REVELATION OF JOHN
Chapter 7
Reve | BurCBCM | 7:1 | ထို့နောက် ကမ္ဘာမြေကြီး၏ ထောင့်လေးထောင့်တွင် ရပ်လျက်ရှိသော ကောင်းကင်တမန်တော်လေးပါးသည် မြေပြင်ပေါ်သို့ လည်းကောင်း၊ ပင်လယ်ပေါ်သို့လည်းကောင်း၊ သစ်ပင်များပေါ်သို့လည်းကောင်း လေမတိုက်ခတ်စေခြင်းငှာ ကမ္ဘာလောက၏ လေစီးကြောင်းလေးခုအား ထိန်းချုပ်ထားသည်ကို ငါမြင်ရ၏။- | |
Reve | BurCBCM | 7:2 | တစ်ဖန် အသက်ရှင်တော်မူသော ဘုရားသခင်၏တံဆိပ်တော်ကို ကိုင်ဆောင်လာသော ကောင်းကင်တမန်တော်တစ်ပါးသည် နေထွက်ရာအရပ်မှ တက်လာသည်ကို ငါမြင်ရ၏။ သူသည် မြေပြင်နှင့်ပင်လယ်တို့ကို ဖျက်ဆီးခွင့်ရရှိထားသော ကောင်းကင်တမန်တော်လေးပါးအား ကျယ်သောအသံနှင့် ခေါ်လျက်၊- | |
Reve | BurCBCM | 7:3 | ဆိုသည်ကား ငါတို့ဘုရား သခင်၏အစေခံတို့အား ၎င်းတို့၏နဖူးပေါ်တွင် တံဆိပ်ခတ်နှိပ်ပြီးသည်အထိ မြေပြင်၊ ပင်လယ်နှင့် သစ်ပင်တို့ကို မဖျက်ဆီးနှင့်ဟူ၍ဖြစ်၏။- | |
Reve | BurCBCM | 7:4 | ထို့နောက် တံဆိပ်ခတ်နှိပ်ပြီးသော သူတို့၏အရေအတွက်ကို ငါကြားရ၏။ အစ္စရာအဲလ်အမျိုးအနွယ် အသီးသီးမှ တံဆိပ်ခတ်နှိပ်ပြီးသော သူတို့၏အရေအတွက်မှာ တစ်သိန်းလေးသောင်းလေး ထောင်ဖြစ်လေ၏။- | |
Reve | BurCBCM | 7:5 | ၎င်းတို့သည်ကား ဂျုဒအမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ရူဘင်အမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ဂတ်အမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊- | |
Reve | BurCBCM | 7:6 | အာရှဲအမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ နက်ဖတာလီအမျိုးအနွယ်မှတစ်သောင်းနှစ်ထောင်၊ မာနားဆေအမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊- | |
Reve | BurCBCM | 7:7 | စီမေအွန်အမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ လေဝိအမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ အီဇားခါအမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊- | |
Reve | BurCBCM | 7:8 | ဇေဘုလွမ်အမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ဂျိုးဇက်အမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ဘင်ဂျာမင်အမျိုးအနွယ်မှတစ်သောင်းနှစ်ထောင်တို့ ဖြစ်ကြလေ၏။ | |
Reve | BurCBCM | 7:9 | ထို့နောက် ငါကြည့်လိုက်သောအခါ အဘယ်လူသားမျှ မရေမတွက်နိုင်အောင် များပြားလှသောလူအစု အဝေးကြီးကို မြင်ရ၏။ ထိုသူတို့သည် တိုင်းနိုင်ငံပေါင်းစုံ၊ အမျိုးအနွယ်ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံမှ လူများဖြစ်ကြ၏။ သူတို့သည် ဝတ်ရုံဖြူများကိုဝတ်ဆင်ထားပြီး မိမိတို့လက်များတွင် စွန်ပလွံခက်များ ကိုင်ဆောင်ထားကြလျက် ပလ္လင်တော်နှင့် သိုးငယ်တော်ရှေ့တွင် ရပ်နေကြ၏။- | |
Reve | BurCBCM | 7:10 | ထို့နောက် သူတို့က ကယ်တင်ခြင်းသည် ပလ္လင်တော်ပေါ်တွင် စံပယ်တော်မူသော အကျွန်ုပ်တို့၏ ဘုရားသခင်နှင့် သိုးငယ်တော်ထံမှ ထွက်ပေါ်လာပေသည်ဟူ၍ ကျယ်သောအသံဖြင့် ကြွေးကြော်ကြလေ၏။- | |
Reve | BurCBCM | 7:11 | ထိုအခါ ပလ္လင်တော်ကိုလည်းကောင်း၊ သက်ကြီးဝါကြီးများနှင့် သက်ရှိသတ္တဝါလေးဦးတို့ကိုလည်းကောင်း ဝန်းရံလျက် ရပ်နေကြသော ကောင်းကင်တမန်တော်အပေါင်းတို့သည် ပလ္လင်တော်ရှေ့တွင် ပျပ်ဝပ်၍ ဘုရားသခင်အား ရှိခိုးကိုးကွယ်လျက်၊- | |
Reve | BurCBCM | 7:12 | ဆိုကြသည်မှာ အာမင်၊ အကျွန်ုပ်တို့၏ဘုရားအထံတော်၌ ကောင်းချီးမင်္ဂလာ၊ ဘုန်းဂုဏ်တော်၊ ဉာဏ်ပညာ၊ ကျေးဇူးဆပ်တင်ခြင်း၊ ချီးမွမ်းဩဘာနှင့် တန်ခိုးအာနုဘော်တို့သည် ကာလအဆက်ဆက်ရှိပါစေသော်၊ အာမင်ဟူ၍ဖြစ်သတည်း။ | |
Reve | BurCBCM | 7:13 | ထိုအခါ သက်ကြီးဝါကြီးတို့အထဲမှတစ်ဦးက ဝတ်ရုံဖြူကို ဆင်မြန်းထားသောဤသူတို့ကား မည်သူတို့နည်း၊ သူတို့သည် မည်သည့်အရပ်က လာကြသနည်းဟု ငါ့အားမေးလေ၏။- | |
Reve | BurCBCM | 7:14 | ငါကလည်း သခင်၊ အရှင်သိပါသည်ဟု ပြန်ဖြေသောအခါ သူက ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခမှ လွတ်မြောက်လာကြသူများဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ဝတ်ရုံများကို သိုးငယ်တော်၏သွေး၌ ဆေးကြော၍ ဖြူစင်စေခဲ့ကြပြီ။- | |
Reve | BurCBCM | 7:15 | ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့၌ ရောက်ရှိနေကြလျက် ကိုယ်တော်၏ဗိမာန်တော်တွင် နေ့ညမပြတ် ဝတ်ပြုနေကြခြင်းဖြစ်၏။ ပလ္လင်တော်ပေါ်၌ စံပယ်တော်မူသော ကိုယ်တော်သည်လည်း သူတို့ကို မျက်မှောက်တော်၌ စောင့်ရှောက်ထားတော်မူလိမ့်မည်။- | |
Reve | BurCBCM | 7:16 | သူတို့သည် နောက်တစ်ဖန် ဆာလောင်ခြင်းသော်လည်းကောင်း၊ ရေငတ်ခြင်းသော်လည်းကောင်း ရှိလိမ့်မည်မဟုတ်။ နေရောင်နှင့် နေ၏အပူရှိန်တို့သည်လည်း သူတို့ကို ထိခိုက်လိမ့်မည်မဟုတ်။- | |