Site uses cookies to provide basic functionality.

OK
II CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13
Prev Up Next Toggle notes
Chapter 12
II C BurCBCM 12:1  ငါသည် ကြွားဝါခြင်းအားဖြင့် မည်သည့်အကျိုးအမြတ်မျှမခံစားရသော်လည်း သခင်ဘုရား၏ရူပါရုံများနှင့် ဗျာဒိတ်တော်များ အကြောင်း ကို ဆက်လက်၍ပြောဆိုဦးမည်။-
II C BurCBCM 12:2  လွန်ခဲ့သောတစ် ဆယ့်လေးနှစ်က ကောင်းကင်၏တတိယအဆင့်တိုင်အောင် ဆောင်ယူသွားခြင်းခံရသည့် ခရစ်တော်၏ နောက်လိုက်တစ်ဦးကို ငါသိ၏။ သူသည် ခန္ဓာကိုယ်နှင့်တကွ ဆောင်ယူခံရခြင်းလော၊ ခန္ဓာကိုယ်မပါဘဲ ဆောင်ယူခံရခြင်းလော ဆိုသည်ကိုမူ ငါမသိပေ။ ထိုအချက်ကို ဘုရားသခင်သိတော်မူ၏။-
II C BurCBCM 12:3  ဤသူသည် ပါရာဒီးဇူးသို့ဆောင်ယူ ခြင်းခံခဲ့ရသည်ကို ငါသိ၏။-
II C BurCBCM 12:4  သူသည် လူတို့၏နှုတ်ဖြင့် မမြွက်ဆိုအပ်၊ မြွက်ဆို၍လည်း မရနိုင်သည့်အကြောင်း အရာများကိုကြားခဲ့ရ၏။-
II C BurCBCM 12:5  ငါသည် ဤသူ၏ကိုယ်စား ကြွားဝါပြောဆိုမည်။ ငါ့အတွက်ဆိုလျှင်ကား ငါ၏အား နည်းချက်များမှတစ်ပါး အခြားအရာများကို ငါကြွားဝါလိမ့်မည်မဟုတ်ပေ။-
II C BurCBCM 12:6  အကယ်၍ ငါကြွားဝါလိုပါလျှင်လည်း ငါသည် သူရူးတစ်ယောက်ကဲ့သို့ဖြစ်လိမ့်မည်မဟုတ်။ အကြောင်းမူကား ငါသည် အမှန်တရားကိုသာ ပြောဆို မည်ဖြစ်သောကြောင့်တည်း။ သို့သော် ငါ့ကို မြင်ရသည်ထက်၊ ငါ့ထံမှကြားရသည်ထက်ပို၍ မည်သူမျှ ငါ့ကို အထင်မကြီးစေလိုသောကြောင့် ငါ့အကြောင်း ကြွားဝါ ခြင်းကို ငါရှောင်ကြဉ်မည်။-
II C BurCBCM 12:7  ငါခံယူရရှိသည့် များပြားလှ သောဗျာဒိတ်တော်များကြောင့် ငါသည် ဘဝင်မမြင့်စေ ခြင်းငှာ စာတန်နတ်ဆိုး၏ စေတမန်နှင့် တူသည့်ဆူးငြောင့် တစ်ခုကို ငါ၏ခန္ဓာကိုယ်ထဲတွင် ထားပေးတော်မူ၏။ ထိုဆူးငြောင့်သည် ငါ့အား အစဉ်နာကျင်စေ၍ ငါဘဝင် မမြင့်စေရန် တားဆီးပေး၏။-
II C BurCBCM 12:8  ထိုဝေဒနာကို ဖယ်ရှားပေးတော် မူပါရန် သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါတောင်းခံခဲ့၏။-
II C BurCBCM 12:9  သို့သော် ကိုယ်တော်က ငါ၏ကျေးဇူးတော်သည် သင့်အတွက် လုံလောက်ပေ၏၊ သင်အားနည်းသောအခါ ငါ၏တန်ခိုးတော်မှာ ပြည့်စုံလာလေသည်ဟု မိန့်တော်မူ၏။ ထို့ကြောင့် ငါ့အပေါ်၌ ခရစ်တော်၏တန်ခိုးတော် ကိန်းဝပ်စေရန်အလို့ငှာ ငါသည် ငါ၏အားနည်းချက်များကို ပို၍ပင် ဝမ်းမြောက်စွာ ဂုဏ်ယူကြွားဝါမည်။- ၁၀ ။ သို့ဖြစ်၍ ငါသည် အားနည်းခြင်းများ၊ ကဲ့ရဲ့စော်ကားခြင်းများ၊ အခက် အခဲများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဘေးဒုက္ခများကို ခရစ် တော်အတွက်ခံထမ်းရခြင်းကြောင့် အားရကျေနပ်မိ၏။ အကြောင်းမူကား ငါသည် အားနည်းသောအခါ ခွန်အား နှင့် ပြည့်စုံလာသောကြောင့်ဖြစ်၏။
II C BurCBCM 12:11  ငါသည် အရူးဖြစ်ခဲ့လေပြီ။ သင်တို့ကြောင့် ငါသည် ဤသို့ဖြစ်ရလေပြီ။ သင်တို့သည်သာ ငါ့ကို ချီးကျူးပြောဆိုသင့်၏။ အကြောင်းမူကား ငါသည် ဘာမျှမဟုတ်သော်လည်း ဤထိပ်တန်းတမန်တော်များထက် စိုးစဉ်းမျှ နိမ့်ကျသည်မဟုတ်။-
II C BurCBCM 12:12  စစ်မှန်သောတမန်တော်တစ်ပါး၏ အမှတ်လက္ခဏာများကို သင်တို့အကြားတွင်ပြသခဲ့ပြီး ဖြစ်၏။ ယင်းတို့သည်ကား သည်းခံကြိုးပမ်းခြင်း၊ အံ့ဖွယ် ရာများနှင့် တန်ခိုးနိမိတ်လက္ခဏာများကို ပြုလုပ်ခြင်းတို့ ပင်တည်း။-
II C BurCBCM 12:13  ငါသည် မည်သို့သောနည်းအားဖြင့် သင်တို့ အား အခြားသောအသင်းတော်များထက် လျှော့ပေါ့၍ ဆက်ဆံခဲ့ပါသနည်း။ ငါ့အတွက် သင်တို့၌ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ပြုလုပ်ခဲ့ခြင်းသာရှိ၏။ ထိုကဲ့သို့ မညီမမျှဖြစ် စေခဲ့သည့်အတွက် ငါ့ကိုခွင့်လွှတ် ကြပါလော့။
II C BurCBCM 12:14  ငါသည် ယခုသင်တို့ထံသို့ တတိယအကြိမ်လာရန် အဆင်သင့်ရှိလေပြီ။ သို့ရာတွင် သင်တို့အား ငါ့အတွက် တာဝန်ကြီးလေး စေလိမ့်မည်မဟုတ်။ အကြောင်းမူကား ငါအလိုရှိသည့်အရာမှာ သင်တို့ပိုင်ဆိုင်သောအရာများ မဟုတ်ဘဲ သင်တို့သာလျှင်ဖြစ်၏။ အဘယ်ကြောင့်ဆို သော် သားသမီးများသည် မိဘများအတွက် သိုမှီးစု ဆောင်းခြင်းမပြုသင့်ဘဲ မိဘများကသာ သားသမီးများ အတွက် စုဆောင်းသင့်၏။-
II C BurCBCM 12:15  ငါသည် သင်တို့အတွက် ဝမ်း မြောက်ခြင်းကြီးစွာဖြင့် အကုန်အကျခံမည်ဖြစ်ပြီး သင်တို့၏ဝိညာဉ်များအတွက် ငါ၏အင်အား ကိုကုန်ခန်းစေမည်။ ငါသည် သင်တို့ကို ပို၍ချစ်ပါလျက်နှင့် သင်တို့သည် ငါကို လျော့၍ချစ်ကြမည်လော။-
II C BurCBCM 12:16  ငါသည် သင်တို့ကို တာဝန်မပိုစေခဲ့ခြင်းအားဖြင့် ပါးနပ်စွာပရိယာယ်ဆင်၍ သင်တို့၌ အကျိုးအမြတ်ထုတ်ခဲ့သည်ဟု သင်တို့ကဆို ကြ၏။-
II C BurCBCM 12:17  သင်တို့ထံသို့ ငါစေလွှတ်သူများထဲမှ တစ်ဦးဦးအားဖြင့် ငါသည် သင်တို့ထံမှအခွင့်အရေးယူခဲ့ဖူးသ လော။-
II C BurCBCM 12:18  ငါသည် တိတုကို သင်တို့ထံသွားရန် မေတ္တာရပ် ခံ၍ အခြားညီအစ်ကိုတစ်ဦးကို သူနှင့်အတူ စေလွှတ်ခဲ့ ၏။ တိတုသည် သင်တို့ထံမှ အခွင့်အရေးယူခဲ့သလော။ ငါတို့သည် တူညီသောစိတ်ဓာတ်နှင့် ပြုမူခဲ့ကြသည် မဟုတ်လော။ ငါတို့သည် တူညီသောအမှုအရာများကို လုပ်ဆောင်ခဲ့ကြသည်မဟုတ်လော။
II C BurCBCM 12:19  ငါတို့သည် သင်တို့ရှေ့တွင် မိမိတို့ကိုယ်ကို ကာ ကွယ်ပြောဆိုနေကြသည်ဟု သင်တို့တစ်ချိန်လုံးထင် မှတ်နေကြသလော။ ငါတို့သည် ခရစ်တော်၏နာမတော်အားဖြင့် ဘုရားသခင်၏မျက်မှောက်တော်၌ ပြောဆိုနေ ကြခြင်းသာဖြစ်၏။ ချစ်မိတ်ဆွေတို့၊ ငါတို့ပြုသမျှအရာ များသည် သင်တို့၏ကောင်းကျိုးအတွက်သာဖြစ်၏။-
II C BurCBCM 12:20  ငါလာသောအခါ သင်တို့သည် ငါ့အလိုကျမဟုတ်သည်ကို လည်းကောင်း၊ ငါသည်လည်း သင်တို့အလိုကျမဟုတ် သည်ကိုလည်းကောင်း တွေ့ကြရမည်ကို ငါစိုးရိမ်၏။ ထို့အတူ ခိုက်ရန်ဖြစ်ပွားခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ အတင်းအဖျင်းပြောဆိုခြင်း၊ မာနထောင်လွှားခြင်း၊ ရုန်းရင်းဆန် ခတ်ဖြစ်ခြင်းများ ဖြစ်ပေါ်နေမည်ကိုလည်း ငါစိုးရိမ်၏။-
II C BurCBCM 12:21  ငါသည် သင်တို့ထံသို့ နောက်တစ်ဖန်ပြန်လာသောအခါ ဘုရားသခင်သည် ငါ့ကို သင်တို့ရှေ့မျက်မှောက်၌ အရှက်ရစေတော် မူမည်ကို ငါစိုးရိမ်၏။ များစွာသောသူတို့သည် အပြစ်ပြုခဲ့ကြပြီး မိမိတို့ ကျူးလွန်ခဲ့သည့်မတရားသော မေထုန်မှီဝဲခြင်း၊ ကာမဂုဏ်အမှု၌ ဖောက်ပြန်ခြင်းတို့အ တွက် နောင်တမရဘဲရှိကြသည်ကိုတွေ့ရလျှင် ထိုသူတို့ အတွက် ငါကြေကွဲရမည် ကိုလည်း ငါစိုးရိမ်ပါ၏။