးကို စောင့်ရှောက်ထိန်းသိမ်း ရသည့် ကောင်းသောဘဏ္ဍာစိုး များကဲ့သို့ ထိုကျေးဇူးတော်ကို တစ်ဦးစီ၏အကျိုးအတွက် အသုံးပြုကြလော့။- | |
I Pe | BurCBCM | 4:11 | မည်သူမဆိုဟောပြောပါက ဘုရားသခင်၏ဗျာဒိတ်တော်ကိုဖွင့်ဆိုသကဲ့သို့ ဟောပြောပါစေ။ အမှုတော်၌ အစေခံသော သူသည်လည်း ဘုရားသခင်ပေးသနားတော်မူသော အားတန်ခိုးဖြင့် အစေခံသူကဲ့ သို့ဖြစ်ပါစေ။ ဤသို့ဖြင့် ဘုရားသခင်သည် ယေဇူးခရစ် တော်အားဖြင့် အရာခပ်သိမ်း၌ ဘုန်းဂုဏ်တော်ထင်ရှား လိမ့်မည်။ ကိုယ်တော်သည် ဘုန်းဂုဏ်တော်နှင့် တန်ခိုး အာနုဘော်တို့ကို ကာလအဆက်ဆက်စိုးပိုင်တော်မူပေ ၏။ အာမင်။ | |
I Pe | BurCBCM | 4:12 | ချစ်မိတ်ဆွေတို့၊ သင်တို့ကို စုံစမ်းရန် သင်တို့အပေါ် သို့ကျရောက်လာသောမီးဖြင့်စမ်းသပ်ခြင်းနှင့်ပတ်သက် ၍ သင်တို့၌ ထူးဆန်းသောအမှုဖြစ်ပျက်လျက်ရှိပြီဟူ၍ အံ့ဩခြင်းမရှိကြနှင့်။- | |
I Pe | BurCBCM | 4:13 | သို့ရာတွင် သင်တို့သည် ခရစ်တော်၏ဒုက္ခဝေဒနာကို မျှဝေခံစားကြရသောကြောင့် ဝမ်းမြောက်ကြလော့။ ဤသို့ဖြင့် ကိုယ်တော်၏ဘုန်း ဂုဏ်တော်ထင်ရှားသောအခါ သင်တို့သည်လည်း ဝမ်း မြောက်ပျော်ရွှင်ကြရပေလိမ့်မည်။- | |
I Pe | BurCBCM | 4:14 | သင်တို့သည် ခရစ်တော်၏နာမတော်ကြောင့် ထိခိုက်စော်ကားခြင်းခံကြရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့်ပြည့်စုံသောဝိညာဉ်တော်သည် သင် တို့၌ ကိန်းဝပ်တော်မူသောကြောင့်ဖြစ်၏။- | |
I Pe | BurCBCM | 4:15 | သင်တို့တွင် မည်သူတစ်ဦးတစ်ယောက်မျှ လူသတ်သမားအဖြစ် လည်းကောင်း၊ သူခိုးအဖြစ်လည်းကောင်း၊ ဒုစရိုက်သားနှင့် သူတစ်ပါးကို ဒုက္ခပေးတတ်သူအဖြစ်လည်းကောင်း ဒုက္ခမခံရပါစေနှင့်။- | |
I Pe | BurCBCM | 4:16 | သို့သော်လည်း တစ်စုံတစ်ဦးသည် ခရစ်ယာန်အဖြစ် ဒုက္ခဆင်းရဲခံရပါက ရှက်ကြောက်ခြင်း မရှိစေနှင့်။ သူသည် ထိုနာမတော်အားဖြင့် ဘုရားသခင်၏ဘုန်းဂုဏ်တော်ကိုချီးမွမ်းပါစေ။- | |
I Pe | BurCBCM | 4:17 | အကြောင်းမူကား ဘုရားသခင်၏အိမ်တော်မှစတင်၍ တရားစီရင်မည့်အချိန်သည် ကျရောက်လာလေပြီ။ တရားစီရင်ခြင်းသည် ငါတို့ နှင့်စတင်ပါလျှင် ဘုရားသခင်၏ဧဝံဂေလိတရားတော်ကို မယုံကြည်သောသူတို့၏နိဂုံးသည် မည်သို့ဖြစ်မည် နည်း။- | |
I Pe | BurCBCM | 4:18 | ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းခံရရန် ခက်ခဲပါလျှင် ဘုရားတရားမဲ့သူတို့နှင့် အပြစ်ရှိသူတို့သည် မည်သည့်အရပ်သို့ သွားကြရမည်နည်း။- | |