GENESIS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
Chapter 23
Gene | BurJudso | 23:2 | ခါနာန်ပြည်၊ ဟေဗြုန်မြို့တည်းဟူသော၊ ကိရယ သာဘမြို့၌ သေလေ၏။ အာဗြဟံသည်လည်း စာရာ ကြောင့် ညည်းတွားငိုကြွေးခြင်းငှါ လာ၏။ | |
Gene | BurJudso | 23:4 | ငါသည် သင်တို့ထံမှာ ဧည့်သည်အာဂန္တုဖြစ်ပါ ၏။ ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည် အကြောင်း၊ သင်တို့တွင် သင်္ချိုင်းကို ငါ့အားအခွင့်ပေးပါ လော့ဟု ဆို၏။ | |
Gene | BurJudso | 23:6 | ကိုယ်တော်သည်၊ အကျွန်ုပ်တို့တွင်၊ ဘုရားသခင် နှင့်ဆိုင်သောမင်း ဖြစ်ပါ၏။ အကျွန်ုပ်တို့၏သင်္ချိုင်းများ တွင် ရွေး၍၊ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့။ ကိုယ်တော်၏မယားအသေကောင်ကို မသင်္ဂြိုဟ်စေခြင်းငှါ၊ အကျွန်ုပ်တို့တွင် အဘယ်သူမျှ မိမိ သင်္ချိုင်းကို မပေးဘဲမနေပါဟု၊ အာဗြဟံအား ပြန်ပြောကြ ၏။ | |
Gene | BurJudso | 23:8 | ငါသည် ငါ၏မယားအသေကောင်ကို မျက်ကွယ် မြှုပ်စေခြင်းငှါ သင်တို့ အလိုရှိလျှင်၊ ငါ့စကားကို နား ထောင်ကြပါလော့။ | |
Gene | BurJudso | 23:9 | သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှါ၊ ဇောဟာသား ဧဖရုန်သည်၊ မိမိလယ်ပြင်အစွန်း၌ ရှိသော မပ္ပေလပြေတွင်းကို၊ အဘိုးထိုက်သမျှ ငွေနှင့်ငါ့အား ရောင်းစေခြင်းငှါ၊ ငါ့အတွက်သူ့ကို တောင်းပန်ကြပါလော့ ဟု နှုတ်ဆက်၍ ပြောဆို၏။ | |
Gene | BurJudso | 23:10 | ထိုအခါ ဧဖရုန်သည်၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ မြို့တံခါးသို့ ဝင်သော သူ အပေါင်းတည်းဟူသော ဟေသအမျိုးသား ပရိတ်သတ်၌၊ ဟိတ္တိအမျိုးသားဧဖရုန်က၊ ထိုသို့မဟုတ်ပါ။ | |
Gene | BurJudso | 23:11 | အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကို နားထောင် ပါ။ ထိုလယ်ပြင်ကို၎င်း၊ ကိုယ်တော်အား အကျွန်ုပ်ပေး ပါ၏။ အကျွန်ုပ်အမျိုးသားများ ရှေ့၌၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ ကိုယ်တော်၏ မယားအသေကောင်ကို သင်္ဂြိုဟ်ပါဟု၊ အာဗြဟံအား ပြန်ပြောလေ၏။ | |
Gene | BurJudso | 23:12 | အာဗြဟံသည်လည်း၊ ထိုပြည်သားများ ရှေ့မှာ ဦးညွှတ်ချလျက်၊ အကယ်၍ ငါ့စကားကို နားထောင်ပါ။ | |
Gene | BurJudso | 23:13 | ထိုလယ်ပြင်အဘိုးငွေကို ငါပေးမည်။ ငွေကိုယူပါ၊ သို့ဖြစ်လျှင်၊ ထိုအရပ်၌ ငါ၏မယားအသေကောင်ကို ငါသင်္ဂြိုဟ်ပါမည်ဟု ပြည်သား ပရိသတ်တို့ရှေ့မှာ၊ ဧဖရုန် အား ပြောဆို၏။ | |
Gene | BurJudso | 23:15 | ထိုမြေသည် ငွေလေးပိဿာအဘိုးထိုက်ပါ၏။ ကိုယ်တော်နှင့် အကျွန်ုပ်၌ အဘယ်အတွက်ရှိသနည်း။ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့ဟု၊ အာဗြဟံအားပြန်ပြော၏။ | |
Gene | BurJudso | 23:16 | အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သော ငွေမျိုး၊ ဟေသအမျိုးသား ပရိသတ်ရှေ့၊ ဧဖရုန် အဘိုးပြတ်သည် အတိုင်း၊ ငွေလေးပိဿာကို ချိန်၍၊ သူ့အားပေးလေ၏။ | |
Gene | BurJudso | 23:17 | ထိုသို့မံရေမြို့ရှေ့မှာ၊ မပ္ပေလအရပ်၌ရှိသော ဧဖရုန်၏လယ်ပြင်ကို၎င်း၊ လယ်ပြင်၌ ရှိသောမြေတွင်း နှင့်သစ်ပင်များ၊ ပတ်ဝန်းကျင်သစ်ပင်များကို၎င်း၊ | |
Gene | BurJudso | 23:18 | ဟေသအမျိုးသားပရိတ်သတ်၌၊ မြို့တံခါးသို့ ဝင် သောသူအပေါင်းတို့ရှေ့မှာ၊ အာဗြဟံဥစ္စာဘို့ လုံခြုံစွာ အပ်ပေးလေ၏။ | |
Gene | BurJudso | 23:19 | ထိုနောက်မှ အာဗြဟံသည်၊ မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင် မြေတွင်း၌ မယားစာရာကို သင်္ဂြိုဟ်ရလေ ၏။ ထိုအရပ်ကား၊ ခါနာန်ပြည် ဟေဗြုန်အရပ် ဖြစ်သ တည်း။ | |