II CORINTHIANS
Chapter 9
II C | BurCBCM | 9:1 | သန့်ရှင်းသူတို့အတွက် ပေးကမ်းလှူဒါန်းခြင်းနှင့်ပတ်သက်၍ သင်တို့ထံသို့ စာရေးရသည်မှာ ငါ့အတွက် အပိုသက်သက် ပင်ဖြစ်သည်။- | |
II C | BurCBCM | 9:2 | အကြောင်းမူကား သင်တို့၏စိတ်အားထက်သန်မှုကို ငါသိပြီးဖြစ်၍ အာခါယာမှလူတို့သည် ယမန်နှစ်ကပင် အဆင်သင့်ရှိနေ ကြလေပြီဟူ၍ မာစီဒိုးနိယမှလူတို့ထံ၌ ငါကြွားဝါပြောဆိုခဲ့၏။ သင်တို့၏စိတ်အားထက်သန်မှုသည် ထိုသူတို့ထဲမှ အများစုကို စိတ်အားတက်စေခဲ့၏။- | |
II C | BurCBCM | 9:3 | သို့သော် ဤအမှုတွင် သင်တို့နှင့်ပတ်သက်၍ ငါတို့၏ဝါကြွားခြင်းသည် အလဟဿမဖြစ်ဘဲ ငါဆိုခဲ့သည့်အတိုင်း သင်တို့ သည် အဆင်သင့်ရှိနေကြစေရန် ညီအစ်ကိုတို့ကို သင်တို့ထံ ငါစေလွှတ်လိုက်၏။- | |
II C | BurCBCM | 9:4 | သို့မဟုတ်လျှင် မာစီဒိုးနိယမှ လူအချို့သည် ငါနှင့်အတူလိုက်ပါလာ၍ သင်တို့အဆင်သင့် မရှိကြကြောင်းကိုတွေ့လျှင် သင်တို့ကိုယ်တိုင်ကိုမဆို ထားနှင့်၊ ငါတို့ပင်လျှင် ယုံကြည်စိတ်ချစွာ ပြောဆိုထား ကြသောကြောင့် အရှက်ရကြလိမ့်မည်။- | |
II C | BurCBCM | 9:5 | ထို့ကြောင့် ညီအစ်ကိုတို့ကို သင်တို့ထံသို့ ငါ့ထက်အလျင်ဦးစွာသွား စေပြီးလျှင် သင်တို့ကတိထားရှိသောအလှူများကို ကြို တင်စုသိမ်းရန် လိုအပ်သည်ဟု ငါထင်မြင်၏။ ဤသို့ဖြင့် ငါရောက်လာသောအခါ အလှူသည် အဆင်သင့်ဖြစ်၍ ၎င်းသည် အနိုင်အထက်ပြုခြင်းကြောင့် လှူဒါန်းထားခြင်း မဟုတ်ဘဲ စေတနာဖြင့်လှူဒါန်းခြင်းဖြစ်ကြောင်း ပေါ်လွင် ထင်ရှားလိမ့်မည်။ | |
II C | BurCBCM | 9:6 | မျိုးစေ့အနည်းငယ်ကိုကြဲသောသူသည် အနည်း ငယ်ကိုသာ ရိတ်ရမည်။ များစွာကြဲသောသူသည် များစွာ ရိတ်ရမည် ဟူသောအချက်ကို သတိရကြလော့။- | |
II C | BurCBCM | 9:7 | လူတိုင်းသည် မိမိစိတ်ထဲ၌ ဆုံးဖြတ်ထားသည့်အတိုင်း လှူရမည်။ တွန့်တိုသောစိတ်နှင့်မလှူရ။ မတတ်သာသောစိတ် ဖြင့်လည်း မလှူရ။ အကြောင်းမူကား ဘုရားသခင်သည် ဝမ်းမြောက်သောစိတ်ဖြင့်လှူဒါန်းသောသူကို နှစ်သက်တော်မူ၏။- | |
II C | BurCBCM | 9:8 | ထို့အတူ ဘုရားသခင်သည် သင်တို့အား များ စွာသောကျေးဇူးတော်အမျိုးမျိုးတို့ဖြင့် ဖြည့်ဆည်းပေးနိုင် တော်မူ၏။ ဤသို့ဖြင့် သင်တို့သည် အရာရာ၌ အစဉ်အမြဲ အလုံအလောက်ရှိကြ၍ အလုံးစုံသောကောင်းမှုလုပ် ငန်းများ၌ အမြောက်အမြား ဖြည့်ဆည်း ပေးနိုင်ကြပေလိမ့်မည်။- | |
II C | BurCBCM | 9:9 | ကျမ်းစာတော်မြတ်၌လည်း ရေးထားသည်မှာ သူ သည် အရပ်ရပ်သို့သွား၍ စွန့်ကြဲပြီး ဆင်းရဲသောသူတို့ အား ပေးကမ်းလေ၏။ သူ၏သဒ္ဓါတရားသည် အစဉ်အမြဲ တည်၏ဟူ၍ဖြစ်သတည်း။ | |
II C | BurCBCM | 9:10 | မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုဖြည့်ဆည်းပေး၍ အစာအာဟာရအတွက် ပေါင်မုန့်ကိုပေးတော်မူသောသူသည် သင်တို့၏ဥစ္စာများကို ဖြည့်တင်း၍ ပွားများစေပြီး သင်တို့၏ဖြောင့်မတ်ခြင်းအသီးအနှံများကိုလည်း တိုး ပွားစေလိမ့်မည်။- | |
II C | BurCBCM | 9:11 | သင်တို့သည် ရက်ရောစွာဖြင့် အများ အပြားပေးကမ်းစွန့်ကြဲနိုင်ရန် အရာရာ၌ ပြည်စုံကြွယ်၀ကြလိမ့်မည်။ လူတို့သည် လည်း ငါတို့မှတစ်ဆင့် ရရှိသော ထိုအလှူများကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်းကြလိမ့်မည်။- | |
II C | BurCBCM | 9:12 | အကြောင်းမူကား ဤအမှုတော်ကို ဆောင်ရွက်ခြင်းသည် သန့်ရှင်းသူတို့၏လိုအပ်ချက်များ ကိုဖြည့်ဆည်းပေးသည့်အပြင် ဘုရားသခင်အားကျေးဇူး တင်ချီးမွမ်းခြင်းကိုလည်း တိုးပွားစေလေ၏။- | |
II C | BurCBCM | 9:13 | ဤသို့ ပေးကမ်းစွန့်ကြဲခြင်းအမှုကို ဆောင်ရွက်ကြသောအခါ ခရစ်တော်၏ဧဝံဂေလိတရားတော်ကိုဝန်ခံရာ၌ ထားရှိသည့် သင်တို့၏နာခံခြင်းကိုလည်းကောင်း၊ သန့်ရှင်းသူများနှင့် အခြားသူအားလုံးတို့အတွက် ရက်ရောစွာပေးကမ်းကြသည့် သင်တို့၏ သဒ္ဓါတရားကိုလည်းကောင်း သူတို့တွေ့ရှိကြသဖြင့် သူတို့သည် ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းထောမနာပြု ကြလိမ့်မည်။- | |
II C | BurCBCM | 9:14 | တစ်ချိန်တည်းတွင် ပင်သင်တို့၌ တည်ရှိတော်မူသော ဘုရားသခင်၏ထူးမြတ်သည့်ကျေးဇူးတော်ကြောင့် သူတို့သည် သင်တို့ကို တမ်းတမြတ်နိုးကြ၍ သင်တို့အတွက် ဆုတောင်းပေး ကြ၏။- | |