GENESIS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
Chapter 41
Gene | BurJudso | 41:1 | ထိုနောက် နှစ်နှစ်လွန်သောအခါ၊ ဖါရောမင်း သည် အိပ်မက်ကို မြင်မက်သည်ကား၊ မိမိသည် မြစ်နား ၌ ရပ်နေ၏။ | |
Gene | BurJudso | 41:2 | အဆင်းလှ၍ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက် နေကြ၏။ | |
Gene | BurJudso | 41:3 | ထိုနွားတို့နောက်မှ အဆင်းမလှ၊ ပိန်သော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ အရင်နွားတို့ အနား၌ ကမ်းပေါ်မှာ ရပ်နေကြ၏။ | |
Gene | BurJudso | 41:4 | အဆင်းမလှ ပိန်သောနွားတို့သည်၊ အဆင်း လှ၍ ဝသောနွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။ ဖါရောမင်းလည်း နိုးလေ၏။ | |
Gene | BurJudso | 41:5 | တဖန်အိပ်ပြန်၍ အိပ်မက်ကို မြင်မက်ပြန်သည် ကား၊ အလုံးကြီး ၍ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ ဖြစ်ကြ၏။ | |
Gene | BurJudso | 41:7 | အလုံးသေးသော စပါးခုနစ်နှံတို့သည် အလုံး ကြီး၍ ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ၏။ဖါရော မင်းလည်းနိုး၍ အိပ်မက်ဖြစ်သည်ကို သိလေ၏။ | |
Gene | BurJudso | 41:8 | နံနက်အချိန် ရောက်သောအခါ၊ ဖါရောမင်း သည် စိတ်ပူပန်၍၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်း တို့ကို ခေါ်၍ အိပ်မက်တော်ကို ပြန်ကြားတော်မူ၏။ သို့သော်လည်း ရှေ့တော်၌အနက်ကို ဘတ်နိုင်သောသူ တယောက်မျှမရှိ။ | |
Gene | BurJudso | 41:10 | ဖါရောဘုရင်သည် ကျွန်တော်နှင့်စားတော်ဝန် ကို အမျက်ထွက်၍ ကိုယ်ရံတော်မှူးအိမ်၌ ချုပ်ထားတော် မူသောအခါ၊ | |
Gene | BurJudso | 41:11 | ကျွန်တော်တို့နှစ်ယောက်သည် အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက် ကို တညဉ့်ခြင်းတွင် မြင်မက်ကြပါ၏။ | |
Gene | BurJudso | 41:12 | ကျွန်တော်တို့၌ ကိုယ်ရံတော်မှူး၏ကျွန် ဟေဗြဲ လုလင်တယောက်ရှိ၏။ ထိုသူအား ကျွန်တော်တို့သည် ကြားပြော၍ သူသည် အိပ်မက်၏အနက်ကို ဘတ်ပါ၏။ တယောက်စီမြင်မက်သည်အတိုင်း ဘတ်ပါ၏။ | |
Gene | BurJudso | 41:13 | ဘတ်သည်အတိုင်းလည်းမှန်ပါ၏။ ကျွန်တော် သည်အရင်အရာကိုရပြန်၍၊ စားတော်ဝန်မူကား၊ ဆွဲထား ခြင်းကို ခံရပါသည်ဟု လျှောက်လေ၏။ | |
Gene | BurJudso | 41:14 | ထိုအခါ ဖါရောမင်းသည် လူကိုစေလွှတ်၍ ယောသပ်ကို ခေါ်တော်မူ၏။ ယောသပ်သည် ထောင်ထဲ က အလျင်အမြန်ထွက်ရ၍၊ မုတ်ဆိတ်ညှပ်ခြင်း၊ အဝတ် လဲခြင်းကို ပြုပြီးမှ အထံတော်သို့ ဝင်ရ၏။ | |
Gene | BurJudso | 41:15 | ဖါရောမင်းကလည်း၊ ငါသည်အိပ်မက်ကို မြင် မက်ပြီ။ အနက်ကို အဘယ်သူမျှမဘတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သော ဉာဏ်နှင့် အနက်ဘတ်နိုင် သည်ကို ငါကြားရပြီဟုဆို၏။ | |
Gene | BurJudso | 41:16 | ယောသပ်ကလည်း၊ ကျွန်တော်သည် အလို အလျောက်မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္ဂလာ အဖြေစကားကို ဖါရောဘုရင်အား ပေးတော်မူပါစေသော ဟု လျှောက်လေ၏။ | |
Gene | BurJudso | 41:18 | အဆင်းလှ၍ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍၊ မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက် နေကြ၏။ | |
Gene | BurJudso | 41:19 | ထိုနွားတို့နောက်မှ၊ အဆင်းမလှ ပိန်ကြုံသော နွားခုနစ်ကောင်တို့သည် ထွက်လာကြ၏။ ထိုမျှလောက် အရုပ်ဆိုးသော နွားတို့ကို အဲဂုတ္တုပြည်တရှောက်လုံးတွင် တခါမျှမမြင်ရစဖူး။ | |
Gene | BurJudso | 41:21 | စားပြီးသောနောက်၊ စားမှန်းကို အဘယ်သူမျှ မသိရ။ အရင်ကဲ့သို့ အရုပ်ဆိုးသေး၏။ ငါလည်း နိုး၏။ | |
Gene | BurJudso | 41:22 | တဖန်ငါမြင်မက် ပြန်သည်ကား၊ အလုံးကြီး၍ ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ ဖြစ်ကြ၏။ | |
Gene | BurJudso | 41:23 | ထိုနောက်မှ ညှိုးနွမ်းလျက် အလုံးသေး၍ အရှေ့ လေဖြင့် ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။ | |
Gene | BurJudso | 41:24 | အလုံးသေးသော စပါးနှံတို့သည် ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ၏။ ထိုအိမ်မက်ကို ဗေဒင်တတ် တို့အား ငါကြားပြော၍ အနက်ကို အဘယ်သူမျှ မဘတ်နိုင်ဟု ယောသပ်အား ပြောဆိုတော်မူ၏။ | |
Gene | BurJudso | 41:25 | ယောသပ်ကလည်း၊ ဖါရောဘုရင် မြင်မက်တော် မူသော အိပ်မက်ကား တပါးတည်းဖြစ်ပါ၏။ ဘုရားသခင် ပြုလတံ့သောအမှုကို ဖါရောဘုရင်အား ပြတော်မူပြီ။ | |
Gene | BurJudso | 41:26 | ကောင်းသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ ကောင်းသောစပါးခုနစ်နှံတို့သည်လည်း ခုနစ်နှစ်ဖြစ်ပါ၏။ အိပ်မက်တော်ကား တပါးတည်း ဖြစ်ပါ၏။ | |
Gene | BurJudso | 41:27 | ထိုနွားတို့နောက် ထွက်လာသောနွား၊ ပိန်၍ အရုပ်ဆိုးသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ ၏။ အရှေ့လေဖြင့်ပျက်သော စပါးဖျင်း ခုနစ်နှံတို့သည် လည်း၊ အစာခေါင်းပါးသော ခုနစ်နှစ်ဖြစ်ပါ၏။ | |
Gene | BurJudso | 41:28 | ဖါရောဘုရင်အား ကျွန်တော်လျှောက်လိုသော အရာဟူမူကား၊ ဘုရားသခင်ပြုလတံ့သော အမှုကိုဖါရော ဘုရင်အား ပြတော်မူ၏။ | |
Gene | BurJudso | 41:30 | ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ် ပေါ်လာ၍၊ အဲဂုတ္တုပြည်၌အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံး ပျက် စီးလိမ့်မည်။ | |
Gene | BurJudso | 41:32 | ဖါရောဘုရင်သည် ထပ်၍အိပ်မက်မြင်ရသည် အရာမှာ၊ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ၍ အလျင် အမြန် စီရင်တော်မူလိမ့်မည်။ | |
Gene | BurJudso | 41:33 | သို့ဖြစ်၍ ဖါရောဘုရင်သည် ဉာဏ်ပညာနှင့် ပြည့်စုံသောသူကို ရွေးချယ်၍ အဲဂုတ္တုပြည်ကို အုပ်စိုး စေတော်မူပါ။ | |
Gene | BurJudso | 41:34 | ခန့်ထားတော်မူသောသူသည်လည်း တပြည်လုံး ၌ အကြီးအကြပ်တို့ကို ခန့်ထား၍၊ ဝပြောသောနှစ် ခုနစ် နှစ်ပတ်လုံး တပြည်လုံးတွင် ငါးဘို့တဘို့ကောက်ယူကြ ပါစေ။ | |
Gene | BurJudso | 41:35 | ထိုသူတို့သည်ဖြစ်လတံ့သော မင်္ဂလာနှစ်တို့တွင် ရိက္ခာရှိသမျှကို စုရုံး၍ ဖါရောဘုရင်ထံတော်၌ စပါးများ ကို ဆည်းဘူးကြပါစေ။ မြို့များ၌လည်း ရိက္ခာကို သိုထား ကြပါစေ။ | |
Gene | BurJudso | 41:36 | သို့ဖြစ်၍ အဲဂုတ္တုပြည်၌ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ရောက်သောအခါ၊ ပြည်သူပြည်သား စားစရာဘို့ သိုထားလျက်ရှိနှင့်၍ အစာခေါင်းပါးသော ကာလတွင် ပြည်တော်မပျက်ရဟု ဖါရောမင်းအား လျှောက်လေ၏။ | |
Gene | BurJudso | 41:37 | ထိုသို့ ယောသပ်လျှောက်သောစကားကို ဖါရော မင်းအစရှိသော ကျွန်တော်မျိုးအပေါင်းတို့သည် နှစ်သက် ကြ၍၊ | |
Gene | BurJudso | 41:38 | ဖါရောမင်းက၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ရ၍ ဤကဲ့သို့သော သူကို အဘယ်မှာ ရှာ၍ တွေ့မည် နည်းဟု ကျွန်တော်မျိုးတို့အား မိန့်တော်မူ၏။ | |
Gene | BurJudso | 41:39 | ယောသပ်အားလည်း၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အား ပြုတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဉာဏ်ပညာနှင့် ပြည့်စုံသောသူ မရှိ။ | |
Gene | BurJudso | 41:40 | သင်သည် နန်းတော်အုပ်ဖြစ်ရမည်။ သင်၏ စကားအတိုင်း ငါ၏ပြည်သားအပေါင်းတို့ကို ငါစီရင် စေမည်။ ရာဇပလ္လင်အားဖြင့်သာ ငါသည် သင့်ထက် ကြီးမြတ်မည်ဟု မိန့်တော်မူ၏။ | |
Gene | BurJudso | 41:41 | တဖန်ကြည့်ပါ၊ အဲဂုတ္တုပြည်တပြည်လုံးကို သင်အုပ်စိုးစေခြင်းငှါ ငါခန့်ထားပြီဟု ယောသပ်အား မိန့်တော်မူလျက်၊ | |
Gene | BurJudso | 41:42 | လက်စွပ်တော်ကိုချွတ်၍ ယောသပ်လက်၌ စွပ်စေတော်မူ၏။ ပိတ်ချောအဝတ်ကိုလည်း ဝတ်စေ၍၊ လည်ပင်း၌ ရွှေစလွယ်ကိုဆွဲပြီးလျှင်၊ | |
Gene | BurJudso | 41:43 | ဒုတိယရထားတော်ကို စီးစေတော်မူ၏။ ပြပ်ဝပ် ၍ နေကြဟု သူ့ရှေ့မှာ ဟစ်ကြ၏။ ထိုသို့လျှင် အဲဂုတ္တု ပြည်တပြည်လုံးကို အုပ်စိုးစေတော်မူ၏။ | |
Gene | BurJudso | 41:44 | ဖါရောမင်းကလည်း၊ ငါသည် ဖါရောဘုရင် မှန်၏။ သို့ဖြစ်၍ သင်၏အခွင့်မရှိလျှင် အဲဂုတ္တုပြည် တရှောက်လုံးတွင် အဘယ်သူမျှ မိမိလက်ခြေကိုမကြွရဟု မိန့်တော်မူ၏။ | |
Gene | BurJudso | 41:45 | ဖါရောမင်းသည်လည်း၊ ဇာဖဏာသဖါဏတည်း ဟူသော ဘွဲ့နာမနှင့်ယောသပ်ကို ချီးမြှောက်၍ ဩနမြို့၏ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ်နှင့် စုံဘက်စေတော်မူ၏။ ထိုသို့ယောသပ်သည် အဲဂုတ္တု နိုင်ငံအုပ်အရာနှင့် အထံတော်ကထွက်လေ၏။ | |
Gene | BurJudso | 41:46 | ယောသပ်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်း ထံ၌ အခွင့်ရသောအခါ၊ အသက်အနှစ်သုံးဆယ် ရှိသ တည်း။ အထံတော်ကထွက်၍ အဲဂုတ္တုပြည်တရှောက်လုံး သို့ သွားလေ၏။ | |
Gene | BurJudso | 41:48 | ခုနစ်နှစ်ပတ်လုံး အဲဂုတ္တုပြည်တွင် ရှိသမျှသော ရိက္ခာကိုစုရုံး၍ မြို့တို့၌ သိုထားလေ၏။ မြို့ပတ်ဝန်းကျင် လယ်တို့၌ရသော ရိက္ခာကိုမြို့အသီးအသီးတို့တွင် သိုထား လေ၏။ | |
Gene | BurJudso | 41:49 | စပါးကိုကား သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန် များစွာစုထား၍ မရေတွက်နိုင်အောင် များသောကြောင့် မရေတွက်ဘဲနေသတည်း။ | |
Gene | BurJudso | 41:50 | အစာခေါင်းပါးသောနှစ် မရောက်မှီ၊ ယောသပ် သည် ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်တွင် သားနှစ်ယောက်တို့ကို မြင်ရ၏။ | |
Gene | BurJudso | 41:51 | သားဦးကိုကား မနာရှေအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ငါခံရသမျှသော ပင်ပန်းခြင်းနှင့် ငါ့အဘ၏ အိမ်သားအပေါင်းတို့ကို ငါမေ့စေခြင်းငှါ ဘုရားသခင်ပြုတော်မူပြီဟု ဆိုသတည်း။ | |
Gene | BurJudso | 41:52 | နောက်ရသောသားကိုကား၊ ဧဖရိမ်အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါဆင်းရဲခံရသောပြည်၌ ငါ့ကိုပွါးများ စေတော်မူပြီဟု ဆိုသတည်း။ | |
Gene | BurJudso | 41:54 | ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါး သော နှစ်တို့သည် ရောက်စရှိ၏။ ထိုအခါ ခပ်သိမ်းသော ပြည်တို့၌ အစာခေါင်းပါးခြင်းရှိသော်လည်း အဲဂုတ္တုပြည် ၌ ဆန်စပါးရှိသေး၏။ | |
Gene | BurJudso | 41:55 | နောက်တဖန် အဲဂုတ္တုပြည်သူ ပြည်သား အပေါင်းတို့သည် မွတ်သိပ်သောအခါ စားစရာကိုရပါ မည်အကြောင်း ဖါရောမင်းထံ၌ ကြွေးကြော်ကြ၏။ဖါရောမင်းကလည်း၊ ယောသပ်ထံသို့သွားကြ၊ သူစီရင် သည်အတိုင်းပြုကြဟု အဲဂုတ္တုပြည်သူပြည်သား အပေါင်းတို့ကို မိန့်တော်မူ၏။ | |
Gene | BurJudso | 41:56 | မြေပြင်တရှောက်လုံး၌ အစာခေါင်းပါးသော အခါ၊ ယောသပ်သည် စပါးကျီရှိသမျှတို့ကို ဖွင့်၍ အဲဂုတ္တု လူတို့အား ရောင်းလေ၏။ ထိုအခါ အဲဂုတ္တုပြည်၌ အစဉ် အတိုင်း အစာခေါင်းပါးသတည်း။ | |