Site uses cookies to provide basic functionality.

OK
I JOHN
1 2 3 4 5
Prev Up Next Toggle notes
Chapter 5
I Jo BurCBCM 5:1  ယေဇူးသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သူတိုင်းသည် ဘုရားသခင်၏သား သမီးဖြစ်၏။ မိဘကိုချစ်သော သူတိုင်းသည်လည်း သားသမီးကိုချစ်၏။-
I Jo BurCBCM 5:2  ငါတို့သည် ဘုရားသခင်ကိုချစ်၍ ကိုယ်တော်၏ပညတ်တော်များကို လိုက်နာကြသောအခါ ငါတို့သည် ဘုရားသခင်၏ သားသမီးများကိုလည်း ချစ်ကြကြောင်း ငါတို့သိကြ၏။-
I Jo BurCBCM 5:3  အကြောင်းမူကား ဘုရား သခင်ကိုချစ်ခြင်းဆိုသည်မှာ ကိုယ်တော်၏ပညတ်တော် များကို စောင့်ထိန်းခြင်းပင်ဖြစ်သတည်း။ ကိုယ်တော်၏ ပညတ်တော်များမှာလည်း ငါတို့အတွက် မလေးလံလှပေ။-
I Jo BurCBCM 5:4  အကြောင်းမူကား ဘုရားသခင်ထံမှ လာသောသူတိုင်း ဤကမ္ဘာလောကကို အောင်နိုင်ကြသောကြောင့်ဖြစ်၏။ ကမ္ဘာလောက ကိုအနိုင်ယူ၍ အောင်ပွဲခံသော အရာသည်ကား ငါတို့၏ယုံကြည်ခြင်းပေတည်း။-
I Jo BurCBCM 5:5  ယေဇူးသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမှလွဲ၍ မည်သူသည် ကမ္ဘာလောကကို အောင်မြင်နိုင်သနည်း။
I Jo BurCBCM 5:6  ရေနှင့်သွေးအားဖြင့် ကြွလာတော်မူခဲ့သောအရှင်သည် ယေဇူးခရစ်တော်ဖြစ်သတည်း။ ကိုယ်တော်သည် ရေအားဖြင့်သာ မဟုတ်ဘဲ ရေနှင့် သွေးအားဖြင့် ကြွလာ တော်မူခြင်းဖြစ်၏။-
I Jo BurCBCM 5:7  ဝိညာဉ်တော်သည် သက်သေခံသူ ဖြစ်တော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သမ္မာတရားဖြစ်တော်မူသော ကြောင့်တည်း။-
I Jo BurCBCM 5:8  သက်သေခံသူ သုံးဦးရှိ၏။ ၎င်းတို့သည်ကား ဝိညာဉ်တော်၊ ရေ နှင့် သွေးတို့ဖြစ်ကြ၏။ ထိုသုံးဦးတို့သည် တညီတညွတ် တည်း သက်သေခံကြလေ၏။-
I Jo BurCBCM 5:9  ငါတို့သည် လူတို့၏ သက်သေခံချက်ကိုခံယူကြလျှင် ဘုရားသခင်၏သက် သေခံချက်သည် ပို၍ကြီးမြတ်ပေ၏။ အကြောင်းမူ ကား ဤသက်သေခံချက်မှာ ဘုရားသခင်က မိမိ၏သားတော်အတွက် သက်သေခံပေးခြင်းဖြစ်သောကြောင့်တည်း။-
I Jo BurCBCM 5:10  ဘုရားသခင်၏သားတော်၌ ယုံကြည်သောသူသည် မိမိ၏စိတ်နှလုံးအတွင်း၌ပင် ထိုအချက်ကို သက်သေခံလေ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား ဘုရားသခင်အား လိမ်ညာသူဟုခေါ်ဆိုလေ၏။ အကြောင်းမူကား ထိုသူသည် ဘုရားသခင်က မိမိသားတော်နှင့်ပတ် သက်၍ သက်သေခံထားသောအချက်ကို မယုံကြည်သောကြောင့်ဖြစ်၏။-
I Jo BurCBCM 5:11  ဤသက်သေခံချက်တွင်ဆိုထား သည်မှာ ဘုရားသခင်သည် ငါတို့အား ထာ၀ရအသက်ကို ပေးတော်မူပြီ၊ ထိုအသက်သည် မိမိ၏သားတော်၌ တည်လျက်ရှိသည်ဟူ၍ဖြစ်လေ၏။-
I Jo BurCBCM 5:12  သားတော်ကို ရရှိ သောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သား တော်ကို မရရှိသောသူမူကား အသက်ကိုမရပေ။ ထာ၀ရအသက်နှင့်ဆိုင်သောအသိပညာ
I Jo BurCBCM 5:13  သင်တို့၌ ထာ၀ရအသက်ရှိကြောင်း သိရှိစေရန် အလို့ငှာ ငါသည် ဘုရားသခင်၏သားတော်နာမတော်၌ ယုံကြည်သော သင်တို့ထံသို့ ဤစာကိုရေးလိုက်ခြင်းဖြစ်၏။-
I Jo BurCBCM 5:14  ကိုယ်တော်၌ ငါတို့ထားရှိသောယုံကြည်စိတ်ချမှုသည်ကား ငါတို့သည် မည်သည့်အရာကိုမဆို ကိုယ် တော်၏အလိုတော် အတိုင်း တောင်းခံကြပါလျှင် ကိုယ် တော်သည် ငါတို့ကို နားညောင်းတော်မူလိမ့်မည်ဟူ၍ ဖြစ်သတည်း။-
I Jo BurCBCM 5:15  ငါတို့တောင်းခံသမျှကို ကိုယ်တော်နား ညောင်းတော်မူကြောင်းကို ငါတို့သိကြပါလျှင် ငါတို့သည် ကိုယ်တော့်ထံမှ တောင်းခံသမျှကို ရရှိပြီးဖြစ်ကြောင်း သိကြ၏။-
I Jo BurCBCM 5:16  တစ်စုံတစ်ယောက်က မိမိ၏ညီအစ်ကိုသည် ကြီးလေးမှုမရှိသောအပြစ်ကျူးလွန်သည်ကို မြင်သဖြင့် သူသည် ဘုရားသခင် ထံအသနားခံလျှင် ကိုယ်တော်သည်လည်း သူ့အားကြီးလေးမှုမရှိသောအပြစ်ကျူး လွန်သူများအတွက်ထားသောအသက်ကို ပေးသနား တော်မူလိမ့်မည်။ ကြီးလေးသောအပြစ်မကောင်းမှု လည်းရှိ၏။ ထိုသို့သောအပြစ်အတွက် ဆုတောင်းရ မည်ဟူ၍ ငါမဆို။-
I Jo BurCBCM 5:17  မိုက်မဲစွာပြုမူသောအမှုတိုင်းသည် အပြစ်ဖြစ်၏။ သို့သော် ကြီးလေးမှုမရှိသောအပြစ်မျိုး လည်းရှိ၏။
I Jo BurCBCM 5:18  ဘုရားသခင်၏သားသမီးဖြစ်သူသည် အပြစ်ကို မကျူးလွန်ကြောင်း ငါတို့သိကြ၏။ သို့သော် ဘုရားသခင် မှမွေးဖွားလာ သောအရှင်သည် သူ့ကိုထိန်းသိမ်းစောင့် ရှောက်သည်ဖြစ်၍ နတ်ဆိုးသည် ထိုသူ့ကို မထိခိုက်နိုင် ပေ။
I Jo BurCBCM 5:19  ငါတို့သည် ဘုရားသခင်ထံမှဖြစ်ပြီး ကမ္ဘာလောက တစ်ခုလုံးသည် နတ်ဆိုး၏တန်ခိုးအာဏာအောက်တွင် ရှိကြောင်း ငါတို့သိကြ၏။
I Jo BurCBCM 5:20  စစ်မှန်သောအရှင်ကိုသိရှိနိုင်ရန် ဘုရားသခင်၏ သားတော်သည် ကြွလာပြီးလျှင် ငါတို့အား သိနားလည်ခြင်းကို ပေးသနား တော်မူခဲ့ကြောင်း ငါတို့သိကြ၏။ ငါတို့သည် စစ်မှန်သောအရှင်၌လည်းကောင်း၊ ထိုအရှင်၏ သားတော်ယေဇူး ခရစ်တော်၌ လည်းကောင်း တည်ရှိကြ၏။ ဤသည်ကား စစ်မှန်သောဘုရားသခင်နှင့် ထာ၀ရ အသက်ပင်ဖြစ်၏။-
I Jo BurCBCM 5:21  သားသမီးတို့၊ သင်တို့ကိုယ်ကို ရုပ် တုဆင်းတုကိုးကွယ်ခြင်းမှကင်းရှင်းစေကြလော့။