JOSHUA
Chapter 4
Josh | BurJudso | 4:3 | သူတို့သည် ယော်ဒန်မြစ်အလယ်၊ ယဇ်ပုရော ဟိတ်တို့ မြဲမြံစွာနင်းရာ၊ ဤအရပ်ထဲက ကျောက်တဆယ် နှစ်လုံးကို ယူပြီးလျှင် ထမ်းသွား၍၊ ယနေ့ညဉ့်စားခန်းချ ရာအရပ်၌ ထားရမည်အကြောင်း ဆင့်ဆိုလော့ဟု ယောရှု အား မိန့်တော်မူသည်အတိုင်း၊ | |
Josh | BurJudso | 4:5 | သင်တို့ဘုရားသခင် ထာဝရဘုရား၏ သေတ္တာ တော်ရှေ့၊ ယော်ဒန်မြစ်အလယ်သို့ ကူးသွား၍၊ ဣသရေလ အမျိုးအရေအတွက်အတိုင်း၊ လူတယောက် ကျောက် တလုံးစီယူ၍ ထမ်းသွားကြလော့။ | |
Josh | BurJudso | 4:6 | သို့ပြုလျှင် သက်သေကို ရကြလိမ့်မည်။ နောင် ကာလ၌ သင်တို့၏ သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင်၊ | |
Josh | BurJudso | 4:7 | သင်တို့က၊ ထာဝရဘုရား၏ သေတ္တာတော်သည် ယော်ဒန်မြစ်ကို ကူးသောအခါ၊ သေတ္တာတော်ရှေ့မှာ မြစ်ရေပြတ်လေသည်ဟု ပြန်ပြောရကြမည်။ ထိုသို့ ဤကျောက်တို့သည် အစဉ်မပြတ် ဣသရေလအမျိုးသား အောက်မေ့စရာဘို့ ဖြစ်ကြလိမ့်မည်ဟု ယောရှုမှာထား သည်အတိုင်း၊ | |
Josh | BurJudso | 4:8 | ဣသရေလအမျိုးသားတို့သည် ပြုကြ၏။ ထာဝရဘုရားသည် ယောရှုအား မိန့်တော်မူသည်နှင့် အညီ၊ ဣသရေလအမျိုး အရေအတွက်အတိုင်း၊ ယော်ဒန် မြစ်ထဲက ကျောက်တဆယ်နှစ်လုံးကို ယူပြီးမှ၊ စားခန်းချ ရာအရပ်သို့ ထမ်းသွား၍ ထားကြ၏။ | |
Josh | BurJudso | 4:9 | တဖန်တုံ၊ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့နင်းရာအရပ် ယော်ဒန်မြစ်အလယ်၌ ကျောက်တဆယ်နှစ်လုံးကို ယောရှုသည် စိုက်ထား၍ ယနေ့တိုင်အောင် ရှိကြ၏။ | |
Josh | BurJudso | 4:10 | ယောရှုသည် မောရှေမှာထားသည်အတိုင်း၊ လူများတို့အား ဆင့်ဆိုစေခြင်းငှါ ထာဝရဘုရား မိန့်တော် မူသမျှတို့ကို အကုန်အစင်ပြုသည်တိုင်အောင် သေတ္တာ တော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန် မြစ်အလယ်၌ ရပ်နေကြ၏။ လူများတို့သည်လည်း ကြိုးစား၍ ကူးကြ၏။ | |
Josh | BurJudso | 4:11 | လူများအပေါင်းတို့သည် အကုန်အစင်ကူးကြပြီး မှ၊ ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ ယဇ်ပုရော ဟိတ်တို့သည် လူများမျက်မှောက်တွင် ကူးကြ၏။ | |
Josh | BurJudso | 4:12 | ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေ အမျိုး သားတဝက်တို့သည် မောရှေမှာခဲ့သည်အတိုင်း လက်နက် ကို စွဲကိုင်၍၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ကူးသွား ကြ၏။ | |
Josh | BurJudso | 4:13 | ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့် လေးသောင်းခန့်မျှရှိ၍၊ စစ်တိုက်ခြင်းငှါ ပြင်ဆင်လျက် ထာဝရဘုရားရှေ့တော်၌ ယေရိခေါလွင်ပြင်သို့ ကူးသွား ကြ၏။ | |
Josh | BurJudso | 4:14 | ထိုနေ့၌ ထာဝရဘုရားသည် ဣသရေလအမျိုး သားအပေါင်းတို့ရှေ့မှာ ယောရှုကို ချီးမြှင့်တော်မူ၍၊ သူတို့ သည် မောရှေကို ကြောက်ရွံ့သကဲ့သို့ ယောရှုကိုလည်း သူ၏အသက်တည်သည် ကာလပတ်လုံးကြောက်ရွံ့ကြ၏။ | |
Josh | BurJudso | 4:18 | ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကို ထမ်း သော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်အလယ်ထဲ က တက်လာ၍၊ ခြေဘဝါးတို့သည် ကုန်းကို နင်းမိကြ သောအခါ၊ ယော်ဒန်မြစ်ရေသည် မိမိနေရာသို့ ပြန်လာ၍၊ အရင်ကဲ့သို့ ကမ်းတရှောက်လုံးကို လျှံလျက်နေ၏။ | |
Josh | BurJudso | 4:19 | ပဌမလ၊ ဒသမ နေ့ရက်တွင်၊ လူများတို့သည် ယော်ဒန်မြစ်ထဲကတက်လာ၍၊ ယေရိခေါမြို့အရှေ့ဘက် နားမှာ၊ ဂိလဂါလအရပ်၌ တပ်ချကြ၏။ | |
Josh | BurJudso | 4:20 | ယော်ဒန်မြစ်ထဲက ထုတ်ယူသော ကျောက်တ ဆယ်နှစ်လုံးကို ယောရှုသည် ဂိလဂါလအရပ်၌ စိုက်ထား ၏။ | |
Josh | BurJudso | 4:21 | ဣသရေလအမျိုးသားတို့အားလည်း၊ နောင်ကာ လ၌ သင်တို့၏သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု အဘတို့အား မေးမြန်းလျှင်၊ | |
Josh | BurJudso | 4:22 | သင်တို့က၊ ဣသရေလလူတို့သည် မြေပေါ်မှာ ရှောက်သကဲ့သို့ ဤယော်ဒန်မြစ်ကို ကူးလာကြသည်ဟု သားသမီးတို့အား ကြားပြောရကြမည်။ | |
Josh | BurJudso | 4:23 | ထာဝရဘုရားသည် တန်ခိုးကြီးတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်းနှင့် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို သင်တို့သည် အစဉ်အမြဲ ကြောက်ရွံ့ရမည်အကြောင်း၊ ငါတို့သည် ဧဒုံပင်လယ်ကို ကူး၍ ကမ်းတဘက်သို့ မရောက်မှီတိုင် အောင်၊ | |