Site uses cookies to provide basic functionality.

OK
GENESIS
Prev Up Next Toggle notes
Chapter 25
Gene BurJudso 25:1  တဖန်အာဗြဟံသည်၊ ကေတုရအမည်ရှိသော မိန်းမနှင့် စုံဘက်၍၊
Gene BurJudso 25:2  ထိုမိန်းမသည် ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ကို ဘွားမြင်လေ၏။
Gene BurJudso 25:3  ယုတ်ရှန်သားကား၊ ရှေဘနှင့်ဒေဒန်တည်း။ ဒေဒန်သားကား၊ အာရှုရိမ်လူ၊ လေတုရှိမ်လူ၊ လုမ်မိမ် လူတည်း။
Gene BurJudso 25:4  မိဒျိန် သားကား၊ ဧဖါ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ၊ ဧလဒါတည်း။ ထိုသူအပေါင်းတို့ကား ကေတုရအနွယ် ဖြစ်ကြသတည်း။
Gene BurJudso 25:5  အာဗြဟံသည်၊ မိမိဥစ္စာရှိသမျှကို ဣဇာက်အား ပေးလေ၏။
Gene BurJudso 25:6  မယားငယ်တို့၌ ရသောသားတို့အားလည်း၊ မိမိအသက်ရှင်စဉ်တွင် ဆုလပ်များကိုဝေပေး၍၊ သား ဣဇာတ်ထံမှ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏။
Gene BurJudso 25:7  ထိုနောက်အာဗြဟံသည် အသက်ကြီးရင့်၍၊ အိုမင်းခြင်း၊ နေ့ရက် ကာလပြည့်စုံခြင်းနှင့်တကွ၊ အသက်ပေါင်း တရာခုနစ်ဆယ်ငါးနှစ်ရှိသော်၊
Gene BurJudso 25:8  အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုး စည်းဝေးရာသို့ရောက်လေ၏။
Gene BurJudso 25:9  သားဣဇာက်နှင့် ဣရှမေလတို့သည်၊ မံရေမြို့ ရှေ့မှာ၊ ဟိတ္တိအမျိုးသား၊ ဇောရသားဧဖရုန်၏လယ်ပြင် တွင်၊ မပ္ပေလမြေတွင်း၌ အဘကို သင်္ဂြိုဟ်ကြ၏။
Gene BurJudso 25:10  ဟေသအမျိုးသားတို့အား အဘိုးပေး၍ အာဗြဟံ ဝယ်သောလယ်ပြင်၌၊ အာဗြဟံနှင့် မယားစာရာတို့ကို သင်္ဂြိုဟ်ကြသတည်း။
Gene BurJudso 25:11  အာဗြဟံ သေသောနောက်၊ သားဣဇာက်ကို ဘုရားသခင် ကောင်းကြီးပေးတော်မူ၏။ ဣဇာက်သည် ဗေရလဟဲရောမြို့မှာ နေသတည်း။
Gene BurJudso 25:12  စာရာ၏ကျွန်မ၊ အဲဂုတ္တု၊ အမျိုးသား ဟာဂရ ဘွားမြင်သော အာဗြဟံသား ဣရှမေလ၏ သားစဉ် မြေးဆက်တည်းဟူသော၊
Gene BurJudso 25:13  မိမိအမျိုးအနွယ်အလိုက်၊ ဣရှမေလသားများအမည်ဟူမူကား၊ သားအကြီး နာဗာယုတ်။ ထိုနောက် ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
Gene BurJudso 25:15  ဟာဒဒ်၊ တေမ၊ ယေတုရ၊ နာဖိရှ၊ ကေဒမာတည်းဟူသော၊
Gene BurJudso 25:16  ဣရှမေလသားတည်း။ ထိုသို့အမည်ရှိသော သူတို့သည်၊ မိမိမြို့၊ မိမိရဲတိုက်အလိုက်၊ အမျိုးမျိုးသော မင်းဆယ်နှစ်ပါးဖြစ်သတည်း။
Gene BurJudso 25:17  ဣရှမေလသည် အသက်တရာသုံးဆယ်ခုနစ်နှစ်ရှိသော်၊ အသက်ချုပ်၍သေသဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။
Gene BurJudso 25:18  သူတို့သည်လည်း၊ အာရှုရိပြည်သို့သွားရာလမ်း အရှေ့၊ ရှုရမြို့ တိုင်အောင် နေကြ၏။ ထိုသို့ ဣရှမေလ၏ နေရာသည်၊ မိမိ ညီအစ်ကို အပေါင်းအနား၌ ကျသတည်း။
Gene BurJudso 25:19  အာဗြဟံသား ဣဇာက်၏အဆက်အနွှယ်ဟူ မူကား၊ အာဗြဟံသားကား ဣဇာက်တည်း။
Gene BurJudso 25:20  ဣဇာက်သည်၊ အသက်လေးဆယ်ရှိသောအခါ၊ ပါဒနာရံအရပ်သူ၊ ရှုရိအမျိုးဗေသွေလ၏သမီး၊ ရှုရိလူ လာဗန်၏ နှမရေဗက္ကနှင့် အိမ်ထောင်လေ၏။
Gene BurJudso 25:21  ဣဇာက်သည်၊ မိမိမယား ရေဗက္ကမြုံသော ကြောင့်၊ ထာဝရဘုရားကို တောင်းပန်၍၊ ထာဝရဘုရား နားထောင်တော်မူသဖြင့်၊ သူ၏မယားသည် ပဋိသန္ဓေ စွဲယူလေ၏။
Gene BurJudso 25:22  ဝမ်းအတွင်း၌ တည်သောသူငယ်တို့သည်၊ အချင်းချင်း တိုက်ခိုက်ကြ၏။ အမိကလည်း၊ ထိုသို့ဖြစ်၍ ငါ၌အဘယ်အမှုရောက်ပါလိမ့်မည်နည်းဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မေးလျှောက်ခြင်းငှါသွားလေ၏။
Gene BurJudso 25:23  ထာဝရဘုရားကလည်း၊ သင်၏ ဝမ်းအတွင်း၌ လူမျိုးနှစ်မျိုးရှိ၏။ သင်၏ဝမ်းထဲက ခြားနားသော လူစု နှစ်စုကို ဘွားရလိမ့်မည်။ လူတမျိုးသည် တမျိုးထက် အားကြီးလိမ့်မည်။ အကြီးသည်အငယ်၌ ကျွန်ခံရလိမ့် မည်ဟု မိန့်တော်မူ၏။
Gene BurJudso 25:24  ဘွားချိန်စေ့သောအခါ၊ သူ၏ဝမ်း၌သားအမွှာ ရှိသဖြင့်၊
Gene BurJudso 25:25  အဦးဘွားသောသားသည်၊ အမွေးပါသော ဝတ်ကဲ့သို့ဖြစ်၍၊ တကိုယ်လုံးအဆင်းနီ၏။ သူ့ကို ဧသော ဟူသောအမည်ဖြင့် မှည့်ကြ၏။
Gene BurJudso 25:26  ထိုနောက်မှ သူ့ညီသည်၊ အစ်ကိုဧသော၏ ဖနှောင့်ကို ကိုင်လျက် ဘွားလာ၏။ သူ့ကိုကား၊ ယာကုပ် အမည်ဖြင့် မှည့်ကြ၏။ ထိုသားနှစ်ယောက်ကို ဘွားသော အခါ၊ ဣဇာက်သည် အသက်ခြောက်ဆယ်ရှိသတည်း။
Gene BurJudso 25:27  သူငယ်တို့သည် ကြီးပွား၍၊ ဧသောကား လိမ္မာ သော တောသားမုဆိုးဖြစ်လေ၏။ ယာကုပ်ကားတဲ၌ နေတတ်၍ စိတ်ကောင်းသောသူဖြစ်၏။
Gene BurJudso 25:28  ဣဇာက်သည်၊ ဧသောပေးသောအမဲသားကို စားလေ့ရှိသောကြောင့် သူ့ကိုချစ်၏။ ရေဗက္ကမူကား ယာကုပ်ကို ချစ်၏။
Gene BurJudso 25:29  တနေ့သ၌၊ ယာကုပ်သည် စားစရာကို ချက် ပြုတ်စဉ်တွင်၊ ဧသောသည် တောမှလာ၍ မောသော ကြောင့်၊
Gene BurJudso 25:30  ယာကုပ်အား၊ ထိုနီသောစားစရာနှင့် ငါ့ကို ကျွေးပါလော့၊ ငါမောပါသည်ဟုဆိုလေ၏။ ထိုကြောင့် သူ၏နာမည်ကို ဧဒုံဟုတွင်သတည်း။
Gene BurJudso 25:31  ယာကုပ်ကလည်း၊ ယနေ့ပင် သင်၏သားဦး အရာကို၊ ငါ့အား ရောင်ပါဟုဆိုလျှင်၊
Gene BurJudso 25:32  ဧသောက၊ ငါသေလုပြီ။ သားဦးအရာအားဖြင့် အဘယ်အကျိုး ရှိပါလိမ့်မည်နည်းဟုဆို၏။
Gene BurJudso 25:33  ယာကုပ်ကလည်း၊ ယနေ့ပင်ငါ့အား ကျိန်ဆိုခြင်း ကို ပြုပါဟုဆိုသော်၊ သူသည်ကျိန်ဆိုသဖြင့်၊ ယာကုပ်အား မိမိသားဦးအရာကို ရောင်းလေ၏။
Gene BurJudso 25:34  ထိုအခါ ယာကုပ်သည်၊ မုန်နှင့်ပဲဟင်းကို ဧသော အားပေးသဖြင့်၊ သူသည် စားသောက်ပြီးမှထ၍ သွားလေ ၏။ ထိုသို့ဧသောသည်၊ မိမိနှင့် ဆိုင်သောသားဦးအရာကို မထီမဲ့မြင်ပြုသတည်း။