NAHUM
Chapter 3
Nahu | BurJudso | 3:1 | လူအသက်ကို သတ်တတ်သော မြို့၌အမင်္ဂလာ ဖြစ်စေသော၊ လှည့်စားခြင်း၊ အနိုင်အထက်ပြုခြင်းနှင့် ပြည့်ဝ၏။ ဘမ်းမိသောအရာကို မလွှတ်တတ်။ | |
Nahu | BurJudso | 3:3 | မြင်းစီးသူရဲသည် မီးတောက်သော ထား၊ လျှပ် စစ်ပြက်သော လှံကိုချီလျက်၊ တိုက်သောသူရဲအများနှင့် သေသောသူအပုံပုံရှိကြ၏။ အသေကောင်တို့ကို ရေတွက် ၍ မကုန်နိုင်။ လူသေကောင်များကို ထိမိ၍ လဲတတ်ကြ ၏။ | |
Nahu | BurJudso | 3:4 | အဆင်းလှ၍ ပြုစားတတ်လျက်၊ မတရားသော မေထုန်အမှုနှင့် စုန်းမအတတ်အားဖြင့်၊ လူအမျိုးမျိုး အနွှယ်နွှယ်တို့ကို ကုန်သွယ်လုပ်တတ်သော ပြည်တန်ဆာ မိန်းမသည် မတရားသော မေထုန်ကို ပြုဖန်များပြား သောကြောင့်၊ | |
Nahu | BurJudso | 3:5 | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့်တဘက်၌ ငါနေ၏။ သင့်အဝတ် ကို သင်၏မျက်နှာပေါ်မှာ လှန်၍ အတိုင်းတိုင်းအပြည် ပြည်ရှေ့မှာ သင်၌ အချည်းစည်းရှိခြင်း၊ အရှက်ကွဲခြင်းကို ငါပြမည်။ | |
Nahu | BurJudso | 3:7 | သင့်ကို မြင်သမျှသော သူတို့က၊ နိနေဝေမြို့ ပျက်စီးပြီ။ အဘယ်သူမြည်တမ်းမည်နည်းဟုဆိုလျက်၊ သင့်ထံမှပြေးကြလိမ့်မည်။ နှစ်သိမ့်စေသော သူတို့ကို သင့်အဘို့ အဘယ်မှာ ငါရှာ၍ ရနိုင်သနည်း။ | |
Nahu | BurJudso | 3:8 | သင်သည် မြစ်ကြားမှာ တည်သော နောမုန်မြို့ ထက် ကြီးမြတ်သလော။ ထိုမြို့ကို ရေဝိုင်းလျက်၊ ပင်လယ် သည် မြို့ကျုံးဖြစ်၏။ မြို့ရိုးလည်း ပင်လယ်နှင့် စပ် သတည်း။ | |
Nahu | BurJudso | 3:9 | အဲသယောပိပြည်နှင့် အဲဂုတ္တုပြည်သည် သူ၏ လက်နက်ဖြစ်၏။ ရေတွက်၍ မကုန်နိုင်။ ဖုတပြည်နှင့် လိဗုပြည်လည်း သူ၏လက်နက်အဝင် ဖြစ်၏။ | |
Nahu | BurJudso | 3:10 | သို့သော်လည်း၊ ထိုမြို့ကို ရန်သူတို့သည် တိုက်၍ သိမ်းသွားကြပြီ။ မြို့သားငယ်တို့ကို လမ်းဦးရှိသမျှတို့၌ ချိုးဖဲ့လျက်၊ ဂုဏ်အသရေရှိသော မြို့သားတို့ကို စာရေးတံ ချလျက်၊ အားကြီးသော မြို့သားအပေါင်းတို့ကို သံကြိုး ဖြင့် ချည်နှောင်လျက် ပြုကြပြီ။ | |
Nahu | BurJudso | 3:11 | သင်သည်လည်း မိန်းမောတွေဝေလျက် ပုန်း ရှောင်၍ နေရလိမ့်မည်။ ရန်သူ၏လက်နှင့် လွတ်အောင် ခိုင်ခံ့သောအရပ်ကို ရှာရလိမ့်မည်။ | |
Nahu | BurJudso | 3:12 | သင်၏ရဲတိုက်ရှိသမျှတို့သည် ရှေ့ဦးစွာ မှည့် သော အသီးကို သီးသော သင်္ဘောသဖန်းပင်နှင့် တူကြ လိမ့်မည်။ လှုပ်လျှင် စားချင်သောသူ၏ ပစပ်ထဲသို့ ကျလိမ့်မည်။ | |
Nahu | BurJudso | 3:13 | သင်၏လူတို့သည် သင့်အလယ်၌ မိန်းမကဲ့သို့ ဖြစ်၍၊ ပြည်တံခါးတို့သည် ရန်သူတို့အား ကျယ်ကျယ်ပွင့် လျက်၊ ကန့်လန့်ကျင်တို့သည် မီးလောင်လိမ့်မည်။ | |
Nahu | BurJudso | 3:14 | ရန်သူဝိုင်းထားသော ကာလဘို့ ရေကို ခပ်ထား လော့။ ရဲတိုက်တို့ကို ခိုင်ခံ့စေလော့။ ရွံ့ထဲသို့ ဝင်၍ အုတ် မြေကို နင်းနယ်လော့။ အုတ်ဖိုကို ပြင်ဆင်လော့။ | |
Nahu | BurJudso | 3:15 | ထိုအရပ်၌ပင် သင့်ကို မီးလောင်လိမ့်မည်။ ထား နှင့်ခုတ်ဖြတ်လိမ့်မည်။ ယာလက်ကျိုင်းကိုက်စားသကဲ့သို့ ကိုက်စားလိမ့်မည်။ ယာလက်ကျိုင်းနှင့် အရာဘကျိုင်း ကောင်တို့သည် များသကဲ့သို့ သင်၏လူတို့ကို များပြားစေ ခြင်းငှါ ကြိုးစားလော့။ | |
Nahu | BurJudso | 3:16 | မိုဃ်းကောင်းကင်ကြယ်များသည်ထက်၊ သင်၏ ကုန်သည်တို့ကို များပြားစေသော်လည်း၊ ယာလက်ကျိုင်း တို့သည် နှံ့ပြား၍ ပျံသွားတတ်ကြ၏။ | |
Nahu | BurJudso | 3:17 | သင်၏မင်းသားတို့သည် အရာဘကျိုင်းကဲ့သို့၎င်း၊ ဗိုလ်တို့သည် ဂေါဘကျိုင်းကဲ့သို့၎င်းဖြစ်၍၊ ချမ်းသော အခါ စောင်ရန်းနားမှာ ပစ်တတ်ကြ၏။ နေထွက်သော အခါ ပျံသွား၍ အဘယ်အရပ်သို့ ရောက်သည်ကို မသိရ။ | |
Nahu | BurJudso | 3:18 | အိုအာရှုရိရှင်ဘုရင်၊ သင်၏သိုးထိန်းတို့သည် အိပ်ပျော်လျက်၊ သင်၏မှူးမတ်တို့သည် ကျိန်းဝပ်လျက်၊ သင်၏လူအပေါင်းတို့သည် တောင်ရိုးပေါ်မှာ အရပ်ရပ် သို့ ကွဲပြားလျက်ရှိ၍၊ အဘယ်သူမျှ မစုဝေးစေ။ | |