I THESSALONIANS
Chapter 2
I Th | BurCBCM | 2:1 | ညီအစ်ကိုတို့၊ သင်တို့ထံသို့ ငါတို့လာရောက်ခြင်းသည် အကျိုးမဲ့မဖြစ်ခဲ့ကြောင်းကို သင်တို့ကိုယ်တိုင်သိကြ၏။- | |
I Th | BurCBCM | 2:2 | သင်တို့သိကြသည့်အတိုင်း ငါတို့သည် ဖိလိပိမြို့တွင် ဆင်းရဲဒုက္ခနှင့် အရှက်တကွဲရှုတ်ချခြင်းကို ခံခဲ့ကြရသော်လည်း ကြီးစွာသော ဆန့်ကျင်ခြင်းကို ရင်ဆိုင်လျက် ဘုရားသခင်၏ ဧဝံဂေလိတရားတော်ကို သင်တို့အား ဟောပြောရန် ရဲစွမ်းသတ္တိကို ငါတို့၏ ဘုရားသခင်ထံတော်မှရရှိခဲ့ကြ၏။- | |
I Th | BurCBCM | 2:3 | အကြောင်းမူကား ငါတို့၏ နှိုးဆော်ဟောပြောခြင်းသည် လွဲမှားသောစိတ်၊ သို့မဟုတ် မသမာသောရည်ရွယ်ချက်၊ သို့မဟုတ် လိမ်လည်လှည့်ဖြားခြင်းတို့မှ ထွက်ပေါ်လာသည်မဟုတ်။- | |
I Th | BurCBCM | 2:4 | ဘုရားသခင်သည် ငါတို့အား ဧဝံဂေလိသတင်းကောင်းကို ဟောပြောရန် ထိုက်တန်သူများအဖြစ် သတ်မှတ်အတည်ပြု တော်မူသည့်အတိုင်း ငါတို့သည်လည်း လူတို့ကျေနပ်နှစ်သက်စေရန်မဟုတ်ဘဲ ငါတို့၏စိတ်နှလုံးကို စစ်ဆေးတော်မူသော ဘုရားသခင်ကျေနပ်နှစ်သက်စေရန် ကြေညာဟောပြောကြ၏။- | |
I Th | BurCBCM | 2:5 | အကြောင်းမူကား သင်တို့သိကြသည့်အတိုင်း ငါတို့သည် မြှောက်ပင့်စကားများကို မည်သည့်အခါမျှပြောဆိုခဲ့ခြင်းမရှိသကဲ့သို့ လောဘစိတ်အတွက် ဟန်ဆောင်ပြုမူခဲ့ခြင်းလည်းမရှိသည်ကို ဘုရားသခင်သိတော်မူ၏။- | |
I Th | BurCBCM | 2:6 | ထို့အတူ ငါတို့သည် ခရစ်တော်၏ တမန်တော်များအနေဖြင့် သင်တို့ထံမှ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း လူတို့၏ချီးမွမ်းဂုဏ်ပြုခြင်းကို သင်တို့ထံမှသော်လည်းကောင်း၊ အခြားသူများထံမှသော်လည်းကောင်း မရှာဖွေခဲ့ကြပေ။- | |
I Th | BurCBCM | 2:7 | သို့သော် မိခင်သည် မိမိ၏သားသမီးများကို ပြုစုစောင့်ရှောက်သကဲ့သို့ ငါတို့သည်လည်း သင်တို့နှင့်အတူရှိစဉ်အခါက နူးညံ့သိမ်မွေ့စွာ ပြုမူခဲ့ကြ၏။- | |
I Th | BurCBCM | 2:8 | ဤသို့ဖြင့် ငါတို့သည် သင်တို့ကို အလွန်ချစ်ခင်နှစ်သက်ကြသောကြောင့် ဘုရားသခင်၏ ဧဝံဂေလိတရားတော်ကိုသာမက ငါတို့၏အသက်ကိုပင် ဝေမျှပေးရန် အဆင်သင့်ရှိခဲ့ကြ၏။ အကြောင်းမူကား သင်တို့သည် ငါတို့အတွက် အလွန်ပင် ချစ်ဖွယ်ကောင်းသောသူများ ဖြစ်လာခဲ့ကြသောကြောင့်တည်း။ | |
I Th | BurCBCM | 2:9 | ညီအစ်ကိုတို့၊ သင်တို့သည် ငါတို့ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့ကြသည်ကို သတိရကြ၏။ ငါတို့သည် သင်တို့အား ဘုရားသခင်၏ ဧဝံဂေလိတရားတော်ကို ဟောပြောခဲ့ကြစဉ်တွင် သင်တို့ထဲမှ မည်သူ့အပေါ်မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါ အလုပ်လုပ်ကိုင်ခဲ့ကြ၏။- | |
I Th | BurCBCM | 2:10 | ငါတို့သည် ယုံကြည်သူများဖြစ်ကြသော သင်တို့အပေါ် တရားမျှတ၍ အပြစ်ဆိုဖွယ်မရှိရလေအောင် ဖြောင့်မှန်စွာ ပြုမူကျင့်ကြံခဲ့ကြကြောင်းကို သင်တို့မျက်မြင်ပင်ဖြစ်၍ ဘုရားသခင်သည်လည်း သက်သေဖြစ်တော်မူ၏။- | |
I Th | BurCBCM | 2:11 | ဖခင်တစ်ဦးက မိမိ၏သားသမီးတို့အပေါ်တွင် ဆက်ဆံသကဲ့သို့ သင်တို့တစ်ဦးစီကို ငါတို့ဆက်ဆံခဲ့၏။- | |
I Th | BurCBCM | 2:12 | သင်တို့အား မိမိ၏နိုင်ငံတော်နှင့် ဘုန်းဂုဏ်တော်သို့ ခေါ်ဆောင်တော်မူသည့် ဘုရားသခင်နှင့် ထိုက်တန်သောဘ၀အသက် တာကို လျှောက်လှမ်းကြရန် ငါတို့သည် သင်တို့ကို အားပေးတိုက်တွန်း၍ မှာကြားခဲ့ကြ၏။ | |
I Th | BurCBCM | 2:13 | သင်တို့သည် ငါတို့ထံမှ ကြားနာခဲ့ကြသော ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ခံယူခဲ့ကြသောအခါ လူတို့၏ စကားအဖြစ် ခံယူခဲ့ခြင်းမဟုတ်ဘဲ ၎င်း၏ပကတိအဖြစ်အတိုင်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားကဲ့သို့ ခံယူခဲ့ကြခြင်း ဖြစ်၏။ ထိုနှုတ်တော်ထွက်စကားသည် ယုံကြည်သူဖြစ်သော သင်တို့၌ ထူးခြားစွာလုပ်ဆောင်လျက်ရှိ၏။ ထို့အတွက်ကြောင့် ငါတို့သည် ဘုရားသခင်ကို အစဉ်မပြတ်ကျေးဇူးတင်ချီးမွမ်းကြပါ၏။- | |
I Th | BurCBCM | 2:14 | ညီအစ်ကိုတို့၊ သင်တို့သည် ခရစ်တော်ယေဇူး၌ တည်ရှိသော ဂျူဒေးယပြည်ရှိ ဘုရားသခင်၏ အသင်းတော်များကို အတုယူ သောသူများဖြစ်ခဲ့ကြ၏။ အကြောင်းမူကား သူတို့သည် ဂျူးလူမျိုးများ၏လက်တွင် ဆင်းရဲဒုက္ခခံစားခဲ့ကြသကဲ့သို့ သင်တို့သည်လည်း သင်တို့၏လူမျိုးများလက်တွင် ထိုနည်းအတိုင်း ခံစားခဲ့ကြရသောကြောင့်ဖြစ်၏။- | |
I Th | BurCBCM | 2:15 | ဂျူးလူမျိုးတို့သည် ယေဇူးသခင်နှင့် ပရောဖက်တို့ကို သတ်ဖြတ်၍ ငါတို့ကိုလည်း ညှဉ်းပန်းနှိပ်စက်ခဲ့ကြသဖြင့် သူတို့သည် ဘုရားသခင်မနှစ်သက်ရာကို ပြုမူခဲ့ကြသည့်အပြင် လူအပေါင်းတို့ကိုလည်း ဆန့်ကျင်ရန်ပြုခဲ့ကြလေပြီ။- | |
I Th | BurCBCM | 2:16 | အဘယ်ကြောင့်ဆိုသော် လူမျိုးခြားတို့ ကယ်တင်ခြင်းခံရစေရန် သူတို့အား ငါတို့ဟောပြောကြသည်ကို ထိုသူတို့က ပိတ်ပင်တားမြစ်ကြ၏။ ဤသို့ဖြင့် သူတို့သည် မိမိတို့၏ အပြစ်မကောင်းမှုပမာဏကို အစဉ်အမြဲတိုးပွားစေကြ၏။ သို့သော် ဘုရားသခင်၏ အမျက်တော်သည် နောက် ဆုံး၌ သူတို့အပေါ်သက်ရောက်လေပြီ။ | |
I Th | BurCBCM | 2:17 | ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့နှင့် စိတ်နှလုံး၌ ကွဲကွာသည်မဟုတ်ဘဲ ကိုယ်ကာယအားဖြင့်သာ ခေတ္တခဏမျှ ဝေးကွာနေရသော်လည်း သင်တို့ကို နောက်တစ်ဖန် မြင်လိုသော ဆန္ဒပြင်းပြလှ၍ ပြန်တွေ့နိုင်ရန် ငါတို့ကြိုးစားခဲ့ကြ၏။- | |
I Th | BurCBCM | 2:18 | ငါတို့သည် သင်တို့ထံသို့ လာရောက်လိုသောကြောင့် ငါပေါလုသည် ထပ်ခါထပ်ခါကြိုးစားခဲ့သော်လည်း နတ်ဆိုးသည် ငါတို့ကိုတားဆီးခဲ့၏။- | |
I Th | BurCBCM | 2:19 | ငါတို့၏သခင် ယေဇူးကြွလာတော်မူသောအခါ ငါတို့မျှော်လင့်ရာ၊ ဝမ်းမြောက်ရာနှင့် ငါတို့ကြွားဝါရမည့်သရဖူကား မည်သည့်အရာဖြစ်မည်နည်း။ ယင်းသည်ကား သင်တို့ပင် မဟုတ်ပါလော။- | |