REVELATION OF JOHN
Chapter 20
Reve | BurCBCM | 20:1 | ထို့နောက် ကောင်းကင်တမန်တော်တစ်ပါးသည် အဆုံးမရှိနက်ရှိုင်းလှသော တွင်းကြီး၏သော့နှင့် ကြီးမားလှသော သံကြိုးတစ်ချောင်းကိုကိုင်လျက် ကောင်းကင်မှဆင်းလာသည်ကို ငါမြင်ရ၏။- | |
Reve | BurCBCM | 20:2 | သူသည် စာတန်နတ်ဆိုးတည်းဟူသော ရှေးမြွေနဂါးကြီးကို ဖမ်းဆီးပြီးလျှင် နှစ်ပေါင်းတစ်ထောင်တိုင်အောင် ချုပ်နှောင်၍၊- | |
Reve | BurCBCM | 20:3 | ၎င်းကို တွင်းနက်ကြီးထဲသို့ ပစ်ချပြီး နှစ်ပေါင်းတစ်ထောင် ကြာသည့်တိုင်အောင် တိုင်းနိုင်ငံတို့အား လှည့်ဖြား နှောင့်ယှက်ခြင်း မပြုလုပ်နိုင်ရန် တွင်းတံခါးကိုပိတ်၍ တံဆိပ်ခတ်နှိပ်ထားလေ၏။ နှစ်ပေါင်းတစ်ထောင်ပြည့်ပြီးလျှင် နဂါးကြီးသည် ခေတ္တလွှတ်ပေးခြင်း ခံရလိမ့်မည်။ | |
Reve | BurCBCM | 20:4 | ထို့နောက် ငါသည် ပလ္လင်များကိုမြင်ရ၍ တရားစီရင်ပိုင်ခွင့်အာဏာကို ရရှိထားသောသူတို့သည် ထိုပလ္လင်များပေါ်တွင် ထိုင်နေကြ၏။ ထို့အတူ ယေဇူးကိုသက်သေခံ၍ ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ဟောပြောခြင်းကြောင့် ဦးခေါင်းဖြတ် ခံရသောသူများ၏ ဝိညာဉ်များကိုလည်းကောင်း၊ သတ္တဝါကြီးနှင့် ၎င်း၏ရုပ်တုကို ရှိခိုးကိုးကွယ်ခြင်းမပြုကြဘဲ မိမိတို့၏ နဖူးများနှင့်လက်များပေါ်၌ သတ္တဝါကြီး၏အမှတ်တံဆိပ်ကို ခတ်နှိပ်ထားခြင်းမရှိကြသော သူတို့၏ဝိညာဉ်များကိုလည်းကောင်း ငါမြင်ရ၏။ သူတို့သည် အသက်ပြန်ရှင်လာကြပြီး ခရစ်တော်နှင့်အတူ နှစ်ပေါင်းတစ်ထောင်စိုးစံကြ၏။- | |
Reve | BurCBCM | 20:5 | သေလွန်သူတို့ထဲမှ ကြွင်းကျန်နေသောသူတို့သည် နှစ်ပေါင်းတစ်ထောင်ကုန်သည်အထိ အသက်ပြန်မရှင်ကြပေ။ ဤသည်ကား ပထမအကြိမ် ရှင်ပြန်ထမြောက်ခြင်းဖြစ်သတည်း။- | |
Reve | BurCBCM | 20:6 | ပထမအကြိမ်ရှင်ပြန်ထမြောက်ခြင်း၌ ပါဝင်ခံစားရသောသူသည် မင်္ဂလာရှိ၍ သန့်ရှင်းမြင့်မြတ်သောသူဖြစ်၏။ ဒုတိယ သေခြင်းသည် ထိုသူတို့အပေါ်၌ လွှမ်းမိုးခြင်းမရှိပေ။ သူတို့မူကား ဘုရားသခင်နှင့် ခရစ်တော်၏ ရဟန်းများဖြစ်ကြ၍ ကိုယ်တော်နှင့်အတူ နှစ်ပေါင်းတစ်ထောင် စိုးစံကြလိမ့်မည်။ | |
Reve | BurCBCM | 20:8 | ဂေါ့ပြည်နှင့် မာဂေါ့ပြည်ဟုခေါ်သော ကမ္ဘာ့အရပ်လေးမျက်နှာမှ တိုင်းနိုင်ငံတို့ကို လှည့်ဖြား၍ စစ်ပွဲအတွက် စုရုံးလိမ့်မည်။ သူတို့၏အရေအတွက်သည်ကား ပင်လယ်ကမ်းခြေမှ သဲပွင့်များကဲ့သို့များပြားလေ၏။- | |
Reve | BurCBCM | 20:9 | သူတို့သည် ကမ္ဘာပေါ်ရှိ နေရာအနှံ့အပြားကိုဖြတ်၍ ချီတက်လာကြပြီးလျှင် သူတော်သူမြတ်တို့၏စခန်းနှင့် နှစ်သက်မြတ်နိုး ဖွယ်သော မြို့တော်ကို ဝန်းရံထားကြ၏။ သို့သော် ကောင်းကင်ရှိ ဘုရားသခင်ထံမှ မီးကျလာပြီးလျှင် သူတို့ကို လောင်ကျွမ်းလေ၏။- | |
Reve | BurCBCM | 20:10 | သူတို့အား လှည့်ဖြားသွေးဆောင်ခဲ့သော နတ်ဆိုးသည်လည်း သတ္တဝါကြီးနှင့် ပရောဖက်အတုအယောင်တို့ရှိနေသည့် ကန့်မီးအိုင်ထဲသို့ ပစ်ချခြင်းခံရလေ၏။ သူတို့သည် ထိုနေရာတွင် နေ့ညမပြတ်၊ အစဉ်ထာ၀ရ ညှဉ်းပန်းနှိပ်စက်ခြင်း ခံကြရလိမ့်မည်။ | |
Reve | BurCBCM | 20:11 | ထို့နောက် ငါသည် အဖြူရောင်ပလ္လင်ကြီးတစ်ခုနှင့် ထိုပလ္လင်အပေါ်တွင် စံပယ်တော်မူသောအရှင်ကို မြင်ရ၏။ ကမ္ဘာမြေကြီးနှင့် ကောင်းကင်သည် ထိုအရှင်၏ရှေ့တော်မှောက်မှ ပျောက်ကွယ်သွားပြီး ယင်းတို့အတွက်လည်း နေရာမရှိတော့ချေ။- | |
Reve | BurCBCM | 20:12 | ထို့နောက် သေလွန်သူ ကြီးငယ်ဟူသမျှတို့သည် ပလ္လင်တော်ရှေ့တွင်ရပ်နေကြပြီး စာအုပ်များကိုလည်း ဖွင့်ထားလျက်ရှိသည်ကို ငါမြင်ရ၏။ အသက်မှတ်တမ်းစာအုပ်တည်းဟူသော အခြားစာအုပ်တစ်အုပ်ကိုလည်း ဖွင့်ထားလျက် ရှိ၏။ သေလွန်သောသူတို့သည် မိမိတို့လုပ်ဆောင်ခဲ့သည့်အတိုင်း ထိုစာအုပ်တွင် ရေးထားသည်နှင့်အညီ တရားစီရင်ခြင်း ခံကြရ၏။- | |
Reve | BurCBCM | 20:13 | ပင်လယ်သည် မိမိ၌သေသောသူတို့ကို ထုတ်ပေးလေ၏။ သေမင်းနှင့် သေမင်းနိုင်ငံတို့သည်လည်း မိမိတို့၌ရှိသော သေလွန်သူတို့ကို ထုတ်ပေးကြ၏။ ထိုအခါ ခပ်သိမ်းသောလူတို့သည် မိမိတို့လုပ်ဆောင်ခဲ့သည့်အတိုင်း တရားစီရင်ခြင်း ခံကြရ၏။- | |
Reve | BurCBCM | 20:14 | ထို့နောက် သေမင်းနှင့် သေမင်းနိုင်ငံတို့သည် မီးအိုင်ထဲသို့ပစ်ချခြင်းခံကြရ၏။ ဤမီးအိုင်သည်ကား ဒုတိယသေခြင်း ပေတည်း။- | |