Site uses cookies to provide basic functionality.

OK
II CHRONICLES
Prev Up Next
Chapter 11
II C BurJudso 11:1  ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက် သောအခါ၊ ဣသရေလအမျိုးကို စစ်တိုက်၍၊ နိုင်ငံတော် ကို ရောဗောင်လက်သို့ ရောက်ပြန်စေခြင်းငှါ၊ ယုဒအမျိုး နှင့် ဗင်္ယာမိန်အမျိုးထဲက ရွေးချယ်သော စစ်သူရဲတသိန်း ရှစ်သောင်းတို့ကို စုဝေးစေ၏။
II C BurJudso 11:2  သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် သည် ဘုရားသခင်၏လူရှေမာယသို့ရောက်၍၊
II C BurJudso 11:3  သင်သည် ရှောလမုန်သား ယုဒရှင်ဘုရင် ရော ဗောင်နှင့်ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်၌ရှိသော ဣသရေလ လူအပေါင်းတို့အား ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊
II C BurJudso 11:4  သင်တို့ညီအစ်ကိုတို့ကို စစ်တိုက်ခြင်းငှါ ချီ၍ မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွား ကြလော့။ ဤအမှုကိုငါစီရင်ပြီဟု မိန့်တော်မူသော ထာဝရဘုရား၏ စကားတော်ကိုနားထောင်၍၊ ယေရော ဗောင်ကို စစ်မချီ၊ ပြန်သွားကြ၏။
II C BurJudso 11:5  ရောဗောင်သည် ယေရုရှလင်မြို့၌နေ၍၊ ယုဒပြည် ၌ ခိုင်ခံ့သောမြို့ တို့ကိုပြုစုရာတွင်၊
II C BurJudso 11:6  ဗက်လင်မြို့၊ ဧတံမြို့၊ တေကောမြို့၊
II C BurJudso 11:7  ဗက်ဇုရမြို့၊ ရှောကောမြို့၊ အဒုလံမြို့၊
II C BurJudso 11:8  ဂါသမြို့၊ မရေရှမြို့၊ ဇိဖမြို့၊
II C BurJudso 11:9  အဒေါရိမ်မြို့၊ လာခိရှမြို့၊ အဇေကာမြို့၊
II C BurJudso 11:10  ဇောရာမြို့၊ အာဇလုန်မြို့၊ ဟေဗြုန်မြို့တည်း ဟူသော ယုဒခရိုင် နှင့်ဗင်္ယာမိန်ခရိုင်တွင် ခိုင်ခံ့သော မြို့တို့ကို ပြုစုလေ၏။
II C BurJudso 11:11  ရဲတိုက်များကိုလည်း ခိုင်ခံ့စေ၍၊ အကြီးအကဲ နှင့်တကွ ဆီ၊ စပျစ်ရည်များ၊ ရိက္ခာများကို သိုထားလေ၏။
II C BurJudso 11:12  ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသည် အမှုတော် ကို ထမ်းရွက်သောကြောင့်၊ မြို့အသီးအသီးတို့၌ ဒိုင်းလွှား လှံလက်နက်များကို ထား၍ အလွန်ခိုင်ခံ့စေ၏။
II C BurJudso 11:13  ဣသရေလပြည် အရပ်ရပ်၌ရှိသော ယဇ် ပုရောဟိတ်လေဝိသားတို့သည်၊ မိမိတို့နေရာမှ အထံတော် သို့လာကြ၏။
II C BurJudso 11:14  လေဝိသားတို့သည်၊ မိမိတို့နေရာဖြစ်သော ပိုင်ထိုက်ရာအရပ်ကို စွန့်၍၊ ယုဒပြည်ယေရုရှင်မြို့သို့ ရောက်လာသောအကြောင်းဟူမူကား၊ ယေရောဗောင်နှင့် သူ၏သားတို့သည်၊ လေဝိသားတို့ကို ထာဝရဘုရား ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို စောင့်ရသောအရာမှ ချ၍၊
II C BurJudso 11:15  မြင့်သောအရပ်၊ နတ်ဆိုး၊ မိမိလုပ်သော နွား သငယ်တို့အဘို့၊ ယဇ်ပုရောဟိတ်တို့ကို ခန့်ထားသတည်း။
II C BurJudso 11:16  ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို ရှာလိုသောငှါ၊ သဘောချသော သူတို့သည်လည်း၊ ဣသရေလခရိုင်များထဲက ထွက်၍၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်အံ့သောငှါ၊ လေဝိသားတို့နောက်သို့လိုက်၍၊ ယေရုရှလင်မြို့သို့ ရောက်လာကြ၏။
II C BurJudso 11:17  ထိုသူတို့သည် ယုဒနိုင်ငံကို အားပေး၍ ရှော လမုန်သား ရောဗောင်ကို သုံးနှစ်ပတ်လုံးခိုင်ခံ့စေကြ၏။ သုံးနှစ်ပတ်လုံး ဒါဝိဒ်လမ်း၊ ရှောလမုန်လမ်းသို့ လိုက်ကြ ၏။
II C BurJudso 11:18  ရောဗောင်သည်လည်း ဒါဝိဒ်သား ယေရိမုတ် သမီး မဟာလတ်၊ ယေရှဲသား ဧလျာဘသမီး အဘိဟဲလ နှင့်စုံဘက်၍၊
II C BurJudso 11:19  ယုရှ၊ ရှမာရိ၊ ဇာဟံ၊ သားသုံးယောက်တို့ကို မြင်ရ၏။
II C BurJudso 11:20  ထိုနောက်၊ အဗရှလုံသမီးမာခါနှင့်စုံဘက်၍ အဘိယ၊ အတ္တဲ၊ ဇိဇ၊ ရှေလောမိတ်တို့ကို မြင်ရ၏။
II C BurJudso 11:21  ရောဗောင်သည် ခင်ပွန်းတဆယ်ရှစ်ယောက်၊ ဗမာင်းမမိဿံ ခြောက်ဆယ်တို့ကို သိမ်းယူ၍၊ သားနှစ် ဆယ်ရှစ်ယောက်၊ သမီးခြောက်ဆယ်တို့ကို ရသည်တွင်၊ အဗရှလုံသမီးမာခါကို အခြားသောခင်ပွန်း မောင်းမ မိဿံအပေါင်းတို့ထက်သာ၍ ချစ်သောကြောင့်၊
II C BurJudso 11:22  မာခါ၏ သားအဘိယကို ရှင်ဘုရင်အရာ၌ ခန့် ထားမည်အကြံရှိ၍၊ ညီအစ်ကိုတို့တွင်၊ အကြီးဆုံးဖြစ်စေ ခြင်းငှါ ချီးမြှောက်လေ၏။
II C BurJudso 11:23  ပညာသတိနှင့်စီရင်၍၊ ယုဒခရိုင်ဗင်္ယာမိန်ခရိုင် အရပ်ရပ်တို့တွင်၊ ခိုင်ခံ့သောမြို့ရှိသမျှတို့၌၊ မိမိသားတို့ကို အနှံ့အပြားနေရာချ၍၊ များစွာသောရိက္ခာကို သိုထား၏။ မယားများတို့ကို အလိုရှိ၏။