REVELATION OF JOHN
Chapter 2
Reve | BurCBCM | 2:1 | ဧဖက်ဆုမြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်း ရေးသားလော့။ ကြယ်ခုနစ်လုံးကို မိမိ၏ လက်ယာလက်တွင်ကိုင်ပြီး ရွှေမီးခွက်တင်ခုံခုနစ်ခုအလယ်၌ လျှောက်လှမ်းသွားသောသူ၏ အမိန့်စကားသည်ကား ဤသို့တည်း။ | |
Reve | BurCBCM | 2:2 | သင်၏လုပ်ဆောင်ချက်များ၊ ကြိုးပမ်းအားထုတ်မှုများနှင့် စိတ်ရှည်သည်းခံခြင်းတို့ကို ငါသိ၏။ ဒုစရိုက်သားများကို သင်လက်မခံသည့်အကြောင်းနှင့် တမန်တော်များမဟုတ်ကြဘဲ မိမိတို့ကိုယ်ကို တမန်တော်ဟုခေါ်ဆိုသော သူတို့ကို စစ်ဆေးပြီး သူတို့၏ဟန်ဆောင်ခြင်းကို သင်ဖော်ထုတ်နိုင်ကြောင်းကိုလည်း ငါသိ၏။- | |
Reve | BurCBCM | 2:3 | သင်သည် စိတ်ရှည်စွာခံထမ်း၍ ငါ၏နာမတော်အတွက်ကြောင့် ဒုက္ခခံနိုင်စွမ်းရှိပြီး စိတ်အားမလျှော့ကြောင်းကိုလည်း ငါသိ၏။- | |
Reve | BurCBCM | 2:4 | သို့သော် ငါ၌သင့်အပေါ် အပြစ်တင်စရာရှိ၏။ ၎င်းမှာ သင်သည် သင်၌ ပထမဦးစွာရှိခဲ့သော ချစ်ခြင်းမေတ္တာကို စွန့်လွှတ်ခဲ့ခြင်းပင်ဖြစ်၏။- | |
Reve | BurCBCM | 2:5 | မည်သည့်အခြေအနေမှ သင်လမ်းလွဲခဲ့သည်ကို ပြန်လည်ဆင်ခြင်လော့။ နောင်တယူ၍ သင်ပထမဦးစွာ ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ပါလော့။ ထိုသို့မဟုတ်ဘဲ သင်နောင်တမရပါက ငါသည် သင့်ထံသို့လာပြီး သင်၏မီးခွက် တင်ခုံကို နေရာမှဖယ်ရှားမည်။- | |
Reve | BurCBCM | 2:6 | သို့သော် သင်သည် နီကောလ၏တပည့်တို့ လုပ်ဆောင်သောအရာများကို ငါမုန်းတီးသကဲ့သို့ မုန်းတီးသောကြောင့် သင်၌ ချီးမွမ်းစရာတစ်ခုရှိလေ၏။- | |
Reve | BurCBCM | 2:7 | နားရှိသောသူသည် ဝိညာဉ်တော်မြတ်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင်၏ပါရာ ဒီဇူးဥယျာဉ်၌ရှိသော အသက်ပင်၏အသီးကိုစားရသော အခွင့်ကို ငါပေးမည်။ | |
Reve | BurCBCM | 2:8 | စမီနာမြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ သေခြင်းမှပြန်ရှင်လာသောသူဖြစ်ပြီး အစနှင့်အဆုံးဖြစ်တော်မူသော အရှင်၏အမိန့်စကားသည်ကား ဤသို့တည်း။ | |
Reve | BurCBCM | 2:9 | သင်၏ဒုက္ခအခက်အခဲများနှင့် ဆင်းရဲခြင်းကို ငါသိ၏။ သို့သော် သင်သည် ကြွယ်၀ပါ၏။ ဂျူးလူမျိုးမဟုတ်ဘဲ ဂျူးအမည်ခံသောသူတို့၏ ကဲ့ရဲ့သောအသံကို ငါသိ၏။ သူတို့သည် စာတန်၏တရားဇရပ်ပင်ဖြစ်ကြ၏။- | |
Reve | BurCBCM | 2:10 | သင်ခံထမ်းရမည့်ဒုက္ခကို မကြောက်နှင့်။ ကြည့်လော့၊ သင်တို့ကို စုံစမ်းခြင်းငှာ နတ်ဆိုးသည် သင်တို့အထဲမှအချို့ကို ထောင်ထဲ၌ ချထားလိမ့်မည်။ သင်တို့သည် ဆယ်ရက်တိုင်တိုင် ဒုက္ခခံကြရလိမ့်မည်။ အသက်စွန့်သည်အထိ သစ္စာရှိပါလော့။ ထိုအခါ ငါသည် သင်တို့အား အသက်သရဖူကိုပေးမည်။- | |
Reve | BurCBCM | 2:11 | နားရှိသောသူသည် ဝိညာဉ်တော်မြတ်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။ အောင်မြင်သော သူသည် ဒုတိယအကြိမ် သေရသည့်အဖြစ်မှ ကင်းလွတ်လိမ့်မည်။ | |
Reve | BurCBCM | 2:12 | ပေဂါမော့မြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ နှစ်ဖက်သွားသံလျက်ကို ပိုင်ဆိုင်ထားသော သူ၏အမိန့်စကားသည်ကား ဤသို့တည်း။ | |
Reve | BurCBCM | 2:13 | သင်မည်သည့်နေရာတွင် နေထိုင်သည်ကို ငါသိ၏။ ထိုနေရာကား စာတန်နတ်ဆိုး၏ ပလ္လင်ရှိသောနေရာဖြစ်၏။ သင်တို့အထဲမှ ငါ့အပေါ်သစ္စာရှိသော ငါ၏သက်သေခံအန္တိပသည် စာတန်နတ်ဆိုး ကျက်စားသောနေရာတွင် အသတ်ခံရသော အချိန်၌ပင် သင်သည် ငါ၏နာမတော်ကို လက်ကိုင်ပြု၍ ငါ့၌ယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ချေ။- | |
Reve | BurCBCM | 2:14 | သို့သော် ငါ၌သင့်အပေါ် အပြစ်တင်စရာ အနည်းငယ်ရှိ၏။ သင်၏အရပ်ဒေသတွင် ဘာလမ်၏သွန်သင်ချက်ကို လိုက်နာနေသော သူအချို့ရှိ၏။ အစ္စရာအဲလ်လူမျိုးတို့သည် ရုပ်တုများအား ပူဇော်ထားသောအစာကိုစားပြီး မတရားသော မေထုံမှီဝဲခြင်းကို ကျင့်ခြင်းဖြင့် လမ်းမှားသို့ရောက်စေရန် ဘာလမ်က ဘာလမင်းအား သင်ကြားပေးခဲ့၏။- | |
Reve | BurCBCM | 2:15 | ထိုနည်းတူစွာပင် နီကောလ၏နောက်လိုက်များ စွဲကိုင်သောအယူအဆကို လိုက်နာသော လူအချို့သည်လည်း သင်တို့အလယ်၌ ရှိကြ၏။- | |
Reve | BurCBCM | 2:16 | သို့ဖြစ်၍ နောင်တရကြလော့။ သို့မဟုတ်လျှင် ငါသည် သင်တို့ထံသို့ အလျင်အမြန်လာ၍ ငါ၏နှုတ်တော်မှ သံလျက်နှင့် စစ်ဆင်မည်။- | |
Reve | BurCBCM | 2:17 | နားရှိသောသူသည် ဝိညာဉ်တော်မြတ်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။ အောင်မြင်သော သူအား ဝှက်ကွယ်လျက်ရှိသော မန္နာမုန့်ကိုကျွေး၍ ကျောက်တုံးအဖြူတစ်တုံးကို ငါပေးမည်။ ထိုကျောက်တုံးအဖြူပေါ်တွင် နာမည်အသစ်တစ်ခုကို ရေးထားပြီး ကျောက်တုံးကို လက်ခံရရှိသူမှတစ်ပါး မည်သူမျှ ထိုနာမည်ကို သိရှိလိမ့်မည်မဟုတ်။ | |
Reve | BurCBCM | 2:18 | သီယတိရမြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ မီးတောက်ကဲ့သို့ စူးရှသော မျက်လုံးများနှင့် ကြေးဝါကဲ့သို့တောက်ပြောင် သည့်ခြေများရှိသော ဘုရားသားတော်၏ အမိန့်စကားသည်ကား ဤသို့တည်း။ | |
Reve | BurCBCM | 2:19 | ငါသည် သင်၏လုပ်ဆောင်ချက်များ၊ သင်၏ချစ်ခြင်းမေတ္တာ၊ ယုံကြည်ခြင်း၊ အမှုတော်ထမ်းဆောင်ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကိုလည်းကောင်း၊ နောက်ပိုင်းတွင် သင်၏လုပ်ဆောင်ချက်တို့သည် ယခင်က သင်၏ လုပ်ဆောင်ချက် တို့ထက် သာလွန်ကြောင်းကိုလည်းကောင်း ငါသိ၏။- | |
Reve | BurCBCM | 2:20 | သို့သော် ငါ၌ သင့်အပေါ် အပြစ်တင်စရာရှိ၏။ သင်သည် မိမိကိုယ်ကို ပရောဖက်မဟုခေါ်ဆိုသော ဂျေဇေဘဲလ်ကို လက်ခံထားလေပြီ။ သူမသည် ငါ၏အစေခံတို့ကို မတရားသောမေထုံမှီဝဲရန်နှင့် ရုပ်တုဆင်းတုတို့အား ပူဇော်ထားသော အစာများကိုစားရန် သင်ကြားပေးလျက် သူတို့အား လှည့်ဖြားလေပြီ။- | |
Reve | BurCBCM | 2:21 | ငါသည် သူမအား နောင်တယူရန် အချိန်ပေးခဲ့၏။ သို့သော် သူမသည် မိမိ၏မကောင်းမှုများအတွက် နောင်တယူရန် ငြင်းဆန်ခဲ့၏။- | |
Reve | BurCBCM | 2:22 | ကြည့်လော့၊ ငါသည် သူမကိုနာမကျန်းဖြစ်စေပြီး အိပ်ရာပေါ်တွင် လဲစေမည်။ သူမနှင့်ဖောက်ပြန်ကြသော သူအားလုံး သည်လည်း မိမိတို့၏လုပ်ရပ်များအတွက် နောင်တမယူကြလျှင် ငါသည် သူတို့အား ကြီးစွာသော ဒုက္ခနှင့် ကြုံတွေ့စေမည်။- | |
Reve | BurCBCM | 2:23 | ငါသည် သူမ၏သားသမီးများကို သေကြေပျက်စီးစေမည်။ ငါသည် နှလုံးသားနှင့် စိတ်သဘောထားကို ဆန်းစစ်သော သူဖြစ်ကြောင်း အသင်းတော်အားလုံးက သိကြလိမ့်မည်။ ငါသည် သင်တို့တစ်ဦးစီအား သင်တို့၏လုပ်ရပ်နှင့် ထိုက်တန်သော ဆုကိုပေးမည်။- | |
Reve | BurCBCM | 2:24 | သို့သော် ဤဒိဋ္ဌိအယူဝါဒကို မလိုက်နာ၊ စာတန်နတ်ဆိုး၏ လျှို့ဝှက်နက်နဲသောအရာများဟူ၍ လူတချို့က ခေါ်ဆိုသော အရာများကိုလည်း မသင်ယူသော သီယတိရမြို့မှ ကျန်ရှိသူအပေါင်းတို့၊ သင်တို့အား ငါဆိုသည်ကား သင်တို့အပေါ်၌ အခြားသောဝန်ထုပ်ကို ငါမတင်။- | |
Reve | BurCBCM | 2:26 | အောင်မြင်၍ အဆုံးတိုင်အောင် ငါ့စကားကို လိုက်နာသောသူအား တိုင်းနိုင်ငံများအပေါ် အုပ်စိုးရသောအခွင့်ကို ငါပေးမည်။- | |
Reve | BurCBCM | 2:27 | ငါ၏ခမည်းတော်ထံမှ အာဏာစက်ကို ငါကိုယ်တိုင်ရရှိခဲ့ သည့်အတိုင်းပင် သူ့အားငါပေးမည်။ မြေအိုးသည် တစ်စစီ ရိုက်ခွဲခြင်းခံရသကဲ့သို့ သူသည် ထိုတိုင်းနိုင်ငံတို့ကို သံတုတ်နှင့် အုပ်စိုးလိမ့်မည်။- | |