Site uses cookies to provide basic functionality.

OK
II CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13
Prev Up Next Toggle notes
Chapter 4
II C BurJudso 4:1  ထိုကြောင့်ငါတို့သည် ထိုသို့သောတရား၏ အမှုကိုဆောင်ရွက် သောသူဖြစ်၍၊ ကရုဏာကျေးဇူးတော် ကို ခံရသည်နှင့်အညီ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။
II C BurJudso 4:2  ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဘွယ်သော အမှုများကိုပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို တိမ်ဝှက်မှောက်လှန်ခြင်းမရှိ။ သမ္မာတရားကိုအတည့်အလင်း ဘော်ပြ၍၊ ဘုရား သခင့်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်အထင်အတိုင်း ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။
II C BurJudso 4:3  ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင်၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့အားသာဖုံးအုပ်လျက်ရှိ၏။
II C BurJudso 4:4  ထိုသို့မယုံကြည်သောသူတိုကား၊ ဘုရားသခင်၏ ပုံသဏ္ဌာန်တော် တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသော ဘုရားသည်သူတို့၏ ဉာဏ်မျက်စိကို ကွယ်စေ၏။
II C BurJudso 4:5  ငါတို့သည်ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်း ကို၎င်း၊ ငါတို့သည်ယေရှုအတွက် သင်တို့၏ ကျွန်ဖြစ်ကြောင်းကို၎င်း ဟောပြောကြ၏။
II C BurJudso 4:6  မှောင်မိုက်ထဲက အလင်းထွန်းလင်းမည်အကြောင်း မိန့်တော်မူသောဘုရားသခင်သည်၊ ယေရှုခရစ်၏ မျက်နှာ၌ထွန်းလင်းသော ဘုရားသခင်၏ ဘုန်းတော်ကိုသိသော ဉာဏ်၏အရောင်ကိုပေးလိုသောငှါ၊ ငါတို့စိတ်နှလုံးထဲ၌ အလင်းကို ထွန်းလင်းစေတော်မူ၏။
II C BurJudso 4:7  သို့သော်လည်း တန်ခိုးတော်၏ဂုဏ်သရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည်မြေအိုးထဲမှာ ထည့်ထားလျက်ငါတို့၌ရှိ၏။
II C BurJudso 4:8  ငါတို့သည်အမျိုးမျိုးသော နှောင့်ရှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည် နိုင်အောင်ရှိသော်လည်း စိတ်မပျက်။
II C BurJudso 4:9  ညှင်းဆဲခြင်းကိုခံရသော်လည်းဆုံးရှုံးခြင်းမရှိ။ အောက်သို့ လှဲခြင်းကိုခံရသော်လည်းဆုံးရာသို့မရောက်။
II C BurJudso 4:10  သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်းကို ငါတို့ကိုယ်ခန္ဓာ၌ ထင်ရှားစေခြင်းငှါ။ ယေရှု၏ သေတော်မူခြင်းကိုအစဉ်မပြတ်ငါတို့၏ ကိုယ်ခန္ဓာ၌ ဆောင်ရကြ၏။
II C BurJudso 4:11  အဘယ်သို့နည်းဟူမူကား၊ ယေရှုသည်အသက်ရှင်တော်မူကြောင်းကို၊ ငါတို့၏သေတတ်သော ခန္ဓာကိုယ်၌ ထင်ရှားစေခြင်းငှါ၊ ငါတို့သည်အသက်ရှင်စဉ်တွင် ယေရှုကြောင့်သေခြင်းလက်သို့ အစဉ်အပ်နှံခြင်း ကို ခံရကြ၏။
II C BurJudso 4:12  သို့ဖြစ်၍သေခြင်းတရားသည် ငါတို့၌ပြုပြင်တတ်၏။ သင်တို့၌ကား၊ အသက်ရှင်ခြင်းတရားသည် ပြုပြင်တတ်၏။
II C BurJudso 4:13  ထိုသို့သောယုံကြည်ခြင်းစိတ်ရှိသည်ဖြစ်၍၊ ငါသည်ယုံကြည် သောကြောင့် မြွတ်ဆို၏ဟု ကျမ်းစာလာ သည်နှင့်အညီ၊ ငါတို့သည် ယုံကြည်ခြင်းစိတ်ရှိသောကြောင့် မြွတ်ဆိုဟောပြောကြ၏။
II C BurJudso 4:14  သခင်ယေရှုကို ထမြောက်စေတော်မူသောသူသည် ယေရှုအားဖြင့်ငါတို့ကိုလည်း ထမြောက်စေ၍၊ သင်တို့နှင့်အတူအထံတော်၌ သွင်းတော်မူမည်ဟု ငါတို့သိကြ၏။
II C BurJudso 4:15  အများသောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်းသည်နှင့်၊ ထိုကြွယ်ဝသောကျေးဇူးတော်သည် ဘုရားသခင်၏ ဘုန်းသရေတော်ကို ထင်ရှားစေမည် အကြောင်း၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ အလို့ငှါဖြစ်သတည်း။
II C BurJudso 4:16  ထိုကြောင့်ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း၊ အတွင်းလူမူကား တနေ့ထက်တနေ့ ပြုပြင်ခြင်းကိုခံရ၏။
II C BurJudso 4:17  အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။
II C BurJudso 4:18  အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။