REVELATION OF JOHN
Chapter 10
Reve | BurCBCM | 10:1 | ထို့နောက် ခွန်အားကြီးသော ကောင်းကင်တမန်တော်တစ်ပါးသည် ကောင်းကင်မှ ဆင်းသက်လာသည်ကို ငါမြင်ရ၏။ သူသည် မိုးတိမ်ကိုလွှမ်းခြုံလျက် ဦးခေါင်းပေါ်တွင် သက်တန့်ရှိပြီး သူ၏မျက်နှာမှာ နေမင်းကဲ့သို့လည်းကောင်း၊ သူ၏ခြေတို့မှာမူ မီးရှူးတိုင်များ ကဲ့သို့လည်းကောင်း ဖြစ်လေ၏။- | |
Reve | BurCBCM | 10:2 | သူ၏လက်ထဲတွင် ဖွင့်ထားသော စာလိပ်ငယ်တစ်ခုရှိ၏။ သူသည် သူ၏ညာခြေကို ပင်လယ်ပေါ်၌လည်းကောင်း၊ သူ၏ဘယ်ခြေကို ကုန်းမြေပေါ်၌လည်းကောင်း ချထားလေ၏။- | |
Reve | BurCBCM | 10:3 | ထို့နောက် သူသည် ခြင်္သေ့ဟိန်းဟောက်သောအသံကဲ့သို့ ကျယ်သောအသံဖြင့် ဟစ်အော်လိုက်၏။ သူဟစ်အော်လိုက် သောအခါ မိုးထစ်ချုန်းသံခုနစ်ချက် ထွက်ပေါ်လာ၏။- | |
Reve | BurCBCM | 10:4 | မိုးထစ်ချုန်းသံခုနစ်ချက် ထွက်ပေါ်လာသောအခါ ငါသည် စာရေးရန် ပြင်ဆင်လိုက်၏။ သို့သော် ကောင်းကင်မှ ထွက်ပေါ်လာသောအသံက မိုးထစ်ချုန်းသံခုနစ်ချက်မှ ပြောခဲ့သည့်စကားများကို တံဆိပ်ခတ်၍ထားလော့၊ ၎င်းတို့ကို ရေးမှတ်မထားနှင့် ဟုဆိုသည်ကို ငါကြားရ၏။- | |
Reve | BurCBCM | 10:5 | ထိုအခါ ပင်လယ်နှင့် မြေပေါ်တွင်ရပ်နေသည်ကို ငါမြင်ခဲ့ရသော ကောင်းကင်တမန်တော်သည် သူ၏လက်ယာလက်ကို ကောင်းကင်သို့မြှောက်ပြီး၊- | |
Reve | BurCBCM | 10:6 | ကောင်းကင်နှင့် ကောင်းကင်တွင်ရှိသမျှတို့ကိုလည်းကောင်း၊ မြေကြီးနှင့်မြေကြီးပေါ်တွင် ရှိသမျှတို့ကိုလည်းကောင်း၊ ပင်လယ်နှင့်ပင်လယ်ထဲတွင် ရှိသမျှတို့ကိုလည်းကောင်း ဖန်ဆင်းတော်မူသော၊ ကာလအဆက်ဆက် အသက်ရှင်တော်မူသည့် အရှင်အား တိုင်တည်လျက်ဆိုသည်ကား စောင့်စားရသောအချိန်ကာလသည် လွန်လေပြီ၊- | |
Reve | BurCBCM | 10:7 | သတ္တမကောင်းကင်တမန်တော်၏ တံပိုးခရာမှုတ်သံကို ကြားရသောနေ့ရက်တို့၌ မိမိ၏အစေခံ ပရောဖက်တို့အား ဘုရားသခင် ဗျာဒိတ်ပေးတော်မူခဲ့သည့် နက်နဲရာတို့သည် ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်ဟူ၍ဖြစ်၏။ | |
Reve | BurCBCM | 10:8 | ထိုအခါ ငါကြားခဲ့ရသော ကောင်းကင်မှအသံက ငါ့အား ပင်လယ်နှင့်ကုန်းမြေပေါ်တွင် ရပ်နေသော ကောင်းကင် တမန်တော်၏ လက်ထဲတွင်ရှိသည့် ဖွင့်ထားသော စာလိပ်ကိုသွား၍ ယူလော့ဟု ထပ်မံပြောဆိုလေ၏။- | |
Reve | BurCBCM | 10:9 | သို့ဖြစ်၍ ငါသည် ထိုကောင်းကင်တမန်တော်ထံသို့သွားပြီးလျှင် စာလိပ်ငယ်ကို ငါ့အားပေးရန် တောင်းဆို၏။ ထိုအခါ သူက စာလိပ်ကိုယူ၍ စားလော့၊ ယင်းသည် သင်၏ဝမ်းတွင်း၌ ခါး၍ခံတွင်း၌မူကား ပျားရည်ကဲ့သို့ချိုလိမ့်မည်ဟုဆို၏။- | |
Reve | BurCBCM | 10:10 | ငါသည်လည်း ကောင်းကင်တမန်တော်၏လက်မှ စာလိပ်ငယ်ကိုယူ၍ စားလိုက်၏။ ယင်းသည် ငါ၏ခံတွင်း၌ ပျားရည်ကဲ့သို့ချိုသော်လည်း စားပြီးသောအခါတွင်မူကား ငါ၏ဝမ်းတွင်း၌ ခါးတူးလာ၏။- | |