REVELATION OF JOHN
Chapter 22
Reve | BurCBCM | 22:1 | ထို့နောက် ကောင်းကင်တမန်တော်သည် ငါ့အား ဘုရားသခင်နှင့် သိုးငယ်တော်၏ပလ္လင်တော်မှ စီးဆင်းလာသည့် သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပသော အသက်ရေ၏မြစ်ကို ပြလေ၏။- | |
Reve | BurCBCM | 22:2 | ထိုမြစ်သည် မြို့တော်လမ်းအလယ်တစ်လျှောက် စီးဆင်းလေ၏။ မြစ်ကမ်းတစ်ဖက်တစ်ချက်စီတွင်လည်း မိမိ၏အသီး တစ်ဆယ့်နှစ်မျိုးကို လစဉ်တစ်မျိုးစီသီးပေးသော အသက်ပင်ရှိ၏။ ထိုအပင်၏အရွက်များသည် လူမျိုးအပေါင်းတို့၏ အနာရောဂါပျောက်ကင်းစေရန်အတွက်ဖြစ်၏။- | |
Reve | BurCBCM | 22:3 | ကျိန်ဆိုခြင်းခံရသောအရာ တစ်စုံတစ်ခုမျှ ထိုအရပ်တွင် ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်နှင့် သိုးငယ်တော်၏ ပလ္လင်တော်သာလျှင် ထိုမြို့၌ တည်ရှိမည်ဖြစ်၍ ကိုယ်တော်၏အစေခံတို့သည် ကိုယ်တော့်ကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။- | |
Reve | BurCBCM | 22:4 | သူတို့သည် ကိုယ်တော်၏မျက်နှာတော်ကို ဖူးမြင်ရ၍ သူတို့၏နဖူးများပေါ်တွင် ကိုယ်တော်၏နာမတော်ကို ရေးထိုးထားလိမ့်မည်။- | |
Reve | BurCBCM | 22:5 | ထိုမြို့၌ ညအချိန် ရှိလိမ့်မည်မဟုတ်။ သူတို့သည် ဆီမီး၊ သို့မဟုတ် နေမှ အလင်းရောင်ကိုလည်း လိုအပ်ကြလိမ့်မည်မဟုတ်။ အကြောင်းမူကား ထာ၀ရအရှင် ဘုရားသခင်သည် သူတို့၏ အလင်းဖြစ်တော်မူလိမ့်မည်။ သူတို့သည်လည်း ကာလ အဆက်ဆက် အုပ်စိုးကြလိမ့်မည်။ | |
Reve | BurCBCM | 22:6 | ထို့နောက် ကောင်းကင်တမန်တော်က ငါ့အား ဤစကားများသည် မှန်ကန်သောသစ္စာစကားများ ဖြစ်ကြ၏။ ပရောဖက်တို့အား လှုံ့ဆော်တော်မူသည့်ဘုရား သခင်တည်းဟူသော ထာ၀ရဘုရားသခင်သည် မကြာမီ ဖြစ်လတ္တံ့သော အကြောင်းအရာများကို မိမိ၏အစေခံတို့ အားဖော်ပြရန် ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။- | |
Reve | BurCBCM | 22:7 | ကြည့်လော့၊ ငါသည် မကြာမီကြွလာမည် ဟုဆိုလေ၏။ ဤကျမ်းစောင်၏ဗျာဒိတ်စကားတို့ကို လိုက်နာ စောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏။ | |
Reve | BurCBCM | 22:8 | ငါယောဟန်သည်ကား ဤအဖြစ်အပျက်များကို မြင်ခဲ့ကြားခဲ့ရသောသူဖြစ်၏။ ငါသည် ဤအကြောင်းအရာများကို မြင်ရကြားရသောအခါ ယင်းတို့ကို ငါ့အားပြသသော ကောင်းကင်တမန်တော်ကို ရှိခိုးကိုးကွယ်ရန် သူ၏ခြေရင်း၌ ပျပ်ဝပ်လိုက်လေ၏။- | |
Reve | BurCBCM | 22:9 | သို့သော် သူက ဤသို့မပြုနှင့်။ ငါသည် သင်နှင့်သင်၏ညီအစ်ကို ပရောဖက်များနှင့်အတူ ဤကျမ်းစောင်တွင် ပါဝင်သည့် ဗျာဒိတ်တော်များကို လိုက်နာစောင့်ထိန်းကြသော သူတို့၏လုပ်ဖော်ကိုင်ဖက် အစေခံတစ်ဦးမျှသာဖြစ်၏။ ဘုရားသခင်တစ်ပါး တည်းကိုသာ ရှိခိုးကိုးကွယ်လော့ဟု ငါ့အား ဆိုလေ၏။ | |
Reve | BurCBCM | 22:10 | ထို့နောက် သူက ငါ့အား ဆိုသည်ကား ဤကျမ်းစောင်၏ ဗျာဒိတ်စကားတို့ကို ချိပ်ပိတ်မထားလေနှင့်။ အကြောင်းမူကား ဖြစ်ပျက်မည့်အချိန်သည် နီးကပ်လာပြီ။- | |
Reve | BurCBCM | 22:11 | မကောင်းမှုကိုပြုလုပ်သောသူသည် ထိုမကောင်းမှုကို ဆက်လက်ပြုလုပ်ပါစေ။ ဆိုးညစ်သောသူသည် ဆိုးညစ်သောအမှုကို ဆက်လက်ပြုလုပ်ပါစေ။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ရာကို ဆက်လက်ဆောင်ရွက်ပါစေ။ သန့်ရှင်းမြင့်မြတ်သူ သည်လည်း ဆက်လက်၍ သန့်ရှင်းမြင့်မြတ်ပါစေဟူ၍ဖြစ်၏။ | |
Reve | BurCBCM | 22:12 | ကြည့်လော့၊ ငါသည် မကြာမီကြွလာမည်။ ငါသည် လူတစ်ဦးစီအား ၎င်းတို့ပြုမူကျင့်ကြံခဲ့သည့်အတိုင်း ပြန်လည် ပေးသနားရန် ဆုလာဘ်ကို ယူဆောင်လာမည်။- | |
Reve | BurCBCM | 22:14 | မိမိတို့၏ဝတ်ရုံများကို ဆေးကြောသန့်စင်သော သူတို့သည် မင်္ဂလာရှိကြ၏။ သူတို့သည် အသက်ပင်၏ အသီးကို ရပိုင်ခွင့်နှင့် မြို့တော်အတွင်းသို့ မြို့တံခါးမှ ဝင်နိုင်ခွင့်ကိုရကြလိမ့်မည်။- | |
Reve | BurCBCM | 22:15 | မြို့ပြင်၌မူကား ခွေးများ၊ စုန်းကဝေများ၊ ကာမဂုဏ်အမှုကိုကျူးလွန်သူများ၊ လူသတ်သမားများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်လှည့်ဖြားခြင်းကိုနှစ်သက်၍ ကျင့်ကြံကြသူများနေကြရလိမ့်မည်။ | |
Reve | BurCBCM | 22:16 | ငါယေဇူးသည် အသင်းတော်များအတွက် ဤသွန်သင်ချက်များကိုပေးရန် သင်တို့ထံသို့ ငါ၏ကောင်းကင်တမန်တော်ကို စေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အမျိုးအနွယ်ဝင်ဖြစ်၍ ထွန်းလင်းတောက်ပသော မိုးသောက်ကြယ်တော်ဖြစ်၏။ | |
Reve | BurCBCM | 22:17 | ဝိညာဉ်တော်နှင့် မင်္ဂလာသတို့သမီးတို့က ကြွလာတော်မူပါဟုဆိုကြ၏။ ကြားသောသူသည်လည်း ကြွလာတော်မူပါ ဟုဆိုပါစေ။ ရေငတ်သောသူသည်လည်း လာပါစေ။ ရေငတ်သောသူသည် အသက်ရေကို အဖိုးအခမပေးဘဲ ယူပါစေ။ | |
Reve | BurCBCM | 22:18 | ငါယောဟန်သည် ဤကျမ်းစောင်တွင်ပါသော ဗျာဒိတ်စကားတို့ကို ကြားရသူအပေါင်းတို့အား အလေးအနက် သတိပေး ပါ၏။ မည်သူမဆို ဤကျမ်းစောင်တွင်ပါရှိသော အကြောင်းအရာများကို ထပ်မံဖြည့်စွက်ပါလျှင် ဤကျမ်းစောင်တွင် ဖော်ပြထားသော ဘေးဒုက္ခများကို ဘုရားသခင်သည် ထိုသူ့အပေါ်သို့ သက်ရောက်စေတော်မူလိမ့်မည်။- | |
Reve | BurCBCM | 22:19 | မည်သူမဆို ဤကျမ်းစောင်တွင်ပါရှိသော ဗျာဒိတ်စကားများကိုဖယ်ရှားပစ်ပါလျှင် ဤကျမ်းစောင်တွင် ဖော်ပြထားသော အသက်ပင်နှင့်လည်းကောင်း၊ သန့်ရှင်းသောမြို့တော်နှင့်လည်းကောင်း သက်ဆိုင်သော သူ၏ဝေစုကို ဘုရားသခင်သည် သူ့ထံမှ ဖယ်ရှားတော်မူလိမ့်မည်။ | |
Reve | BurCBCM | 22:20 | ဤအကြောင်းအရာများကို သက်သေခံသောသူက ငါသည် မကြာမီဧကန်မုချ ကြွလာမည်ဟု မိန့်တော်မူ၏။ အာမင်။ အိုယေဇူးသခင်၊ ကြွလာတော်မူပါ။ | |