Site uses cookies to provide basic functionality.

OK
I JOHN
1 2 3 4 5
Prev Up Next Toggle notes
Chapter 2
I Jo BurCBCM 2:1  ငါ၏သားသမီးတို့၊ သင်တို့သည် အပြစ်မကျူးလွန်ကြစေရန် ဤစာကို သင်တို့ထံသို့ ငါရေးလိုက်ပါ၏။ သို့ရာတွင် တစ်စုံတစ် ယောက်သည် အပြစ်ကျူးလွန်မိပါလျှင် ခမည်းတော်ထံတွင် ငါတို့အတွက် အသနားခံပေးမည့် ဖြောင့်မတ်သော ယေဇူးသခင် ခရစ်တော်ရှိတော်မူ၏။-
I Jo BurCBCM 2:2  ကိုယ်တော်သည် ငါတို့၏အပြစ်များ အတွက်သာမက လောကသားအပေါင်းတို့၏အပြစ် များအတွက်လည်း ဒဏ်ဆပ်ဖြေရာ ဖြစ်တော်မူ၏။-
I Jo BurCBCM 2:3  ငါတို့သည် ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်းပါလျှင် ကိုယ်တော့်ကိုသိရှိကြကြောင်း အသေအချာပြော ဆိုနိုင် ကြ၏။-
I Jo BurCBCM 2:4  ကိုယ်တော့်ကို ငါသိပါသည်ဟုဆိုလျက် ကိုယ်တော်၏ပညတ်တော်များကို မစောင့်ထိန်းသောသူ သည် လိမ်လည်သူဖြစ်ပြီး သမ္မာတရားသည်လည်း သူ၌မတည်ချေ။-
I Jo BurCBCM 2:5  သို့သော် ကိုယ်တော်၏စကားကိုနာခံသော သူ၌ ဘုရားသခင်၏စစ်မှန်သောချစ်ခြင်းမေတ္တာတော်သည် ပြည့်စုံလေ၏။ ဤနည်းဖြင့် ငါတို့သည် ကိုယ်တော်၌ တည်ရှိကြောင်းကို ကောင်းစွာသိရှိနိုင်မည်ဖြစ်၏။-
I Jo BurCBCM 2:6  ငါသည် ကိုယ်တော်၌ တည်ရှိသည်ဟုဆိုသောသူသည် ကိုယ်တော်လျှောက်လှမ်းတော်မူခဲ့သည့်အသက်တာ အတိုင်း လျှောက်လှမ်းရမည်ဖြစ်၏။
I Jo BurCBCM 2:7  ချစ်မိတ်ဆွေတို့၊ ငါသည် သင်တို့အား ပညတ်တော် အသစ်ကို ရေးသားဖော်ပြနေခြင်းမဟုတ်ပေ။ ဤပညတ်သည် အစဦးကပင် သင်တို့၌ရှိထားပြီးသောပညတ်တော် ဟောင်းဖြစ်၏။ ထိုပညတ်တော်ဟောင်းသည်ကား သင် တို့ကြားနာခဲ့ပြီးသော နှုတ်တော်ထွက်စကားပင်ဖြစ်၏။-
I Jo BurCBCM 2:8  သို့သော် မှောင်မိုက်ခြင်းသည် ပျောက်ကွယ်သွားပြီး စစ် မှန်သောအလင်းသည်လည်း ထွန်းလင်းလျက်ရှိပြီဖြစ် သောကြောင့် သင်တို့အား ငါရေးသားဖော်ပြနေသော ပညတ်မှာ ပညတ်တော်အသစ်ဖြစ်လေ၏။ ယင်းသည် ကိုယ်တော်၌လည်းကောင်း၊ သင်တို့၌လည်းကောင်း မှန်ကန်လေ၏။-
I Jo BurCBCM 2:9  ငါသည် အလင်း၌ရှိသည်ဟုဆိုလျက် မိမိ၏ ညီအစ်ကိုကို မုန်းတီးသောသူသည် မှောင်မိုက်ထဲ၌ပင် ရှိနေလေ၏။-
I Jo BurCBCM 2:10  မိမိ၏ညီအစ်ကိုကို ချစ်သောသူသည် အလင်း၌တည်ရှိ၍ ထိုသူသည် လမ်းမှားသို့ ရောက်ရန် အကြောင်းမရှိချေ။-
I Jo BurCBCM 2:11  မိမိ၏ ညီအစ်ကိုကို မုန်းတီးသော သူမူကား မှောင်မိုက်ထဲတွင် ရှိနေ၍ သူသည် အမှောင်၌ လျှောက်လှမ်းလေ၏။ အမှောင် သည် သူ့ကို မျက်စိကန်း စေသောကြောင့် သူသည် မိမိမည်သည့်အရပ်သို့သွားနေသည်ကို မသိချေ။
I Jo BurCBCM 2:12  ငါ၏သားသမီးတို့၊ ကိုယ်တော်၏နာမတော်အား ဖြင့် သင်တို့၏အပြစ်များသည် ဖြေလွှတ်ခြင်းခံရသော ကြောင့် ငါသည် သင်တို့ထံသို့ စာရေးဖော်ပြခြင်းဖြစ်၏။-
I Jo BurCBCM 2:13  ဖခင်များတို့၊ သင်တို့သည် အစဦးကပင် တည်ရှိတော်မူ သောသခင်ကို သိကြသောကြောင့် သင်တို့ထံသို့ ကျွန်ုပ် စာရေးလိုက် ပါ၏။ လူငယ်များတို့၊ သင်တို့သည် ဆိုး ယုတ်သောသူကို အောင်မြင်ခဲ့ကြသောကြောင့် သင်တို့ ထံသို့ ငါစာရေးလိုက်ပါ၏။ သားသမီးများတို့၊ သင်တို့သည် ခမည်းတော်ဘုရားကို သိကြသောကြောင့် သင်တို့ ထံသို့ ငါစာရေးလိုက်ပါ၏။-
I Jo BurCBCM 2:14  ဖခင်များတို့၊ သင်တို့သည် အစဦးကပင် တည်ရှိတော်မူသောကိုယ်တော့်ကို သိကြသောကြောင့် သင်တို့ထံသို့ ကျွန်ုပ်စာရေးလိုက်ပါ၏။ လူငယ်များတို့၊ သင်တို့သည် ခွန်အားရှိကြ၍ ဘုရားသခင် ၏နှုတ်တော်ထွက်စကားသည် သင်တို့၌ ကိန်းအောင်း တော်မူပြီး သင်တို့သည် ဆိုးယုတ်သောသူကို အောင်မြင် ခဲ့ကြသောကြောင့် သင်တို့ထံသို့ ငါစာရေးလိုက်ပါ၏။
I Jo BurCBCM 2:15  လောကနှင့် လောက၌ရှိသောအရာများကို တပ် မက်ခြင်းမရှိကြနှင့်။ တစ်စုံတစ်ယောက်သည် လောက ကို တပ်မက်လျှင် ခမည်းတော်ဘုရား၏ချစ်ခြင်းမေတ္တာသည် သူ၌တည်တော်မမူချေ။-
I Jo BurCBCM 2:16  အကြောင်းမူကား လောကတွင်ရှိသောအရာများဖြစ်ကြသည့် ကာယဖြင့် တပ်မက်စွဲလန်းခြင်း၊ မျက်စိဖြင့်မြင်၍ လိုချင်တပ်မက်ခြင်းနှင့် ဥစ္စာပိုင်ဆိုင်ခြင်း၌ ဂုဏ်ယူဝါကြွားခြင်းတို့သည် ခမည်း တော်ဘုရားနှင့် မသက်ဆိုင်ဘဲ လောကနှင့်သာ သက် ဆိုင်သောကြောင့်တည်း။-
I Jo BurCBCM 2:17  လောကနှင့် လောက၏စွဲ လန်းတပ်မက်ခြင်းရှိသမျှတို့သည် ပျောက်ကွယ်သွား တတ်၏။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက် သောသူမူကား အစဉ်ထာ၀ရအသက်ရှင်လိမ့်မည်။
I Jo BurCBCM 2:18  သားသမီးတို့၊ ဤသည်ကား နောက်ဆုံးသော အချိန်ကာလဖြစ်၏။ ခရစ်တော်ကိုဆန့်ကျင်သူရောက် လာမည်ကို သင်တို့ကြားထားခဲ့ပြီးဖြစ်သကဲ့သို့ ယခုအခါတွင် ခရစ်တော်ကို ဆန့်ကျင်သူအများအပြားရောက်လာကြလေပြီ။ ထို့ကြောင့် ဤအချိန်သည် နောက်ဆုံး အချိန်ကာလဖြစ်ကြောင်း ငါတို့သိကြ၏။-
I Jo BurCBCM 2:19  ထိုသူတို့ သည် ငါတို့ထံမှ ထွက်ခွာသွားခဲ့ကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်အတူ ပါဝင်ခဲ့ကြသည်မဟုတ်။ အကယ်၍ သူတို့သည် ငါတို့နှင့်အတူပါဝင်ခဲ့ကြလျှင် ငါတို့နှင့်အတူ ဆက်လက်၍ ရှိနေကြမည်ဖြစ်၏။ သို့သော် သူတို့သည် ထွက်ခွာသွားခဲ့ ကြသဖြင့် သူတို့အားလုံးသည် ငါတို့နှင့် အတူမရှိကြောင်း ထင်ရှားလေပြီ။-
I Jo BurCBCM 2:20  သင်တို့မူကား သန့်ရှင်းသောအရှင်အားဖြင့် ဘိသိက်သွန်းလောင်းခြင်းခံခဲ့ ကြရ၍ သင်တို့အားလုံးသည် အသိတရားကို ခံယူရရှိခဲ့ ကြလေပြီ။-
I Jo BurCBCM 2:21  သင်တို့သည် သမ္မာတရားတော်ကို မသိကြသောကြောင့် ငါသည် သင်တို့ထံသို့ စာရေးခြင်းမဟုတ်။ သင်တို့သည် သမ္မာတရားကိုသိကြ၍ လိမ်လည်ခြင်းသည် သမ္မာတရားနှင့်မသက်ဆိုင်သည်ကို သင်တို့သိကြသောကြောင့်ဖြစ်၏။-
I Jo BurCBCM 2:22  ယေဇူးသည် ခရစ်တော်ဖြစ် တော်မူသည်ကို ငြင်းပယ်သောသူမှလွဲ၍ မည်သူသည် လိမ်လည်သောသူဖြစ်သနည်း။ ထိုသူ သည် ခရစ်တော် အား ဆန့်ကျင်သူဖြစ်၏။ သူသည် ခမည်းတော်နှင့် သား တော်ကို ငြင်းပယ်၏။-
I Jo BurCBCM 2:23  သားတော်ကိုငြင်းပယ်သော သူ၌ ခမည်းတော်သည် တည်နေတော်မမူပေ။ သားတော်ကို လက်ခံသောသူ၌မူကား ခမည်းတော်သည် တည်နေတော်မူ၏။-
I Jo BurCBCM 2:24  အစဦးကပင် သင်တို့ကြားနာခဲ့ကြရသော အရာသည် သင်တို့၌ တည်နေပါစေ။ ထိုသို့အစဦးကပင် သင်တို့ကြားနာခဲ့ရသော အရာသည် သင်တို့၌ တည်ရှိလျှင် သင်တို့သည် သားတော်နှင့်အတူ ခမည်းတော်၌ လည်း တည်ရှိကြလိမ့်မည်။-
I Jo BurCBCM 2:25  ဤသည်ကား ငါတို့အား ကိုယ်တော်ကတိထားတော်မူခဲ့သော ထာ၀ရအသက် ပင်ဖြစ်သတည်း။
I Jo BurCBCM 2:26  သင်တို့ကို လှည့်ဖြားမည့်သူများအကြောင်းနှင့် ပတ်သက်၍ သင်တို့ထံ ငါစာရေးခဲ့ပြီးဖြစ်၏။-
I Jo BurCBCM 2:27  သို့သော် ကိုယ်တော့်ထံမှ သင်တို့ခံယူရရှိခဲ့သော ဘိသိက်သွန်း လောင်းခြင်းသည်ကား သင်တို့၌ တည်ရှိသည်ဖြစ်၍ သင် တို့သည် အဘယ်သူ၏သင်ကြားမှုကိုမျှ မလိုအပ်ချေ။ အကြောင်းမူကား ကိုယ်တော်၏ဘိသိက်သွန်းလောင်း ခြင်းသည် သင်တို့ အား ခပ်သိမ်းသောအရာတို့ကို သွန် သင်တော်မူသောကြောင့်ဖြစ်၏။ ထိုသွန်သင်သမျှသည် မှန်ကန်၍ လိမ်ညာလှည့်ဖြားခြင်း မရှိပေ။ ကိုယ်တော် သည် သင်တို့အား သွန်သင်တော်မူသည့်အတိုင်း ကိုယ် တော်၌ တည်နေကြလော့။
I Jo BurCBCM 2:28  သားသမီးတို့၊ ကိုယ်တော်၌ တည်နေကြလော့။သို့မှသာ ကိုယ်တော်ကြွလာတော်မူသောအခါ ငါတို့ သည် ရှက်ကြောက် ခြင်းဖြင့် ကိုယ်တော့်ထံမှ တွန့်ဆုတ် ခြင်းမရှိဘဲ ယုံကြည်အားကိုးစိတ်ရှိကြလိမ့်မည်။-
I Jo BurCBCM 2:29  ကိုယ်တော်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိကြလျှင် ဖြောင့်မှန်စွာကျင့်သောသူတိုင်းသည် ကိုယ်တော်မှ ဖြစ်ပေါ်လာကြောင်းကို သင်တို့အသေအချာသိကြလိမ့် မည်။