REVELATION OF JOHN
Chapter 13
Reve | BurCBCM | 13:1 | ထိုအခါ ငါသည် ဦးချိုဆယ်ချောင်းနှင့် ဦးခေါင်းခုနစ်လုံးပါရှိသော သတ္တဝါကြီးတစ်ကောင် ပင်လယ်ထဲမှ တက်လာသည်ကို မြင်ရ၏။ ၎င်း၏ဦးချိုများပေါ်တွင် သရဖူဆယ်ခုကိုဆောင်းထားပြီး ၎င်း၏ဦးခေါင်းများပေါ်တွင် ဘုရားသခင်ကို ထိခိုက်စော်ကားသော အမည်နာမပါရှိ၏။- | |
Reve | BurCBCM | 13:2 | ငါမြင်ရသောသတ္တဝါကြီးသည် ကျားသစ်နှင့်တူ၏။ ၎င်း၏ခြေများကား ဝက်ဝံခြေများနှင့်တူ၍ ၎င်း၏နှုတ်မှာ ခြင်္သေ့၏နှုတ်နှင့် တူ၏။ နဂါးကြီးသည် ထိုသတ္တဝါကြီးအား မိမိ၏ခွန်အားတန်ခိုး၊ မိမိ၏ပလ္လင်နှင့် ဩဇာအာဏာတို့ကို ပေးအပ်လေ၏။- | |
Reve | BurCBCM | 13:3 | သတ္တဝါကြီး၏ဦးခေါင်းများအနက်မှ တစ်လုံးတွင် သေနိုင်လောက်သော ဒဏ်ရာတစ်ခုရှိဟန်တူ၏။ သို့သော် ထိုသေလောက်သော ဒဏ်ရာသည် ပျောက်ကင်းသွားသဖြင့် တစ်ကမ္ဘာလုံးသည် အံ့ဩစွာဖြင့် သတ္တဝါကြီးနောက်သို့ လိုက်ကြလေ၏။- | |
Reve | BurCBCM | 13:4 | နဂါးကြီးသည် သတ္တဝါကြီးအား မိမိ၏ဩဇာအာဏာကို ပေးခဲ့သည့်အတွက် လူတို့သည် နဂါးကြီးအား ကိုးကွယ်ကြလေ၏။ ထို့နောက် သူတို့သည် သတ္တဝါကြီးကိုလည်း ရှိခိုးကိုးကွယ်ကြလျက် မည်သူသည် သတ္တဝါကြီးကို တုနိုင်သနည်း။ သူ့ကို မည်သူယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်နည်းဟု ဆိုကြလေ၏။ | |
Reve | BurCBCM | 13:5 | သတ္တဝါကြီးသည် ဘုရားသခင်အား ထိခိုက်စော်ကားသော မောက်မာသည့်စကားများကို ရေရွတ်ပြောဆိုနိုင်သည့်နှုတ်ကို ရရှိထားပြီး လေးဆယ့်နှစ်လပတ်လုံး ဩဇာအာဏာသုံးရန် အခွင့်ရထားလေ၏။- | |
Reve | BurCBCM | 13:6 | ၎င်းသည် မိမိ၏နှုတ်ကိုဖွင့်၍ ဘုရားသခင်အား ထိခိုက်စော်ကားသော စကားများကိုပြောဆိုပြီး ကိုယ်တော်၏နာမတော်၊ ကိုယ်တော်စံပယ်ရာဌာနနှင့် ကောင်းကင်ဘုံတွင် နေထိုင်သောသူတို့အား စော်ကားပြောဆိုကာ၊- | |
Reve | BurCBCM | 13:7 | သူတော်သူမြတ်တို့ကိုလည်း တိုက်ခိုက်နှိမ်နင်းနိုင်ခွင့်ကို ရရှိထားလေ၏။ ထို့အတူ တိုင်းနိုင်ငံအသီးသီးတွင် ဘာသာစကား အမျိုးမျိုးကိုပြောဆိုကြသော လူမျိုးနွယ်အပေါင်းတို့ကို အုပ်ချုပ်ရန်အာဏာကိုလည်း ၎င်းအား ပေးအပ်ထားလေ၏။- | |
Reve | BurCBCM | 13:8 | သတ်ဖြတ်ပူဇော်ခြင်းခံရသော သိုးငယ်တော်၏ အသက်မှတ်တမ်းစာအုပ်တွင် ကမ္ဘာမတည်မီကပင် အမည်စာရင်း မဝင်ထားသော ကမ္ဘာသူကမ္ဘာသားအားလုံးတို့သည် သတ္တဝါကြီးကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။ | |
Reve | BurCBCM | 13:10 | ဖမ်းဆီးချုပ်နှောင်ခြင်း ခံရမည့်သူမှန်သမျှသည် အကျဉ်းထောင်သို့ သွားရမည်သာဖြစ်၏။ ဓားကိုစွဲကိုင်၍ သုတ်သင်သတ်ဖြတ်သူ မှန်သမျှသည် ဓားဖြင့်သတ်ဖြတ်ခြင်း ခံရမည်သာဖြစ်၏။ ဤသည်ကား တည်ကြည်ခိုင်မာခြင်းရှိရန်နှင့် ယုံကြည်ခြင်းရှိရန် သူတော်သူမြတ်တို့ကို နှိုးဆော်ခြင်းပင်ဖြစ်၏။ | |
Reve | BurCBCM | 13:11 | ထို့နောက် ငါသည် မြေကြီးထဲမှထွက်လာသော ဒုတိယသတ္တဝါကြီးတစ်ကောင်ကို မြင်ရ၏။ ၎င်း၌ သိုးငယ်ကဲ့သို့ပင် ဦးချိုနှစ်ချောင်းရှိပြီး ၎င်းသည် နဂါးကဲ့သို့ စကားပြောဆို၏။- | |
Reve | BurCBCM | 13:12 | ၎င်းသည် ပထမသတ္တဝါကြီး၏ ဩဇာအာဏာအလုံးစုံကို ထိုသတ္တဝါကြီး၏ ရှေ့မျက်မှောက်၌ပင် အသုံးပြုပြီးလျှင် ကမ္ဘာနှင့် ကမ္ဘာပေါ်ရှိ လူအားလုံးတို့ကိုလည်း သေလောက်သောဒဏ်ရာမှ ပျောက်ကင်းခဲ့သည့် ပထမသတ္တဝါကြီးကို ရှိခိုးကိုးကွယ်စေ၏။- | |
Reve | BurCBCM | 13:13 | ၎င်းသည် ကောင်းကင်မှမြေကြီးပေါ်သို့ မီးကျလာစေသည်အထိ ကြီးကျယ်သောနိမိတ်လက္ခဏာများကို လူတို့ရှေ့၌ ပြုလုပ်နိုင်၏။- | |
Reve | BurCBCM | 13:14 | ၎င်းသည် ပထမသတ္တဝါကြီး၏ရှေ့မျက်မှောက်တွင် ပြုလုပ်ခွင့်ရသော နိမိတ်လက္ခဏာများဖြင့် ကမ္ဘာသူကမ္ဘာသားတို့ကို လှည့်ဖြားပြီးလျှင် ဓားဒဏ်ရာရသော်လည်း အသက်ရှင်လျက်ရှိနေသည့် သတ္တဝါကြီးအတွက် ရုပ်တုကိုပြုလုပ်ရန် သူတို့ကို စေခိုင်းလေ၏။- | |
Reve | BurCBCM | 13:15 | ၎င်းသည် သတ္တဝါကြီး၏ရုပ်တုကို အသက်သွင်းပေးနိုင်သည့် အခွင့်ကိုရရှိထားသဖြင့် သတ္တဝါကြီး၏ရုပ်တုသည် စကားပြောနိုင်သည့်အပြင် ရုပ်တုအား ရှိခိုးကိုးကွယ်ခြင်း မပြုသောသူတို့ကိုလည်း သတ်ဖြတ်နိုင်လေ၏။- | |
Reve | BurCBCM | 13:16 | ထိုမျှမက ၎င်းသည် ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ သခင်နှင့် ကျွန်ဟူ၍မရွေးဘဲ ထိုသူအားလုံးတို့၏လက် ယာလက်၊ သို့မဟုတ် နဖူးပေါ်တွင် အမှတ်တံဆိပ်ကို ခတ်နှိပ်စေ၏။- | |
Reve | BurCBCM | 13:17 | သို့မှသာ သတ္တဝါကြီး၏အမည်၊ သို့မဟုတ် ထိုအမည်၏ကိန်းဂဏန်း အမှတ်အသားမပါဘဲ မည်သူမျှ ရောင်းဝယ်ခြင်း ပြုလုပ်နိုင်မည်မဟုတ်ပေ။ | |