REVELATION OF JOHN
Chapter 3
Reve | BurCBCM | 3:1 | ဆာဒစ်မြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ ဘုရားသခင်၏ ဝိညာဉ်တော်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးကို ကိုင်ဆောင်သောသူ၏ အမိန့်စကားသည်ကား ဤသို့တည်း။ သင်၏ လုပ်ဆောင်ချက်များကို ငါသိ၏။ သင်သည် အသက်ရှင်လျက်ရှိသည်ဟု အမည်တွင်သော်လည်း သေလျက်ရှိ၏။- | |
Reve | BurCBCM | 3:2 | နိုးကြားပါလော့။ သေလုနီးပါးရှိသော ကျန်ရှိနေသည့်အရာတို့ကို ခွန်အားဖြည့်တင်းပေးပါလော့။ အကြောင်းမူကား သင်၏ လုပ်ဆောင်ချက်များမှာ ဘုရားသခင်၏မျက်မှောက်တော်၌ စုံလင်သည်ဟူ၍ ငါမတွေ့ရပေ။- | |
Reve | BurCBCM | 3:3 | သို့ဖြစ်၍ သင်လက်ခံရရှိသမျှ၊ ကြားနာခဲ့ရသမျှတို့ကို သတိရပါလော့။ ထိုအရာတို့ကို လိုက်နာ၍ နောင်တယူပါလော့။ သင်သည် နိုးကြားစွာမနေပါလျှင် ငါသည် သူခိုးကဲ့သို့လာမည်ဖြစ်၍ သင့်ထံသို့ ငါလာမည့် အချိန်ကို သင်သိလိမ့်မည်မဟုတ်။- | |
Reve | BurCBCM | 3:4 | သို့သော် ဆာဒစ်မြို့တွင် မိမိတို့၏ဝတ်ရုံကို မစွန်းမကွက်စေသော လူအချို့၏အမည်များ သင့်၌ရှိသေး၏။ သူတို့သည် ထိုက်တန်သူများဖြစ်သောကြောင့် ဖြူစင်သောဝတ်ရုံဝတ်ဆင်လျက် ငါနှင့်အတူသွားလာကြရလိမ့်မည်။- | |
Reve | BurCBCM | 3:5 | အောင်မြင်သောသူသည် ဤကဲ့သို့သောဝတ်ရုံဖြူကို ဝတ်ဆင်ကြရလိမ့်မည်။ ငါသည်လည်း သူ၏နာမည်ကို အသက်ရှင်ခြင်း ၏စာအုပ်မှ ပယ်ဖျက်မည်မဟုတ်။ ငါသည် ငါ၏ခမည်းတော်ရှေ့မျက်မှောက်နှင့် ကိုယ်တော်၏ တမန်တော်တို့ရှေ့၌ သူ၏အမည်ကို ဝန်ခံအသိအမှတ်ပြုမည်။- | |
Reve | BurCBCM | 3:7 | ဖီလာဒေးဖိယမြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ သန့်ရှင်းမြင့်မြတ်သောသူ၊ ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏သော့ကိုကိုင်၍ သူဖွင့်လျှင် မည်သူမျှမပိတ်နိုင်၊ သူပိတ်လျှင် မည်သူမျှ မဖွင့်နိုင်သော သူ၏အမိန့်စကားသည်ကား ဤသို့တည်း။ | |
Reve | BurCBCM | 3:8 | သင်၏လုပ်ဆောင်ချက်များကို ငါသိ၏။ ကြည့်လော့၊ မည်သူမျှမပိတ်နိုင်သော တံခါးကို သင်၏ရှေ့၌ ငါဖွင့်ထား၏။ သင်၌ တန်ခိုးအာဏာနည်းပါးကြောင်း ငါသိ၏။ သို့သော် သင်သည် ငါ၏စကားကို စောင့်ထိန်း၍ ငါ၏နာမတော်ကို မငြင်းပယ်ခဲ့ပေ။- | |
Reve | BurCBCM | 3:9 | ကြည့်လော့၊ ဂျူးလူမျိုးမဟုတ်ဘဲ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟု လိမ်ညာပြောဆိုသော စာတန်၏တရားဇရပ်မှ လူတို့ကို သင်၏ခြေရင်း၌ လာရောက်ပျပ်ဝပ်စေမည်။ ငါသည် သင့်ကို ချစ်ခင်ကြောင်း သူတို့အား သိစေမည်။- | |
Reve | BurCBCM | 3:10 | သင်သည် ငါ၏သည်းခံခြင်းတရားကို လိုက်နာစောင့်ထိန်းသောကြောင့် ကမ္ဘာပေါ်၌ နေထိုင်ကြသောသူများကို စစ်ဆေးရမည့်အချိန် ကာလကျရောက်သောအခါ ငါသည်သင့်ကို ကာကွယ်စောင့်ရှောက်မည်။- | |
Reve | BurCBCM | 3:11 | ငါသည် မကြာမီရောက်လာမည်။ မည်သူမျှ သင်၏သရဖူကိုမလုယူစေရန် သင်ပိုင်ဆိုင်ထားသောအရာကို စွဲမြဲစွာ ထိန်းသိမ်းပါလော့။- | |
Reve | BurCBCM | 3:12 | အောင်မြင်သောသူကို ငါသည် ဘုရားသခင်၏ဗိမာန်တော်၌ မဏ္ဍိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ ဗိမာန်တော်မှ ထွက်ခွာသွားရလိမ့်မည်မဟုတ်။ ငါသည် သူ့အပေါ်၌ ဘုရားသခင်၏ နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင်ရှိရာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဂျေရုဆလင်မြို့သစ်၏ နာမတော်ကိုလည်းကောင်း၊ ငါ၏နာမတော်သစ်ကိုလည်းကောင်း ရေးသားမည်။- | |
Reve | BurCBCM | 3:14 | လာအိုဒိစိယမြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ ဘုရားသခင်၏ ဖန်ဆင်း တော်မူခြင်းတွင် အစမူလဖြစ်လျက် သစ္စာရှိ၍ ဟုတ်မှန်သောသက်သေခံ ဖြစ်တော်မူသည့် အာမင်၏ အမိန့်တော်ကား ဤသို့တည်း။ | |
Reve | BurCBCM | 3:15 | သင်၏လုပ်ဆောင်ချက်များကို ငါသိ၏။ သို့သော် သင်သည် မပူမအေးဖြစ်နေ၏။ သင်သည် အေးလိုလျှင် အေး၍ မအေးလိုလျှင် ပူပါက ကောင်းပေစွ။- | |
Reve | BurCBCM | 3:17 | အကြောင်းမူကား သင်က ငါသည် ကြွယ်၀ချမ်းသာ၏၊ ကြီးပွားတိုးတက်၏၊ ငါ၌မည်သည့်အရာကိုမျှ မလိုအပ်ဟု ဆိုလေပြီ။ သို့ရာတွင် သင်သည် စိတ်မချမ်းမြေ့ဖွယ်ကောင်းသူ၊ သနားဖွယ်ကောင်းသူ၊ ဆင်းရဲသူ၊ မျက်စိကန်းသူနှင့် အဝတ်အချည်းစည်းရှိသူ ဖြစ်ကြောင်းကို သင်မသိပါတကား။- | |
Reve | BurCBCM | 3:18 | သို့ဖြစ်၍ သင့်ကို ငါအကြံပေးမည်။ သင်ချမ်းသာကြွယ်၀စေရန် မီးဖြင့်သန့်စင်ထားသော ရွှေကို ငါ့ထံမှဝယ်ယူလော့။ သင်၏ ရှက်ဖွယ်သော အဝတ်အချည်းစည်းဖြစ်ခြင်းကို လူမမြင်စေရန် ငါ့ထံမှဝတ်ရုံဖြူကို ဝယ်ယူဝတ်ဆင်လော့။ သင်၏မျက်စိ မြင်စေခြင်းငှာ ငါ့ထံမှမျက်စဉ်းဝယ်၍ ခတ်ပါလော့။- | |
Reve | BurCBCM | 3:19 | ငါသည် ငါချစ်သောသူကို အပြစ်တင်၍ ဆုံးမတတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိပါလော့။ နောင်တယူလော့။- | |
Reve | BurCBCM | 3:20 | ကြည့်လော့၊ ငါသည် တံခါးရှေ့၌ရပ်၍ ခေါက်လျက်နေ၏။ ငါ့အသံကိုကြားပြီး တံခါးဖွင့်ပေးသောသူထံသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။- | |
Reve | BurCBCM | 3:21 | ငါကိုယ်တိုင်အောင်မြင်ခဲ့၍ ခမည်းတော်ဘုရားနှင့်အတူ ကိုယ်တော်၏ရာဇပလ္လင်ပေါ်တွင် စံမြန်းသကဲ့သို့ အောင်မြင်သော သူသည်လည်း ငါ၏ရာဇပလ္လင်ပေါ်တွင် ငါနှင့်အတူ စံမြန်းရလိမ့်မည်။- | |