Site uses cookies to provide basic functionality.

OK
GENESIS
Prev Up Next
Chapter 34
Gene BurJudso 34:1  ယာကုပ်၏မယား၊ လေအာ ဘွားမြင်သောသမီး ဒိနသည်၊ ထိုပြည်၏ အမျိုးသမီးတို့ကို အကြည့်အရှု သွားရာတွင်၊
Gene BurJudso 34:2  ထိုပြည်ကို အစိုးရသောဟိဝိအမျိုး၊ ဟာမော်မင်း ၏သား ရှေခင်သည် ဒိနကိုမြင်လျှင်၊ ယူသွား၍ အိပ် ဘော်ပြုလျက်၊ သုအသရေကို ရှုတ်ချလေ၏။
Gene BurJudso 34:3  နောက်မှ သူ့ကိုချစ်သော စိတ်မကုန်၊ အမြဲ ချစ်၍၊ မေတ္တာစကားနှင့်ဖြားယောင်းလျက် နေ၏။
Gene BurJudso 34:4  ခမည်းတော်ဟာမော်ထံသို့လည်း ဝင်၍၊ ဤ မိန်းမကို အကျွန်ုပ်ကြင်ဘက်ဖြစ်စေခြင်းငှါ၊ တောင်း၍ ပေးတော်မူပါဟု လျှောက်ဆို၏။
Gene BurJudso 34:5  ယာကုပ်သည် မိမိသမီးဒိနကို၊ ရှေခင်မင်းသား ရှုတ်ချကြောင်းကို ကြားသိသော်လည်း၊ မိမိသားတို့သည် တောအရပ်မှာ တိရစ္ဆာန်တို့နှင့်အတူရှိသည်ဖြစ်၍၊ သူတို့ ကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေလေ၏။
Gene BurJudso 34:6  ထိုနောက်၊ ရှေခင်အဘ ဟာမော်မင်းသည် ယာကုပ်နှင့်နှုတ်ဆက်ခြင်းငှါ လာ၍၊
Gene BurJudso 34:7  ယာကုပ်၏သားတို့လည်း သိတင်းကြားသော အခါ၊ တောအရပ်မှပြန်ရောက်ကြ၏။ ထိုမင်းသားသည် ယာကုပ်၏သမီးနှင့် အိပ်မိ၍၊ ဣသရေလအမျိုး၌ မိုက် သောအမှု၊ မပြုအပ်သော အရာကို ပြုမိသောကြောင့်၊ သူတို့သည် စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။
Gene BurJudso 34:8  ဟာမော်မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့သားရှေခင်သည်၊ သင်တို့သမီးကို အလွန် ချစ်အားကြီး ပါ၏။ ထိမ်းမြားပေးစားကြပါလော့။
Gene BurJudso 34:9  သင်တို့သည် ငါတို့နှင့်အချင်းချင်း ထိမ်းမြားခြင်း ကို ပြုလျက်၊ သင်တို့သမီးကို ပေးစားကြလော့။ ငါတို့သမီး နှင့်လည်း စုံဘက်ကြလော့။
Gene BurJudso 34:10  သင်တို့သည် ငါတို့နှင့်အတူနေ၍၊ ဤပြည်၌ အဆီးအတားမရှိ၊ နေရာချလျက်၊ ဖေါက်ကားရောင်းဝယ် ခြင်းကို ပြု၍၊ အပိုင်ယူကြလော့ဟု ဆိုလေ၏။
Gene BurJudso 34:11  ရှေခင်ကလည်း၊ သင်တို့စိတ်နှင့်တွေ့ကြပါစေ။တောင်းသမျှကို ပေးပါမည်။
Gene BurJudso 34:12  ကန်တော့ဥစ္စာဖြစ်စေ၊ လက်ဆောင်ပဏ္ဏာဖြစ် စေ၊ နည်းများမဆို၊ တောင်းသည့်အတိုင် ပေးပါမည်။ဤမိန်းမကိုသာ ငါ့အား ထိမ်းမြားပေးစားကြပါဟု၊ မိန်းမ ၏အဘနှင့်မောင်တို့အား ဆိုလေ၏။
Gene BurJudso 34:13  ယာကုပ်၏ သားတို့သည်၊ နှမဒိနကို ရှေခင် မင်းသား ရှုတ်ချသောအကြောင်းကို ဆင်ခြင်၍၊ မင်းသား နှင့်အဘဟာမော်ကို ပရိယာယ်ဖြင့် ပြန်ပြောသည်မှာ၊
Gene BurJudso 34:14  ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကို မခံ သောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဘွယ် သောအကြောင်း ဖြစ်ပါ၏။
Gene BurJudso 34:15  သင်တို့သည် ကျွန်ုပ်တို့ ဘာသာအတိုင်းပြု၍၊ ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံလျှင်၊ ကျွန်ုပ် တို့သည် ဝန်ခံကြပါမည်။
Gene BurJudso 34:16  သို့ပြုလျှင်၊ ကျွန်ုပ်တို့သမီးကို သင်တို့အား ပေးစား၍၊ သင်တို့၏သမီးနှင့်လည်း စုံဘက်ကြသဖြင့်၊ သင်တို့နှင့်အတူနေထိုင်၍၊ တမျိုးတည်းဖြစ် ကြလိမ့်မည်။
Gene BurJudso 34:17  သို့မဟုတ်ကျွန်ုပ်တို့စကားကို နားမထောင်၊ အရေဖျားလှီးမင်္ဂလာကိုမခံလျှင်၊ ကျွန်ုပ်တို့ သမီးကိုယူ၍ သွားမည်ဟုဆိုကြ၏။
Gene BurJudso 34:18  ထိုစကားကို ဟာမော်မင်းနှင့် သားတော်ရှေခင် သည် နှစ်သက်၍၊၊
Gene BurJudso 34:19  ထိုမင်းသားသည်၊ ယာကုပ်၏သမီးကို ချစ်အား ကြီးသောကြောင့်၎င်း၊ အဘ၏ အမျိုးသားချင်းအပေါင်း တို့ထက် အသရေရှိသောကြောင့်၎င်း၊ ချက်ခြင်းဝန်ခံလေ ၏။
Gene BurJudso 34:20  ထိုအခါ၊ ဟာမော်မင်းနှင့် သားတော် ရှေခင် သည်၊ မိမိမြို့တံခါးသို့ သွား၍၊ မြို့သားတို့နှင့် နှုတ်ဆက် လျက်၊
Gene BurJudso 34:21  အချင်းတို့၊ ဤသူတို့သည် ငါတို့နှင့် သင့်တင့် ကြပြီ။ ငါတို့ပြည်၌နေ၍ ဖေါက်ကားရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ပေ၏။ သူတို့သမီးများနှင့် အိမ်ထောင်ဘက် ပြုကြ စို့။ငါတို့သမီးများကိုလည်း သူတို့အား ထိမ်းမြားပေးစား ကြစို့။
Gene BurJudso 34:22  သို့ရာတွင် သူတို့သည် အရေဖျားလှီးမင်္ဂလာ ကိုခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီး မင်္ဂလာကို ခံမှသာ၊ထိုလူတို့သည် ငါတို့တွင်နေ၍ တမျိုး တည်း ဖြစ်စေခြင်းငှါ ဝန်ခံကြလိမ့်မည်။
Gene BurJudso 34:23  သူတို့၏သိုးနွားမှစ၍ တိရစ္ဆာန်များ၊ ဥစ္စာများတို့ သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့ အလိုသို့လိုက်ကြစို့။ သို့ပြုလျှင် သူတို့သည် ငါတို့တွင် နေကြလိမ့်မည်ဟု၊
Gene BurJudso 34:24  ဟာမော်မင်းနှင့် သားတော်ရှေခင်ပြောသော စကားကို၊ မြို့တံခါးမှ ထွက်သောသူအပေါင်းတို့သည် နားထောင်၍ ယောက်ျားရှိသမျှတို့သည် အရေဖျားလှီး မင်္ဂလာကိုခံကြ၏။
Gene BurJudso 34:25  ထိုသို့ခံ၍ သုံးရက်မြောက်သော နေ့၌၊ အလွန် နာကြသောအခါ၊ ယာကုပ်သား၊ ဒိန၏မောင် ရှိမောင်နှင့် လေဝိညီနောင် နှစ်ယောက်တို့သည်၊ ထားလက်နက် တယောက်တစင်းစီ စွဲကိုင်လျက်၊ သတိမရှိသော ထိုမြို့ကို တိုက်၍၊ ယောက်ျားအပေါင်းတို့ကို သတ်လေ၏။
Gene BurJudso 34:26  ဟာမော်မင်းနှင့် သားတော်ရှေခင်ကိုလည်း ထားလက်နက်ဖြင့် သတ်ပြီးလျှင်၊ ဒိနကို ရှေခင်အိမ်မှ နှုတ်ယူ၍ ပြန်သွားကြ၏။
Gene BurJudso 34:27  မိမိတို့နှမ ရှုတ်ချခြင်းကို ခံရသောကြောင့်၊ တဖန်ယာကုပ်သားတို့သည် အသေသတ်ပြီးသော သူတို့ ဆီသို့သွားပြန်၍၊ မြို့ကိုလုယက်ဖျက်ဆီးသဖြင့်၊
Gene BurJudso 34:28  သူတို့ သိုး၊ဆိတ်၊နွား၊မြည်းမှစ၍၊ မြို့၌ရှိသမျှ၊ လယ်၌ရှိသမျှသော ဥစ္စာကို၎င်း၊
Gene BurJudso 34:29  သူတို့သားမယား သူငယ်အပေါင်းကို၎င်း သိမ်း ယူ၍၊ အိမ်တို့၌ရှိသမျှကိုလည်း လုယက်ဖျက်ဆီးကြ၏။
Gene BurJudso 34:30  ထိုအခါ ယာကုပ်က၊ သင်တို့သည် ငါ့ကို ညှဉ်းဆဲ ကြပြီတကား။ ခါနနိလူ၊ ဖေရဇိလူတည်းဟူသော၊ ဤပြည် သားတို့သည် ငါ့ကိုရွံရှာအောင် ပြုကြပြီတကား။ ငါတို့၌ လူအရေအတွက် အားနည်းသောကြောင့်၊ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်သတ်သဖြင့်၊ ငါနှင့် ငါ့အိမ်သူ အိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်ဟု၊ ရှိမောင်နှင့် လေဝိတို့အား ဆိုလေသော်၊
Gene BurJudso 34:31  သူတို့က၊ ငါတို့နှမကို ပြည်တန်ဆာကဲ့သို့မှတ်၍ ပြုရမည်လောဟု ပြန်ဆိုလေ၏။