REVELATION OF JOHN
Chapter 8
Reve | BurCBCM | 8:1 | သိုးငယ်တော်သည် သတ္တမချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ ကောင်းကင်၌ နာရီဝက်ခန့် တိတ်ဆိတ်သွားလေ၏။- | |
Reve | BurCBCM | 8:2 | ထို့နောက် ဘုရားသခင်၏ ရှေ့တော်၌ရပ်နေသော ကောင်းကင်တမန်တော်ခုနစ်ပါးအား တံပိုးခရာခုနစ်ခု ပေးအပ်သည်ကို ငါမြင်ရ၏။- | |
Reve | BurCBCM | 8:3 | အခြားတမန်တော်တစ်ပါးသည်လည်း ရွှေလော်ဗန်ကိုကိုင်လျက် လာ၍ ယဇ်ပလ္လင်ရှေ့၌ ရပ်လေ၏။ ထို့နောက် သူတော်စင်များ၏ ဆုတောင်းပတ္တနာများနှင့်ပေါင်းစပ်၍ ပလ္လင်တော်ရှေ့တွင်ရှိသော ရွှေယဇ်ပလ္လင်ပေါ်၌ ပူဇော်ရန် များစွာသော လော်ဗန်မှုန့်ကို သူ့အားပေးလေ၏။- | |
Reve | BurCBCM | 8:4 | ထိုအခါ သူတော်စင်တို့၏ ဆုတောင်းပတ္ထနာများသည်ကောင်း ကင်တမန်တော်၏လက်ထဲရှိ လော်ဗန်အခိုးအငွေ့များ နှင့်အတူ ဘုရားသခင်၏ ရှေ့တော်မှောက်သို့ တက်လေ၏။- | |
Reve | BurCBCM | 8:5 | ထို့နောက် ကောင်းကင်တမန်တော်သည် လော်ဗန်ခွက်ကိုယူပြီးလျှင် ယဇ်ပလ္လင်မှမီးခဲများဖြင့် ပြည့်စေပြီးမှ ၎င်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။ တစ်ချိန်တည်းတွင်ပင် မိုးထစ်ချုန်း၍ ကျယ်လောင်သောအသံများ ထွက်ပေါ်လာပြီး လျှပ်စီးများလက်ကာ မြေငလျင်လှုပ်လေ၏။ | |
Reve | BurCBCM | 8:6 | ဤတွင် တံပိုးခရာခုနစ်ခုကို ကိုင်ဆောင်ထားသော ကောင်းကင်တမန်တော်ခုနစ်ပါးသည် ထိုတံပိုးခရာတို့ကိုမှုတ်ရန် အသင့်ပြင်ဆင်ကြ၏။ | |
Reve | BurCBCM | 8:7 | ပထမကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သည့်အခါ သွေးနှင့်ရောနေသော မီးနှင့်မိုးသီးတို့သည် မြေပေါ်သို့ကျလာကြပြီး ကမ္ဘာမြေကြီး၏ သုံးပုံတစ်ပုံ၊ သစ်ပင်များ၏ သုံးပုံတစ်ပုံနှင့် စိမ်းလန်းသော မြက်ပင်ရှိသမျှတို့သည် လောင်ကျွမ်းသွားကြလေ၏။ | |
Reve | BurCBCM | 8:8 | ဒုတိယကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ မီးတောက်လောင်နေသော ကြီးမားသော တောင်နှင့်တူသည့် အရာဝတ္ထုတစ်ခုသည် ပင်လယ်ထဲသို့ ပစ်ချခြင်းခံရလေ၏။- | |
Reve | BurCBCM | 8:9 | ထိုအခါ ပင်လယ်၏ သုံးပုံတစ်ပုံသည် သွေးအတိဖြစ်သွားပြီး ပင်လယ်ထဲရှိ သက်ရှိသတ္တဝါတို့၏ သုံးပုံတစ်ပုံတို့သည်လည်း သေကြေ၍ သုံးပုံတစ်ပုံသော သင်္ဘောတို့သည် ပျက်စီးကြကုန်၏။ | |
Reve | BurCBCM | 8:10 | တတိယကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ တောက်ပစွာထွန်းလင်းနေသည့် မီးရှူးတိုင်ကဲ့သို့သော ကြယ်ကြီးတစ်လုံးသည် ကောင်းကင်မှကြွေကျပြီး မြစ်များ၏သုံးပုံတစ်ပုံနှင့် စမ်းအိုင်များပေါ်သို့ ကျလေ၏။- | |
Reve | BurCBCM | 8:11 | ကြယ်ကြီး၏အမည်ကား ခါးသီးခြင်းဟုခေါ်တွင်လေ၏။ ရေ၏သုံးပုံတစ်ပုံသည် ခါးသီးသောရေအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုအခါရေသည် လွန်စွာခါးသောကြောင့် များစွာသောလူတို့သည် သေဆုံးကြကုန်၏။ | |
Reve | BurCBCM | 8:12 | စတုတ္ထကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ နေ၏သုံးပုံတစ်ပုံ၊ လ၏သုံးပုံတစ်ပုံနှင့် ကြယ်တို့၏သုံးပုံတစ်ပုံတို့ကို ထိခိုက်ပျက်စီးစေသဖြင့် သုံးပုံတစ်ပုံသော အလင်းရောင်သည်မှောင် မိုက်သွားလေ၏။ နေ့၏ သုံးပုံတစ်ပုံသည် အလင်းပျောက်ကွယ်၍ ည၏သုံးပုံတစ်ပုံသည်လည်း ထိုနည်းတူပင်ဖြစ်လေ၏။ | |
Reve | BurCBCM | 8:13 | ထို့နောက် ငါသည် ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် ပျံသန်းနေသည့် လင်းယုန်တစ်ကောင်၏ ကျယ်လောင်သော အော်ဟစ်သံကို ကြားရ၏။ ထိုအသံက ဆိုသည်ကား ကျန်ရှိနေသော ကောင်းကင်တမန်တော်သုံးပါးတို့ မှုတ်တော့မည့် အခြားသော တံပိုးခရာသံများကို ကြားရလျှင် မြေကြီးသားအပေါင်းတို့၌ ဘေးဒုက္ခရောက်လေပြီ၊ ဘေးဒုက္ခရောက်လေပြီ၊ ဘေးဒုက္ခရောက်လေပြီ ဟူ၍ဖြစ်သတည်း။ | |