I JOHN
Chapter 4
I Jo | BurCBCM | 4:1 | ချစ်မိတ်ဆွေတို့၊ ဝိညာဉ်တိုင်းကို မယုံကြည်ကြနှင့်။ ၎င်းတို့သည် ဘုရားသခင်ထံမှလာခြင်း ဟုတ်၊ မဟုတ်ကို စမ်းသပ်စစ် ဆေးကြလော့။ အကြောင်း မူကား များစွာသောပရောဖက်အတုအယောင်တို့သည် ဤလောကထဲသို့ ဝင်ရောက်ခဲ့ကြလေပြီ။- | |
I Jo | BurCBCM | 4:2 | သင်တို့သည် ဤအချက်ဖြင့် ဘုရားသခင်၏ဝိညာဉ်တော်ကိုသိနိုင်ကြ၏။ ယေဇူးခရစ်တော်သည် လူ့ဇာတိအဖြစ်၌ ကြွလာတော်မူကြောင်းကို ဝန်ခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်ထံမှဖြစ်ကြ၏။- | |
I Jo | BurCBCM | 4:3 | ယေဇူးသခင်သည် ဘုရား သခင်ထံမှဖြစ်ကြောင်းကို အသိအမှတ်မပြုသောဝိညာဉ်သည် ဘုရားသခင်ထံမှမဟုတ်ဘဲ ခရစ်တော်အား ဆန့် ကျင်သူ၏ဝိညာဉ်ဖြစ်၏။ ခရစ်တော်အား ဆန့်ကျင်သူ ထွက်ပေါ်လာမည့်အကြောင်းကို သင်တို့ကြားခဲ့ကြပြီ ဖြစ်၍ ယခုထိုသူသည် ဤကမ္ဘာလောကအတွင်း၌ ရောက်ရှိနေလေပြီ။- | |
I Jo | BurCBCM | 4:4 | သားသမီးတို့၊ သင်တို့သည် ဘုရား သခင်ထံမှဖြစ်ကြ၍ ထိုသူတို့ကို အောင်မြင်ခဲ့ကြလေပြီ။ အကြောင်းမူကား သင်တို့၌ တည်ရှိတော်မူသောအရှင်သည် ကမ္ဘာလောကထဲ၌ ရှိသောသူထက် ကြီးမြတ် တော်မူသောကြောင့်ဖြစ်၏။- | |
I Jo | BurCBCM | 4:5 | ထိုဝိညာဉ်တို့သည် ဤကမ္ဘာလောကမှဖြစ်ကြပြီး သူတို့ပြောဆိုသမျှသည်လည်း ကမ္ဘာလောကနှင့်သက်ဆိုင်၏။ ကမ္ဘာ လောကသည်လည်း သူတို့ကို နားထောင်လေ၏။- | |
I Jo | BurCBCM | 4:6 | ငါတို့သည် ဘုရားသခင်ထံမှဖြစ်ကြ၏။ ဘုရားသခင်ကိုသိသောသူ ဟူသမျှသည် ငါတို့ကိုနားထောင်၏။ ဘုရားသခင်ထံ မှမဟုတ်သောသူသည် ငါတို့ကိုနားမထောင်ပေ။ ဤအချက်အားဖြင့် ငါတို့သည် သမ္မာတရား၏ဝိညာဉ်နှင့်မှားယွင်းခြင်း၏ ဝိညာဉ်ကို ခွဲခြားသိနိုင်ကြ၏။ | |
I Jo | BurCBCM | 4:7 | ချစ်မိတ်ဆွေတို့၊ အချင်းချင်း တစ်ဦးကိုတစ်ဦး ချစ်ခင်ကြကုန်စို့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် ဘုရားသခင် ထံမှဖြစ်၏။ ချစ်ခြင်းမေတ္တာရှိသူသည် ဘုရားသခင်ထံမှ ဖြစ်ပေါ်လာ၍ ဘုရားသခင်ကိုသိလေ၏။- | |
I Jo | BurCBCM | 4:8 | ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကိုမသိချေ။ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။- | |
I Jo | BurCBCM | 4:9 | ငါတို့သည် သားတော်အားဖြင့် အသက်ရှင်နိုင်ကြရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤလောကသို့စေလွှတ်တော်မူခဲ့ခြင်းအားဖြင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ငါတို့အလယ်တွင် ပေါ်လွင်ထင်ရှားခဲ့၏။- | |
I Jo | BurCBCM | 4:10 | ဤအမှုအရာတွင် ချစ်ခြင်းမေတ္တာတည်ရှိလေ၏။ ထိုချစ်ခြင်းမေတ္တာသည် ကား ငါတို့က ဘုရားသခင်ကို ချစ်ခြင်းမဟုတ်ဘဲ ဘုရားသခင်က ငါတို့ကိုချစ်တော်မူ၍ မိမိ၏သားတော်ကို ငါတို့၏အပြစ်များအတွက် အပြစ်ဖြေရာယဇ်တော်အဖြစ်စေ လွှတ်တော်မူခဲ့ခြင်းပင်ဖြစ်၏။- | |
I Jo | BurCBCM | 4:11 | ချစ်မိတ်ဆွေတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှအထိချစ်တော်မူလျှင် ငါတို့သည်လည်း အချင်းချင်းချစ်သင့်၏။- | |
I Jo | BurCBCM | 4:12 | မည်သည့်လူသားမျှ ဘုရားသခင်ကို မမြင်ဖူးပေ။ ငါတို့သည် အချင်းချင်း ချစ်ခင်ကြပါလျှင် ဘုရားသခင်သည် ငါတို့၌ တည်ရှိတော်မူပြီး ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည်လည်း ငါတို့၌ ပြည့်စုံခြင်းသို့ ရောက်လေ၏။ | |
I Jo | BurCBCM | 4:13 | ဘုရားသခင်သည် ငါတို့အား မိမိ၏ဝိညာဉ်တော်ကို ပေးသနားတော်မူသောကြောင့် ငါတို့သည် ကိုယ်တော်၌ တည်ရှိ၍ ကိုယ်တော်သည်လည်း ငါတို့၌တည်ရှိတော် မူကြောင်းကို ငါတို့သိကြ၏။- | |
I Jo | BurCBCM | 4:14 | အဖခမည်းတော်သည် မိမိ၏သားတော်ကို ဤကမ္ဘာလောက၏ကယ်တင်ရှင် အဖြစ် စေလွှတ်တော်မူခဲ့ကြောင်း ငါတို့တွေ့ မြင်ခဲ့ကြပြီး သက်သေခံကြ၏။- | |
I Jo | BurCBCM | 4:15 | ယေဇူးသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကို ယုံကြည်ဝန်ခံသူတိုင်း၌ ဘုရားသခင်တည်ရှိတော်မူ၍ ထိုသူသည်လည်း ဘုရားသခင်၌ တည်ရှိလေ၏။- | |
I Jo | BurCBCM | 4:16 | သို့ဖြစ်၍ ငါတို့သည် ဘုရား သခင်က ငါတို့အပေါ်ထားရှိသောချစ်ခြင်းမေတ္တာကို သိ ရှိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်ရှိသောသူသည် ဘုရားသခင်၌တည်ရှိ၍ ဘုရားသခင်သည်လည်း ထိုသူ ၌ တည်ရှိတော်မူ၏။- | |
I Jo | BurCBCM | 4:17 | ငါတို့သည် ဤကမ္ဘာလောက၌ ခရစ်တော်ကဲ့သို့ဖြစ်ကြသောကြောင့် တရားစီရင်တော် မူမည့်နေ့၌ ယုံကြည်စိတ်ချမှု ရှိစေခြင်းငှာ ချစ်ခြင်းမေတ္တာသည် ငါတို့၌ ပြည့်စုံခြင်းသို့ရောက်လေ၏။- | |
I Jo | BurCBCM | 4:18 | ချစ်ခြင်းမေတ္တာ၌ ကြောက်ရွံ့ခြင်းဟူ၍မရှိဘဲ ပြည့်စုံသောချစ်ခြင်းမေတ္တာသည် ကြောက်ရွံ့စိတ်ကို ဖယ်ရှားလေ၏။ အကြောင်းမူကား ကြောက်ရွံ့ခြင်းသည် အပြစ်ဒဏ်ခံရမှသာ ဖြစ်ပေါ်လာသောကြောင့် ကြောက်ရွံ့သောသူသည် ချစ်ခြင်း မေတ္တာ၌ ပြည့်စုံခြင်းသို့မရောက်သေးပေ။- | |
I Jo | BurCBCM | 4:20 | တစ်စုံတစ်ယောက်က ငါသည် ဘုရားသခင်ကိုချစ်သည်ဟုဆိုပြီး မိမိ၏ညီအစ်ကို ကိုမုန်းတီးလျှင် ထိုသူသည် လိမ်ညာ သူဖြစ်၏။ အဘယ် ကြောင့်ဆိုသော် မိမိမြင်ဖူးသည့်ညီအစ်ကိုကို မချစ် သောသူသည် မမြင်ဖူးသောဘုရားသခင်ကို မည်သို့ချစ် နိုင်မည်နည်း။- | |