REVELATION OF JOHN
Chapter 15
Reve | BurCBCM | 15:1 | ထို့နောက် ကောင်းကင်၌ကြီးမား၍ အံ့ဩဖွယ်ကောင်းသော နိမိတ်လက္ခဏာတစ်ခုကို ငါမြင်ရ၏။ ထိုနိမိတ်မှာ ကောင်းကင်တမန်တော်ခုနစ်ပါးနှင့်အတူ ဘုရားသခင်၏ အမျက်တော်ကို အဆုံးသတ်စေမည့် နောက်ဆုံးဘေးဒုက္ခခုနစ်ခုကို တွေ့ ရခြင်းပင်ဖြစ်၏။ | |
Reve | BurCBCM | 15:2 | ငါသည် မီးနှင့်ရောနေသည့် ဖန်သားပင်လယ်ပြင်ကြီးတစ်ခုကို တွေ့ရ၏။ သတ္တဝါကြီးနှင့် ၎င်း၏ရုပ်တုကိုလည်းကောင်း၊ ၎င်း၏အမည်နာမကိန်းဂဏန်းကိုလည်းကောင်း အောင်နိုင်သောသူတို့သည် မိမိတို့လက်ထဲတွင် ဘုရားသခင်၏ စောင်းတော်များကို ကိုင်ဆောင်ထားကြလျက် ဖန်သားပင်လယ်ပြင်ဘေးတွင် ရပ်နေကြ၏။- | |
Reve | BurCBCM | 15:3 | ထို့နောက် သူတို့သည် ဘုရားသခင်၏အစေခံဖြစ်သူ မိုးဇက်နှင့် သိုးငယ်တော်၏သီချင်းကို သီဆိုကြသည်ကား အို အနန္တ တန်ခိုးတော်ရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော် လုပ်ဆောင်တော်မူသော အမှုအရာတို့သည် ကြီးကျယ်၍ အံ့ဩဖွယ ်ကောင်းလှပေ၏။ ကာလအဆက်ဆက် အုပ်စိုးတော်မူသော အိုဘုရင်မင်းမြတ်၊ ကိုယ်တော်၏ တရားလမ်းများသည် ဖြောင့်မတ်၍ မှန်ကန်ပေ၏။- | |
Reve | BurCBCM | 15:4 | အို ထာ၀ရဘုရားသခင်၊ ကိုယ်တော်၏နာမတော်ကို မည်သူသည် မကြောက်ရွံ့၊ မချီးမွမ်းဘဲ နေနိုင်ပါမည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏တရားစီရင်ခြင်းတို့ သည် ထင်ရှားသဖြင့် လူမျိုးအပေါင်းတို့သည် ကိုယ်တော့် ထံလာ၍ ရှိခိုးကိုးကွယ်ကြပါလိမ့်မည်ဟူ၍ဖြစ်သတည်း။ | |
Reve | BurCBCM | 15:5 | ထို့နောက် ငါကြည့်လိုက်သောအခါ ကောင်းကင်ရှိ သက်သေခံရာ ပဋိညာဉ်တဲတော်၏ ဗိမာန်တော်သည် ပွင့်လာပြီးလျှင်၊- | |
Reve | BurCBCM | 15:6 | ထိုဗိမာန်တော်အတွင်းမှ ကောင်းကင်တမန်တော်ခုနစ်ပါးသည် ဘေးဒုက္ခခုနစ်ခုနှင့်အတူ ထွက်လာကြ၏။ သူတို့သည် တောက်ပဖြူစင်သော အဝတ်တန်ဆာဝတ်ဆင်ထားပြီး သူတို့၏ရင်ဘတ်များတွင် ရွှေစလွယ်များ သိုင်းထားကြ၏။- | |
Reve | BurCBCM | 15:7 | ထိုအခါ သက်ရှိသတ္တဝါကြီးလေးဦးအနက်မှ တစ်ဦးသည် ကာလအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်နှင့်ပြည့်နေသည့် ရွှေဖလားခုနစ်လုံးကို ကောင်းကင်တမန်တော်ခုနစ်ပါးအား ပေးလိုက်လေ၏။- | |