COLOSSIANS
Chapter 2
Colo | BurCBCM | 2:1 | အကြောင်းမူကား ငါသည် သင်တို့အတွက်လည်းကောင်း၊ လာအိုဒိစိယမြို့တွင်ရှိသော သူတို့အတွက်လည်းကောင်း၊ ငါ့ကို မမြင်ဖူးသေးသော သူတို့အတွက်လည်းကောင်း မည်မျှပြင်းထန်စွာကြိုးပမ်းခဲ့သည်ကို သင်တို့အား သိစေလို၏။- | |
Colo | BurCBCM | 2:2 | ဤသို့ဖြင့် သူတို့ သည် ဘုရားသခင်၏နက်နဲရာဖြစ်သော ခရစ်တော်ကို အမှန်တကယ်နားလည်၍ ကောင်းစွာသိရှိနိုင်ခြင်းငှာ သူတို့အချင်းချင်း ချစ်ခြင်းမေတ္တာ၌ ပေါင်းစပ်ကြလျက် သူတို့၏စိတ်နှလုံး၌ အားပေးနှစ်သိမ့်ခြင်းခံကြရစေရန် ဖြစ်၏။- | |
Colo | BurCBCM | 2:4 | မည်သူကမျှ သင်တို့ကို ဆွဲဆောင်ဖြား ယောင်းတတ်သောစကားများဖြင့် မလှည့်ဖြားနိုင်စေရန် သင်တို့အား ငါဤသို့ပြော ဆိုခြင်း ဖြစ်၏။- | |
Colo | BurCBCM | 2:5 | ငါသည် ကိုယ်ကာယအားဖြင့် သင်တို့နှင့်အတူ မရှိသော်လည်း စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူရှိ၏။ သင်တို့သည် ကောင်းမွန်စွာနေထိုင်ကြသည်ကို လည်းကောင်း၊ ခရစ်တော်၌ မြဲမြံစွာ ယုံကြည်ကြသည် ကိုလည်းကောင်း တွေ့ရသောကြောင့် ငါဝမ်းမြောက်ပါ၏။ | |
Colo | BurCBCM | 2:6 | ထို့ကြောင့် သင်တို့သည် ယေဇူးခရစ်တော်သခင် ကို ခံယူခဲ့ကြသည့်အတိုင်း ကိုယ်တော်၌အသက်ရှင်ကြလော့။- | |
Colo | BurCBCM | 2:7 | သင်တို့ သင်ယူခဲ့ကြရသည့်အတိုင်း ကျေးဇူးတော်ကို အပြည့်အဝချီးမွမ်းကြလျက် ယုံကြည်ခြင်း၌ ခိုင်မြဲစေပြီး သင်တို့၏ ဘ၀အသက်တာကို ကိုယ်တော်၌ အခြေခံ၍ တည်ထောင်ကြလော့။ | |
Colo | BurCBCM | 2:8 | ခရစ်တော်၏လမ်းစဉ်အတိုင်းမဟုတ်ဘဲ လူတို့၏ ထုံးတမ်းစဉ်လာများနှင့် ဤလောက၏အခြေခံသဘော တရားများက အခြေခံ၍ ထွက်ပေါ်လာသော အနှစ်သာရ ကင်းမဲ့သည့်လှည့်စားချက်နှင့် အတွေးအခေါ်တို့ဖြင့် မည် သူကမျှ သင်တို့ကို မဖျက် ဆီးစေရန် သတိပြုကြလော့။- | |
Colo | BurCBCM | 2:9 | အကြောင်းမူကား ဘုရားဇာတိအပြည့်အစုံသည် ကိုယ်ကာယပုံသဏ္ဌာန်ဖြင့် ကိုယ်တော်၌ကိန်းဝပ်တော်မူ၏။- | |
Colo | BurCBCM | 2:10 | သင်တို့သည်လည်း အုပ်စိုးမှုနှင့်တန်ခိုးအာဏာရှိသမျှ တို့၏အရှင်ဖြစ်တော်မူသော ကိုယ်တော်၌ ပြည့်၀စုံလင် သောအသက် တာကိုရရှိကြ၏။- | |
Colo | BurCBCM | 2:11 | ထို့ပြင် သင်တို့သည် ခရစ်တော်၏အရေဖျားလှီးခြင်းအားဖြင့် အသွေးအသား ခန္ဓာကိုယ်ကို စွန့်ပယ်ကြသည်ဖြစ်၍ လူတို့၏ လက်ဖြင့် မလုပ်ဆောင်သောအရေဖျားလှီးခြင်းကိုခံယူကြ၏။- | |
Colo | BurCBCM | 2:12 | ထို့နောက် သင်တို့သည် ဆေးကြောခြင်းမင်္ဂလာ၌ ကိုယ်တော်နှင့်အတူ မြှုပ်နှံသဂြိုဟ်ခြင်းကိုခံကြ၏။ ဤသို့ဖြင့် သင်တို့ သည် ကိုယ်တော့်ကို သေသူတို့အစုမှရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် ထိုဆေးကြောခြင်းမင်္ဂလာ၌ပင် ကိုယ်တော်နှင့်အတူ ရှင်ပြန်ထမြောက်ကြရ၏။- | |
Colo | BurCBCM | 2:13 | သင်တို့ သည် အပြစ်သားများဖြစ်ကြပြီး ခန္ဓာကိုယ်၏အလိုဆန္ဒ များကို စွန့်ပယ်ခြင်းမရှိသောကြောင့် သေဆုံးခဲ့ကြသော အခါ ဘုရားသခင်သည် ငါတို့၏မကောင်းမှုအားလုံးကို ခွင့်လွှတ်၍ သင်တို့အား သားတော်နှင့်အတူ အသက်ရှင် စေတော်မူခဲ့၏။- | |
Colo | BurCBCM | 2:14 | ကိုယ်တော်သည် ပညတ်တရား၏ တောင်းဆိုချက်များနှင့် ငါတို့၏အပြစ်ကြွေးများကိုပယ် ဖျက်တော်မူ၏။ ကိုယ်တော်သည် ထိုအရာများကို လက် ဝါးကပ်တိုင်ပေါ်တွင် ရိုက်ထားခြင်းဖြင့် ဖျက်သိမ်းတော်မူ၏။- | |
Colo | BurCBCM | 2:15 | ကိုယ်တော်သည် အုပ်ချုပ်သူများနှင့် တန်ခိုးအာ ဏာရှင်တို့ကိုဖယ်ရှား၍ သားတော်အားဖြင့် ၎င်းတို့ကို အောင်နိုင်ကြောင်း လူအများရှေ့တွင် ထုတ်ဖော်ပြတော် ၏။ | |
Colo | BurCBCM | 2:16 | ထို့ကြောင့် အစားအသောက်အတွက်ဖြစ်စေ၊ ပွဲလမ်းသဘင်ကျင်းပရာတွင်ဖြစ်စေ၊ လပြည့်နေ့ သို့မဟုတ် ဥပုသ်နေ့အတွက် ဖြစ်စေ မည်သူကမျှ သင်တို့အပေါ် စီရင်ဆုံးဖြတ်ခြင်းမပြုစေနှင့်။- | |
Colo | BurCBCM | 2:17 | ဤအရာတို့သည် နောင်ဖြစ်လတ္တံ့သောအရာ၏အရိပ်သာ ဖြစ်၏။ ခရစ်တော်၏ ခန္ဓာကိုယ်သာလျှင် စစ်မှန်သောအရာ ဖြစ်တော်မူ၏။- | |
Colo | BurCBCM | 2:18 | လွဲမှားသောနှိမ့်ချခြင်းနှင့် ကောင်းကင်တမန်တော်တို့အား ရှိခိုးကိုးကွယ်ခြင်းတို့ကို အခိုင်အမာပြောဆိုလျက် ထူး ခြားသော ဗျာဒိတ်ရူပါရုံများကိုမြင်ရသောကြောင့် အခြားသူတို့ထက် ပိုမိုမြင့်မြတ်သည်ဟုပြောဆိုပြီး လူတို့၏အမြင်ဖြင့် အကြောင်းမဲ့ ထောင်လွှား သောသူတို့သည် သင်တို့ကို မထိုက်တန်ကြောင်းစီရင်ခြင်းမပြုစေကြနှင့်။- | |
Colo | BurCBCM | 2:19 | ထိုသူတို့သည် ဦးခေါင်းနှင့် ဆက်နွယ် ခြင်းမရှိကြချေ။ ထိုဦးခေါင်းသည်ကား ခန္ဓာကိုယ်တစ်ခုလုံးကို ၎င်း၏အရိုး အဆစ်များ အားဖြင့် ပေါင်းစည်းပေးထားလျက် အင်အား ဖြစ်စေပြီး ဘုရားသခင်ထံတော်မှလာသောကြီးထွားမှု ကို ရရှိစေ၏။ | |
Colo | BurCBCM | 2:20 | သင်တို့သည် ခရစ်တော်နှင့်အတူ ဤလောက၏ အတွေးအခေါ်များမှ စုတေခဲ့ကြလျှင် အဘယ်ကြောင့် လောကနှင့် သက်ဆိုင်သူများကဲ့သို့ ဆက်လက်ကျင့်ကြံ နေထိုင်ကြသနည်း။ အဘယ်ကြောင့် သင်တို့သည်၊- | |
Colo | BurCBCM | 2:22 | ဤအရာတို့သည် လူတို့ဖန် တီးသည့်ဥပဒေများနှင့် သွန်သင်ချက်များဖြစ်ကြသည့် အလျောက် ယင်းတို့ကို လိုက်နာနေစဉ် တွင်ပင် အားလုံး ပျက်စီးပျောက်ကွယ်သွားတတ်သောအရာများဖြစ်ကြ၏။- | |