I SAMUEL
Chapter 9
I Sa | BurJudso | 9:1 | ဗင်္ယာမိန်အမျိုးသား အာဖိ၊ ဗေခေါရတ်၊ ဇေရော်၊ အဗျေလမှ ဆင်းသက်၍ ကိရှအမည်ရှိသော ဗင်္ယာမိန် အမျိုးသားတယောက် ရှိ၏။ သူသည်အလွန် ခွန်အားကြီးသောသူဖြစ်၏။ | |
I Sa | BurJudso | 9:2 | ထိုသူ၌ ရှောလုအမည်ရှိသော သားတယောက်ရှိ၏။ ထိုသားသည် အဆင်းလှ၍ ထူးဆန်းသော သူဖြစ်၏။ ဣသရေလအမျိုးသားတို့တွင် ထိုသူထက်သာ၍ အဆင်းလှသော သူတယောက်မျှ မရှိ။ သူသည် အခြားသောသူထက် ပခုံးအထက်မှာ အရပ်သာ၍ မြင့်၏။ | |
I Sa | BurJudso | 9:3 | ရှောလုအဘကိရှ၏ မြည်းတို့သည် ပျောက်သောကြောင့်၊ ကိရှက၊ သင်သည် ငယ်သားတယောက်ကို ခေါ်၍ မြည်းတို့ကို ရှာအံ့သောငှါ ထသွားလော့ဟု မိမိသား ရှောလုအားဆိုသည်အတိုင်း၊ | |
I Sa | BurJudso | 9:4 | သူတို့သည် ဧဖရိမ်တောင်အရပ်နှင့် ရှလိရှအရပ်တရှောက်လုံး၌ ရှာ၍ မတွေ့လျှင်၊ တဖန် ရှာလိမ် အရပ်မှသည် ဗင်္ယာမိန်အရပ်များ တရှောက်လုံး၌ မတွေ့။ | |
I Sa | BurJudso | 9:5 | ဇုဖအရပ်သို့ ရောက်သောအခါ၊ ရှောလုက၊ ပြန်ကြစို့။ သို့မဟုတ် အဘသည် မြည်းတို့ကြောင့် မစိုးရိမ်၊ ငါတို့ကြောင့် စိုးရိမ်လိမ့်မည်ဟု ငယ်သားကို ပြောဆိုလျှင်၊ | |
I Sa | BurJudso | 9:6 | ငယ်သားက၊ ဤမြို့၌ အသရေ ထင်ရှားသော ဘုရားသခင်၏ လူတယောက်ရှိ၏။ သူပြောသမျှသော စကားသည် ဧကန်အမှန် ပြည့်စုံတတ်၏။ သူ့ထံသို့ သွားကြစို့။ ငါတို့ သွားရသောလမ်းကို သူပြကောင်း ပြလိမ့်မည်ဟု ဆို၏။ | |
I Sa | BurJudso | 9:7 | ရှောလုကလည်း၊ သွားလျှင် အဘယ်အရာကို လှူရမည်နည်း။ ငါတို့၌ပါသော မုန့်ကုန်ပြီ။ ဘုရား သခင်၏ လူကို လှူစရာ အလှူတစုံတခုမျှ မရှိ။ ငါတို့၌ တစုံတခုရှိသေးသလောဟု ငယ်သားအား မေးသော်၊ | |
I Sa | BurJudso | 9:8 | ငယ်သားက၊ ကျွန်တော်လက်၌ ငွေတမတ်ရှိပါ၏။ ငါတို့ကို လမ်းပြသည်အတွက် ဘုရားသခင်၏ လူအား ပေးပါမည်ဟု ရှောလုအား ပြန်ပြော၏။ | |
I Sa | BurJudso | 9:9 | ရှေးကာလ၌ ဣသရေလအမျိုးသားတို့သည် ဘုရားသခင်ကို မေးမြန်းခြင်းငှါ သွားမည်ဟု အကြံရှိ လျှင်၊ မြင်သောသူထံသို့ သွားကြစို့ဟု ဆိုတတ်ကြ၏။ ပရောဖက်ဟူ၍ ခေါ်ဝေါ်သောသူကို ရှေး ကာလ၌ မြင်သောသူဟူ၍ ခေါ်ဝေါ်ကြသတည်း။ | |
I Sa | BurJudso | 9:10 | ရှောလုကလည်း၊ ကောင်းပြီသွားကြစို့ဟု ငယ်သားအား ဆိုလျက်၊ ဘုရားသခင်၏ လူရှိရာမြို့သို့ သွားကြ၏။ | |
I Sa | BurJudso | 9:11 | မြို့ပြင်ကုန်းပေါ်သို့ ရောက်သောအခါ၊ ရေခပ်လာသော မိန်းမပျိုတို့ကို တွေ့၍၊ ဤအရပ်၌ မြင်သောသူ ရှိသလောဟု မေးသော်၊- | |
I Sa | BurJudso | 9:12 | ရှိပါ၏။ သင်တို့ရှေ့မှာ ရှိပါ၏။ အလျင်အမြန်သွားတော့။ မြင်သောသူသည် ဤမြို့သို့ ယနေ့လာပြီ။ လူများ တို့သည် မြင့်သောအရပ်၌ ယနေ့ယဇ်ပွဲကို ဆောင်ကြ၏။ | |
I Sa | BurJudso | 9:13 | ဆရာသည် မြင့်သောအရပ်၌ ယဇ်သားကို စားအံ့သောငှါ မတက်မှီ သင်တို့သည် မြို့ထဲသို့ဝင်လျှင် ချက်ခြင်း တွေ့လိမ့်မည်။ သူမရောက်မီ လူများတို့သည် မစားတတ်ကြ။ သူသည် ယဇ်ပွဲ၌ ဘုရားဝတ်ကို ပြုတတ်၏။ ဝတ်ပြုပြီးမှ ခေါ်ဘိတ်သော သူတို့သည် စားတတ်ကြ၏။ ယခုမှာ သွားလျှင် တွေ့ကြလိမ့် မည်ဟု ပြန်ပြောသည်နှင့်အညီ၊ | |
I Sa | BurJudso | 9:14 | သူတို့သည် မြို့ထဲသို့ဝင်၍ ရှမွေလသည် မြင့်သောအရပ်သို့ တက်သွားလျက် သူတို့ကို ဆီး၍ ကြိုလေ၏။ | |
I Sa | BurJudso | 9:16 | ဤအချိန်၌ ဗင်္ယာမိန်ပြည်မှ လူတယောက်ကို သင်ရှိရာသို့ ငါစေလွှတ်မည်။ သင်သည် ထိုသူကို ငါ၏လူ ဣသရေလအမျိုး၏ မင်းအရာ၌ ခန့်ထား၍ ဆီလောင်းခြင်းဘိသိက်ကို ပေးရမည်။ သူသည် ငါ၏ လူတို့ကို ဖိလိတ္တိ လူတို့လက်မှ ကယ်တင်ရလိမ့်မည်။ ငါသည် သူတို့အော်ဟစ်သံကိုကြား၍၊ သူတို့ကို ကြည့်ရှုသည်ဟု ရှမွေလနားအပါး၌ မိန့်တော်မူနှင့်ပြီ။ | |
I Sa | BurJudso | 9:17 | ရှမွေလသည် ရှောလုကို မြင်သောအခါ၊ ထာဝရဘုရားက၊ ငါပြောသောသူကို ကြည့်လော့၊ ဤသူ သည် ငါ၏ လူတို့ကို အုပ်ချုပ်ရလိမ့်မည်ဟု မိန့်တော်မူ၏။ | |
I Sa | BurJudso | 9:18 | ထိုအခါ ရှောလုသည် ရှမွေလရှိရာ တံခါးဝသို့ ချဉ်းကပ်လျှင်၊ မြင်သောသူ၏အိမ်ကို ပြပါလော့ဟု တောင်းပန်သော်၊- | |
I Sa | BurJudso | 9:19 | ရှမွေလက၊ ငါသည် မြင်သောသူ ဖြစ်၏။ ငါ့ရှေ့မှာ မြင့်သောအရပ်သို့ တက်သွားလော့။ ယနေ့ ငါနှင့်အတူ စားရမည်။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်။ သင့်စိတ်နှလုံးထဲမှာ ရှိသမျှကိုလည်း ငါဘော်ပြမည်။ | |
I Sa | BurJudso | 9:20 | တမြန်နေ့က ပျောက်သော သင်၏ မြည်းတို့ကို မအောက်မေ့နှင့် တွေ့လျက်ရှိပြီ။ ဣသရေလအမျိုး သည် အဘယ်သူကို အလိုရှိသနည်း။ သင်နှင့် သင်၏ အဆွေအမျိုးအပေါင်းကို အလိုရှိသည် မဟုတ် လောဟု ရှောလုအား ပြောဆို၏။ | |
I Sa | BurJudso | 9:21 | ရှောလုကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးတို့တွင် အငယ်ဆုံးသောအမျိုး၊ ဗင်္ယာမိန် အမျိုး သားဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ်အဆွေအမျိုးသည် ဗင်္ယာမိန်အဆွေအမျိုး အပေါင်းတို့တွင် အငယ်ဆုံးဖြစ်ပါသည် မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ်အား အဘယ်ကြောင့် ဤသို့ ပြောပါသနည်းဟု လျှောက်လေ၏။ | |
I Sa | BurJudso | 9:22 | ထိုအခါ ရှမွေလသည် ရှောလုနှင့် သူ၏ငယ်သားကိုခေါ်၍ အိမ်ခန်းထဲသို့ သွင်းပြီးလျှင်၊ ခေါ်ဘိတ်သော သူ သုံးဆယ်တို့တွင် အမြတ်ဆုံးသော အရပ်၌ ထိုင်စေ၏။ | |
I Sa | BurJudso | 9:23 | ပွဲသူကြီးကိုလည်းခေါ်ပြီးလျှင်၊ သင်၌ ငါအပ်ပေး၍ အခြားစီထားစေခြင်းငှါ၊ ငါမှာခဲ့သောအဘို့ကို ယူခဲ့တော့ဟု ဆိုသည်အတိုင်း၊ | |
I Sa | BurJudso | 9:24 | ပွဲသူကြီးသည် ပခုံးနှင့် ပခုံးပေါ်မှာ ခင်းသောအရာကိုယူ၍ ရှောလုရှေ့မှာထားလေ၏။ ရှမွေလက လည်း၊ ချန်ထားသောအရာကို ယူ၍ စားတော့။ ခေါ်ဘိတ်သော သူတို့အား ပြောနှင့်သည်အတိုင်း သင့်အဘို့ ယခုတိုင်အောင် သိုထားလျက်ရှိပြီဟု ဆို၍ ထိုနေ့၌ ရှောလုသည် ရှမွေလနှင့်အတူ စား သောက်လေ၏။ | |
I Sa | BurJudso | 9:25 | ထိုသူတို့သည် မြင့်သောအရပ်မှဆင်း၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ ရှမွေလနှင့်ရှောလုတို့သည် အိမ်မိုးပေါ် မှာ စကားပြောလျက် နေကြ၏။ | |
I Sa | BurJudso | 9:26 | နံနက်စောစောထ၍ မိုဃ်းလင်းသောအခါ၊ ရှမွေလက၊ ထလော့။ သင့်ကို ငါလွှတ်လိုက်မည်ဟု ရှော လုကို အိမ်မိုးပေါ်မှာ ခေါ်ပြီးလျှင်၊ ရှောလုသည် ထ၍ ထိုသူနှစ်ယောက်တို့သည် ထွက်သွားကြ၏။ | |