REVELATION OF JOHN
Chapter 4
Reve | BurCBCM | 4:1 | ထို့နောက် ငါကြည့်လိုက်သောအခါ ကောင်းကင်တံခါးပွင့်လျက်ရှိသည်ကို အံ့ဩစွာမြင်ရလေ၏။ ပထမအကြိမ်ငါကြားရသော တံပိုးခရာသံကဲ့သို့ စကားပြောသောအသံက ဆိုသည်မှာ ဤအပေါ်သို့ တက်ခဲ့ပါလော့၊ နောင်ဖြစ်လတ္တံ့သော အရာများကို သင့်အား ငါပြမည်ဟု ဆိုလေ၏။- | |
Reve | BurCBCM | 4:2 | ငါသည်လည်း ချက်ချင်းပင် ဝိညာဉ်တော်နှင့်ပြည့်၍ ကောင်းကင်ဘုံ၌ရှိသောပလ္လင်နှင့် ပလ္လင်ပေါ်တွင် ထိုင်နေသူကို ငါမြင်ရ၏။- | |
Reve | BurCBCM | 4:3 | ပလ္လင်ပေါ် တွင်ထိုင်နေသောသူသည် နဂါးသွဲ့ကျောက်နှင့် ပတ္တမြားကျောက် ကဲ့သို့တောက်ပ၏။ ပလ္လင်တော်၏ဝန်းကျင်တွင် မြစိမ်းရောင်ပြေးနေသော သက်တန့်ရှိ၏။- | |
Reve | BurCBCM | 4:4 | ထိုပလ္လင်၏ပတ်လည်တွင် အခြားပလ္လင်နှစ်ဆယ့်လေးခုရှိပြီး ယင်းပလ္လင်များပေါ်တွင် ဦးခေါင်း၌ ရွှေသရဖူကို ဆောင်းထား လျက် ဝတ်ရုံဖြူကို ဆင်မြန်းထားသော သက်ကြီးဝါကြီး နှစ်ဆယ့်လေးဦးတို့ထိုင်နေကြ၏။- | |
Reve | BurCBCM | 4:5 | ပလ္လင်တော်ထံမှ လျှပ်စီးများလက်၍ မိုးကြိုးထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ပလ္လင်တော်၏ရှေ့၌ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးရှုးတိုင်ခုနစ်တိုင်သည် တောက်လောင်လျက်ရှိ၏။- | |
Reve | BurCBCM | 4:6 | ပလ္လင်တော်၏ရှေ့တွင် ကျောက်သလင်းနှင့်တူသည့် ဖန်ပင်လယ်ပမာကဲ့သို့သော ရေပြင်ရှိ၏။ ပလ္လင်တော်၏ လေးဖက်လေးတန်၌မူ ရှေ့ဘက်နှင့်နောက်ဘက်တို့တွင် မျက်စိများနှင့်ပြည့်နေသော သက်ရှိသတ္တဝါလေးဦးရှိ၏။- | |
Reve | BurCBCM | 4:7 | ပထမသက်ရှိသတ္တဝါမှာ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ဒုတိယသက်ရှိသတ္တဝါမှာ နွားလားကဲ့သို့လည်းကောင်း၊ တတိယ သက်ရှိသတ္တဝါမှာ လူ၏မျက်နှာနှင့်လည်းကောင်း၊ စတုတ္ထသက်ရှိသတ္တဝါမှာ ပျံသန်းနေသောလင်းယုန်ငှက်ကဲ့သို့လည်းကောင်း ဖြစ်ကြ၏။- | |
Reve | BurCBCM | 4:8 | ထိုသတ္တဝါလေးဦးစလုံးတွင် တောင်ပံခြောက်ခုစီရှိကြပြီး သူတို့၏ကိုယ်ခန္ဓာအနှံ့နှင့် အတွင်းပိုင်းတို့တွင် မျက်စိများနှင့် ပြည့်နှက်လျက်ရှိကြ၏။ သူတို့သည် နေ့ညမပြတ် သီချင်းကျူးအေးကြသည်ကား ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်တို့တွင် ထာ၀ရတည်တော်မူသော အနန္တတန်ခိုးတော်ရှင် ထာ၀ရဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏ဟူ၍ဖြစ်၏။ | |
Reve | BurCBCM | 4:9 | ထိုသက်ရှိသတ္တဝါလေးဦးတို့သည် ပလ္လင်ပေါ်တွင် စံပယ်တော်မူသည့် ထာ၀ရအဆက်ဆက် အသက်ရှင်တော်မူသော အရှင်အား ဂုဏ်ပြုချီးမွမ်း၍ ကျေးဇူးဆပ်တင်ကြသည့်အခါတိုင်း၊- | |
Reve | BurCBCM | 4:10 | နှစ်ဆယ့်လေးဦးသောသက် ကြီးဝါကြီးတို့သည် ပလ္လင်တော်ပေါ်တွင် ထိုင်နေတော်မူသော အရှင်၏ရှေ့မှောက်တွင် ပျပ်ဝပ်ကြလျက် ကာလအဆက်ဆက် တည်တော်မူသော ထိုအရှင်အား ဝတ်ပြုကိုးကွယ်ကြကုန်၏။ သူတို့သည် မိမိတို့၏ဗောင်းသရဖူများကို ပလ္လင်တော်ရှေ့၌ ချထားကြလျက် ဆိုကြသည်ကား၊- | |