JEREMIAH
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
Chapter 37
Jere | BurJudso | 37:1 | ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ရှင်ဘုရင်အရာ၌ ခန့်ထားသော ယောယကိမ်သားခေါနိ အရာ၌၊ ယောရှိမင်းကြီး၏ သားဇေဒကိမင်းကြီးသည် နန်းထိုင်လေ၏။ | |
Jere | BurJudso | 37:2 | ထာဝရဘုရားသည် ယေရမိအားဖြင့် မိန့်တော် မူသော စကားတော်တို့ကို၊ ထိုမင်းကြီးအစရှိသော ကျွန်များ၊ ပြည်သူပြည်သားများတို့သည် နားမထောင်ဘဲ နေကြ၏။ | |
Jere | BurJudso | 37:3 | တရံရောအခါ ဇေဒကိမင်းကြီးသည်၊ ရှေလမိ သားယေဟုကလနှင့်ယဇ်ပုရောဟိတ် မာသေယသား ဇေဖနိတို့ကို ပရောဖက်ယေရမိထံသို့ စေလွှတ်၍၊ ငါတို့ အဘို့ငါတို့ဘုရားသခင်ထာဝရ ဘုရားအားဆုတောင်း ပါလော့ဟု မှာလိုက်၏။ | |
Jere | BurJudso | 37:5 | ယေရုရှလင်မြို့ကို ပိုင်းသော ခါလဒဲလူတို့သည်၊ အဲဂုတ္တုပြည်မှ ဖာရောဘုရင်၏ ဗိုလ်ခြေများစစ်ချီ၍ လာကြောင်းကို ကြားလျှင်၊ ထိုမြို့မှ ထွက်သွားကြပြီ။ | |
Jere | BurJudso | 37:7 | ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကိုမေးလျှောက်စေခြင်းငှါ၊ သင့်ကိုမှာလိုက်သော ယုဒရှင်ဘုရင်အား ဤသို့ပြန်ပြော လော့။ သင်တို့ကိုစစ်ကူခြင်းငှါလာသော ဖာရောဘုရင်၏ ဗိုလ်ခြေတို့သည်သူတို့နေရင်း အဲဂုတ္တုပြည်သို့ ပြန်သွားကြ လိမ့်မည်။ | |
Jere | BurJudso | 37:9 | ထာဝရဘုရားမိန့်တော်မူသည်ကား၊ အကယ်စင် စစ်ခါလဒဲလူတို့သည် ငါတို့ထံမှ ထွက်သွားကြလိမ့်မည်ဟု ဆို၍ ကိုယ်ကိုကိုယ်မလှည့်စားကြနှင့်။ သူတို့သည် ထွက်၍ မသွားရကြ။ | |
Jere | BurJudso | 37:10 | ထိုမျှမက၊ သင်တို့ကိုစစ်တိုက်သော ခါလဒဲ စစ်သူရဲအပေါင်းတို့ကို သင်တို့သည်လုပ်ကြံသဖြင့်၊ သူတို့ တွင် ဒဏ်ချက်ထိသော သူသက်သက် ကျန်ကြွင်းသော် လည်း၊ သူတို့သည် အသီးအသီးမိမိတို့ထဲ၌ထ၍၊ ဤမြို့သို့ မီးရှို့ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Jere | BurJudso | 37:11 | ခါလဒဲစစ်သူရဲတို့သည် ဖာရောဘုရင်၏ဗိုလ်ခြေ တို့ကို ကြောက်ရွံ့၍၊ ယေရုရှလင်မြို့မှ ဆုတ်သွားကြသော အခါ၊ | |
Jere | BurJudso | 37:12 | ယေရမိသည်မိမိအမျိုး၌ မိမိအမွေဥစ္စာကို ခံအံ့ သောငှါ၊ ဗင်္ယာမိန်ပြည်သို့သွားမည်ဟု အကြံရှိ၍ ယေရု ရှလင်မြို့မှ ထွက်သွားလေ၏။ | |
Jere | BurJudso | 37:13 | ဗင်္ယာမိန်တံခါးဝသို့ ရောက်သောအခါ၊ ဟာနနိ သားဖြစ်သော ရှေလမိ၏ သားကင်းမှူးဣရိယက၊ သင်သည်ခါလဒဲ လူတို့ဘက်သို့ ကူးသွားပါသည် တကား ဟုဆိုလျက်၊ ပရောဖက်ယေရမိကိုဘမ်းဆီးလေ၏။ | |
Jere | BurJudso | 37:14 | ယေရမိ ကလည်း၊ မဟုတ်ပါ။ ခါလဒဲလူတို့ ဘက်သို့ ငါမကူးမသွားပါဟုဆိုသော်လည်း၊ ဣရိယသည် နားမထောင်ဘဲ၊ ယေရမိကို ယူ၍ မင်းများထံသို့ ပို့ဆောင် လေ၏။ | |
Jere | BurJudso | 37:15 | မင်းများတို့သည် အမျက်ထွက်၍ ယေရမိကို ရိုက်ပြီးမှ၊ စာရေးတော်ယောနသန်၏အိမ်၌ လှောင်ထား ကြ၏။ ထိုအိမ်ကို လှောင်အိမ်လုပ်နှင့်သတည်း။ | |
Jere | BurJudso | 37:17 | ဇေဒကိမင်းကြီးသည် လူကိုစေလွှတ်၍ ယေရမိ ကိုနှုတ်ပြီးမှ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရှိသလော ဟု နန်းတော်၌ တိတ်ဆိတ်စွာ မေးမြန်းလျှင်၊ ယေရမိက၊ နှုတ်ကပတ်တော်ရှိပါ၏။ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်လက်သို့ရောက်ပါလိမ့်မည်ဟု ပြန်လျှောက်၏။ | |
Jere | BurJudso | 37:18 | တဖန်ယေရမိက၊ အကျွန်ုပ်သည် ကိုယ်တော်ကို ပြစ်မှားသလော။ ကိုယ်တော်၏ကျွန်တို့ကို ပြစ်မှား သလော။ ဤလူမျိုးကို ပြစ်မှားသလော။ အဘယ်မည် သောအပြစ်ကြောင့် အကျွန်ုပ်ကို လှောင်ထားကြသနည်း။ | |
Jere | BurJudso | 37:19 | ဗာဗုလုန်ရှင်ဘုရင်သည် သင်တို့နှင့် ဤပြည်ကို မတိုက်မလာရဟု ဟောပြောသောသင်တို့၏ ပရောဖက် တို့သည် ယခုအဘယ်မှာ ရှိကြသနည်း။ | |
Jere | BurJudso | 37:20 | သို့ဖြစ်၍၊ အကျွန်ုပ်သခင်အရှင်မင်းကြီး၊ နားထောင်တော်မူပါ၊ အကျွန်ုပ်တောင်းပန်သောစကားကို နားခံတော်မူပါ။ အကျွန်ုပ်ကို သေစေခြင်းငှါ၊ စာရေး တော်ယောနသန်အိမ်သို့ ပြန်စေတော်မမူပါနှင့်ဟု ဇေဒကိမင်းကြီးကို လျှောက်ဆို၏။ | |