REVELATION OF JOHN
Chapter 12
Reve | BurCBCM | 12:1 | ထိုအခါ ကောင်းကင်ယံ၌ ကြီးမားသော နိမိတ်လက္ခဏာတစ်ခု ပေါ်ထွန်းလေ၏။ အမျိုးသမီးတစ်ဦးသည် နေကိုဝတ်ဆင်ထားပြီး လကိုခြေဖြင့်နင်းလျက် ဦးခေါင်းပေါ်တွင်လည်း ကြယ်တစ်ဆယ့်နှစ်လုံးပါသည့် သရဖူကို ဆောင်းထားလေ၏။- | |
Reve | BurCBCM | 12:2 | သူမ၌ ပဋိသန္ဓေရှိပြီး သားဖွားအံ့ဆဲဆဲဖြစ်၍ သူမသည် သားဖွားခြင်းဝေဒနာဖြင့် အော်ဟစ်နေ၏။- | |
Reve | BurCBCM | 12:3 | ထိုအခါ ကောင်းကင်ယံတွင် အခြားသော နိမိတ်လက္ခဏာတစ်ခု ပေါ်လာပြန်၏။ ထိုအရာသည်ကား နီရဲသောနဂါးကြီးဖြစ်ပြီး ၎င်း၌ ဦးခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်းရှိ၍ သူ၏ဦးခေါင်းများပေါ်တွင် သရဖူခုနစ်ခုကိုဆောင်းထား၏။- | |
Reve | BurCBCM | 12:4 | သူ၏အမြီးသည် ကောင်းကင်မှကြယ်သုံးပုံတစ်ပုံကို ဆွဲယူပြီးလျှင် ကမ္ဘာမြေပေါ်သို့ ပစ်ချလိုက်လေ၏။ ထို့နောက် နဂါးကြီးသည် သားဖွားအံ့ဆဲဆဲဖြစ်သော အမျိုးသမီးရှေ့တွင်ရပ်လျက် သူမထံမှ ဖွားမြင်လတ္တံ့သော သားငယ်ကို ဝါးမျိုရန် စောင့်နေလေ၏။- | |
Reve | BurCBCM | 12:5 | ထိုအခါ သူမသည် လူမျိုးအပေါင်းတို့အား သံတောင်ဝှေးဖြင့် အုပ်စိုးမည့်သားယောက်ျားကို ဖွားမြင်လေ၏။ သူမ၏သားငယ်သည် ဘုရားသခင်နှင့် သူ၏ပလ္လင်တော်ထံသို့ ယူဆောင်သွားခြင်းခံရပြီး၊- | |
Reve | BurCBCM | 12:6 | ထိုအမျိုးသမီးသည်လည်း သူမအတွက် ဘုရားသခင်ပြင်ဆင်ထားတော်မူရာအရပ်ဖြစ်သော တောကန္တာရသို့ ထွက်ပြေးသွား လေ၏။ သူမသည် ထိုအရပ်၌ ရက်ပေါင်းတစ်ထောင့်နှစ်ရာ့ခြောက်ဆယ်တိုင်တိုင် ကျွေးမွေးပြုစုခြင်း ခံရမည်ဖြစ်၏။ | |
Reve | BurCBCM | 12:7 | ဤတွင် ကောင်းကင်၌ စစ်ကြီးဖြစ်လေရာ မီကာအဲလ်နှင့် သူ၏ကောင်းကင်တမန်တော်များသည် နဂါးကြီးကို တိုက်ခိုက်ကြ၏။ နဂါးကြီးနှင့် သူ၏တမန်များကလည်း ပြန်လည်တိုက်ခိုက်ကြလေ၏။- | |
Reve | BurCBCM | 12:8 | သို့ရာတွင် သူတို့သည် စစ်ရှုံးသောကြောင့် ကောင်းကင်ဘုံ၌ သူတို့အတွက် နေရာမရှိတော့ပေ။- | |
Reve | BurCBCM | 12:9 | ထိုအခါ ကမ္ဘာတစ်ခုလုံးကို လှည့်စားပြီး စာတန်နတ်ဆိုးဟုခေါ်တွင်သော ရှေးမြွေနဂါးဖြစ်သည့် နဂါးကြီးသည် မိမိ၏ တမန်များနှင့်အတူ မြေပေါ်သို့ပစ်ချခြင်းကို ခံရလေ၏။- | |
Reve | BurCBCM | 12:10 | ထို့နောက် ကောင်းကင်မှကျယ်သောအသံကို ငါကြားရ၍ ၎င်းကဆိုသည်ကား ကယ်တင်တော်မူခြင်း၊ ဘုန်းတန်ခိုးတော်၊ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့်အတူ ကိုယ်တော့်ခရစ်တော်၏ အာဏာတော်သည် ယခုရောက်ရှိလာလေပြီ။ အကြောင်း မူကား ငါတို့၏ညီအစ်ကိုများကို နေ့ညမပြတ် ဘုရားသခင်၏ရှေ့တော်၌ စွပ်စွဲသောသူသည် ပစ်ချခြင်းခံရလေပြီ။- | |
Reve | BurCBCM | 12:11 | ညီအစ်ကိုတို့သည် သိုးငယ်တော်၏ အသွေးတော်နှင့် မိမိတို့သက်သေခံသော နှုတ်တော်ထွက်စကားအားဖြင့် စာတန်နတ်ဆိုးကို အောင်နိုင်ခဲ့ကြပြီ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အသက်စွန့်ရသည့်တိုင်အောင် မိမိတို့၏ အသက်များကို မနှမြောကြချေ။- | |
Reve | BurCBCM | 12:12 | သို့ဖြစ်၍ ကောင်းကင်နှင့် ကောင်းကင်၌ရှိသော သူအပေါင်းတို့၊ ဝမ်းမြောက်ကြပါလော့။ မြေကြီးနှင့်ပင်လယ်ပြင်တို့၊ သင်တို့မူကား အမင်္ဂလာရှိ၏။ နတ်ဆိုးသည် ကြီးစွာသော အမျက်ဒေါသနှင့် သင်တို့ထံသို့ ဆင်းလာလေပြီ။ အကြောင်းမူကား သူ၏အချိန်သည် တိုတောင်းလှသည်ကို သူသိ၏ ဟူ၍ဖြစ်သတည်း။ | |
Reve | BurCBCM | 12:13 | နဂါးကြီးသည် မိမိအား ကမ္ဘာမြေပြင်ပေါ်သို့ ပစ်ချကြောင်းကို သိမြင်သောအခါ သားယောက်ျားကို ဖွားမြင်သော အမျိုးသမီးအား လိုက်ရှာလေ၏။- | |
Reve | BurCBCM | 12:14 | သို့သော် ထိုအမျိုးသမီးသည် နဂါးကြီးထံမှ တောကန္တာရသို့ ပျံသန်းထွက်ပြေးနိုင်ရန်အလို့ငှာ ကြီးမားသော လင်းယုန်ငှက် ၏ အတောင်နှစ်ခုကို ပေးအပ်ခြင်းခံရ၏။ ထိုအရပ်တွင် သူမသည် ကာလတစ်ခု၊ ကာလနှစ်ခုနှင့် ကာလဝက်တိုင်အောင် ကျွေးမွေးပြုစုခြင်းခံရမည်ဖြစ်၏။- | |
Reve | BurCBCM | 12:15 | နဂါးကြီးသည် ထိုအမျိုးသမီးကို ရေစီးဖြင့်မျောပါသွားစေခြင်းငှာ မိမိ၏ခံတွင်းမှ မြစ်ရေကဲ့သို့သောရေထုကြီးကို သူမရှိရာသို့ မှုတ်ထုတ်လိုက်၏။- | |
Reve | BurCBCM | 12:16 | သို့သော် ကမ္ဘာမြေကြီးသည် မိမိ၏ခံတွင်းကို ဖွင့်ဟ၍ နဂါးကြီး၏ခံတွင်းမှ မှုတ်ထုတ်လိုက်သော မြစ်ရေကို မျိုချခြင်း အားဖြင့် သူမကို ကူညီလေ၏။- | |
Reve | BurCBCM | 12:17 | ထိုအခါ နဂါးကြီးသည် အမျိုးသမီးအပေါ် အမျက်ထွက်၍ သူမထံမှဆင်းသက်သည့် ကျန်ရှိနေသော အမျိုးအနွယ်ကို လည်းကောင်း၊ ဘုရားသခင်၏ ပညတ်တော်များကို လိုက်နာသော သူတို့အားလည်းကောင်း၊ ယေဇူးကို သက်သေခံသော သူတို့အားလည်းကောင်း တိုက်ခိုက်ရန် ထွက်ခွာသွားလေ၏။ | |