EZEKIEL
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
Chapter 24
Ezek | BurJudso | 24:1 | သက္ကရာဇ်ကိုးခု၊ ဒသမလဆယ်ရက်နေ့တွင်၊ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ | |
Ezek | BurJudso | 24:2 | အချင်းလူသား၊ ဤမည်သောနေ့၊ ယခုနေ့ရက် ကိုမှတ်လော့။ ယခုနေ့၌ ဗာဗုလုန်ရှင်ဘုရင်သည် ယေရု ရှလင်မြို့ကို ဝိုင်းထားစပြု၏။ | |
Ezek | BurJudso | 24:3 | ပုန်ကန်တတ်သော အမျိုးအားလည်း ပုံစကား တည်းဟူသော၊ အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ အိုးကင်းကို မီးဖို၌ တင်ထား၍ ရေကိုလောင်းလော့။ | |
Ezek | BurJudso | 24:4 | အမဲသားတစ်များ၊ ကောင်းသောအတစ်တို့ကို စုထား၍၊ ပေါင်၊ ပခုံး၊ အစရှိသော အကောင်းဆုံးသော အရိုးတို့ကို အိုးကင်း၌အပြည့်ထည့်လော့။ | |
Ezek | BurJudso | 24:5 | သိုးအကောင်းဆုံးတို့ကို ယူပြီးလျှင်၊ အရိုးအချို့ တို့ကို အိုးကင်းအောက်မှာပုံ၍၊ အိုးကင်းထဲမှာ အရိုးတို့ကို ကျက်စေခြင်းငှါ၊ ကျပ်ကျပ်ဆူစေလော့။ | |
Ezek | BurJudso | 24:6 | ဤအမှု၌ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား၊ လူအသက်ကိုသတ်တတ်သောမြို့၊ သံချေးတက်၍ ရှိသေး သောအိုးကင်းသည် အမင်္ဂလာရှိ၏။ သားတစ်တို့ကို တခုနောက်တခုထုတ်လော့။ စာရေးတံမပြုနှင့်။ | |
Ezek | BurJudso | 24:7 | အကြောင်းမူကား၊ ထိုမြို့သတ်သော သူ၏ အသွေးသည် မြို့အလယ်၌ ရှိ၏။ ထိုအသွေးကိုမြေမှုန့်နှင့် ဖုံးခြင်းငှါ မြေပေါ်မှာသွန်းသည်မဟုတ်၊ ရှင်းလင်းသော ကျောက်ပေါ်မှာတင်ထားပြီ။ | |
Ezek | BurJudso | 24:8 | ငါသည်လည်း အပြစ်ဒဏ်ပေးမည်အကြောင်း၊ ဒေါသအမြတ်ထွက်စေခြင်းငှါ၊ ထိုအသွေကိုမဖုံးဘဲ ရှင်းလင်းသောကျောက်ပေါ်မှာ တင်ထားပြီ။ | |
Ezek | BurJudso | 24:9 | ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ လူအသက် ကိုသတ်တတ်သောမြို့သည် အမင်္ဂလာရှိ၏။ ကြီးစွာသော မီးပုံကို ငါစီရင်မည်။ | |
Ezek | BurJudso | 24:10 | ထင်းများကို ပုံထား၍မီးရှို့လော့။ အမဲသား လျော့၍ မြိန်စွာသော စားဘွယ်ဖြစ်စေလော့။ အရိုးတို့ကို လည်း ကျွမ်းစေ။ | |
Ezek | BurJudso | 24:11 | ထိုနောက်၊ အဘယ်အရာမျှမပါဘဲ မီးခဲပေါ်မှာ မီးခဲပေါ်မှာ တင်ထားလော့။ ကြေးနီပူ၍ မီးတောက်စေ။ အိုးကင်း၌ပါသော အညစ်အကြေးကို အရည်ကျို၍ သံချေးကုန်စေ။ | |
Ezek | BurJudso | 24:13 | သင်၏အညစ်အကြေး၌ အဓမ္မအမှုပါ၏။ ငါဆေးကြော၍ သင်သည်ဆေးကြောခြင်းကို မခံသော ကြောင့်၊ ငါ၏အမျက်အရှိန်သည် သင့်အပေါ်သို့ မရောက် မချင်းတိုင်အောင်၊ သင်၏အညစ်အကြေးကို မဆေး ကြောရ။ | |
Ezek | BurJudso | 24:14 | ငါထာဝရဘုရားပြောပြီ။ ပြောသည်အတိုင်း ငါပြု၍ပြည့်စုံစေမည်။ နောက်သို့မဆုတ်၊ မနှမြော၊ နောင်တမရ၊ သင်ကျင့်ကြံပြုမူသမျှ အတိုင်း၊ ငါစီရင်မည် ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ | |
Ezek | BurJudso | 24:16 | အချင်းလူသား၊ သင်ကြည့်ရှုလိုဘွယ်သော သူကိုငါသည် ဒဏ်ခတ်၍ ပယ်ရှားမည်။ သို့ရာတွင်၊ သင်သည် ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ မျက်ရည် မကျရ။ | |
Ezek | BurJudso | 24:17 | တိုးတိုးညည်းတွားလော့။ သေသောသူအတွက် မြည်တမ်းခြင်းကို မပြုနှင့်။ ခေါင်းပေါင်းပေါင်း၍ ခြေနင်း ကိုစီးလော့။ နှုတ်ကိုမဖုံးနှင့်။ ဆင်းရဲသောသူ၏ အစာကို မစားနှင့်ဟု မိန့်တော်မူ၏။ | |
Ezek | BurJudso | 24:18 | ထိုသို့ငါသည် နံနက်အချိန်၌ လူများတို့အား ကြားပြော၏။ ညဦးအချိန်၌ ငါ့ခင်ပွန်းသည် သေ၏။ မှာထားတော်မူသည်အတိုင်း နက်ဖြန်နံနက်မှငါပြု၏။ | |
Ezek | BurJudso | 24:19 | လူများတို့ကလည်း ဤသို့သင်ပြုသောအမှုသည် ငါတို့နှင့်အဘယ်သို့ ဆိုင်သနည်း။ ငါတို့အားမပြော သလောဟု ငါ့အားမေးကြသော်၊ | |
Ezek | BurJudso | 24:21 | အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသား ဆင့်ဆိုရမည်မှာ၊ ငါ၏သန့်ရှင်းရာ ဌာန၊ သင်တို့အစွမ်းသတ္တိအထွဋ်အမြတ်၊ သင်တို့ကြည့်ရှု လိုဘွယ်သောအရာ၊ အလွန်နှမြောသော အရာကို ငါရှုတ်ချမည်။ သင်တို့ဘွားမြင်သောသားသမီးတို့သည် ထားဖြင့်ဆုံးကြလိမ့်မည်။ | |
Ezek | BurJudso | 24:22 | ထိုအခါ သင်တို့သည် ငါပြုသကဲ့သို့ ပြုကြ ရလိမ့်မည်။ နှုတ်ကိုမဖုံး၊ ဆင်းရဲသောသူတို့၏ အစာကို မစားရကြ။ | |
Ezek | BurJudso | 24:23 | ခေါင်းပေါင်းပေါင်း၍ ခြေနင်းကို စီးရကြလိမ့် မည်။ ငိုကြွေးမြည်တမ်းခြင်းကိုမပြုရကြ။ ကိုယ်အပြစ် ကြောင့် ပိန်ကြုံး၍ တယောက်ကိုတယောက် ညည်းတွား ရကြလိမ့်မည်။ | |
Ezek | BurJudso | 24:24 | ထိုသို့ဇေကျေလသည် သင်တို့အား ပုပ္ပနိမိတ် ဖြစ်ရ၏။ သူပြုသမျှအတိုင်း သင်တို့သည်၊ အမှုရောက် သောအခါ ပြု၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိရကြလိမ့်မည်။ | |
Ezek | BurJudso | 24:25 | အချင်းလူသား၊ သင်၏အမှုမူကား၊ သူတို့ အစွမ်းသတ္တိ၊ ဝါကြွားစရာဘုန်း၊ ကြည့်ရှုလိုဘွယ်သော အရာ၊ စိတ်စွဲလမ်းသောအရာကို၎င်း၊ သားသမီးတို့ကို၎င်း ငါပယ်ရှားသောအခါ၊ | |