I KINGS
Chapter 21
I Ki | BurJudso | 21:1 | ထိုနောက်မှ ယေဇရေလမြို့သား နာဗုတ်ပိုင်သော စပျစ်ဥယျာဉ်သည် ယေဇရေလမြို့တွင်၊ ရှမာရိ မင်းကြီးအာဟပ်၏နန်းတော်နားမှာ ရှိသည်ဖြစ်၍၊ | |
I Ki | BurJudso | 21:2 | အာဟပ်မင်းက၊ သင့်စပျစ်ဥယျာဉ်သည် နန်းတော်နားမှာရှိသောကြောင့် ယာလုပ်စရာဘို့ပေးပါ။ သာ၍ကောင်းသော ဥယျာဉ်ကို ငါပေးမည်။ သို့မဟုတ် သင်အလိုရှိလျှင် အဘိုးကိုပေးမည်ဟု နာဗုတ်အား ဆိုလျှင်၊ | |
I Ki | BurJudso | 21:3 | နာဗုတ်က၊ ဘိုးဘေးလက်မှ အမွေခံသောမြေကို ကိုယ်တော်အား ပေးရသောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု ပြန်လျှောက်၏။ | |
I Ki | BurJudso | 21:4 | ဘိုးဘေးမှ အမွေခံသော မြေကို မပေးရဟု ယေဇရေလမြို့သား နာဗုတ်လျှောက်သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူးသော စိတ်နှင့် ညှိုးငယ်လျက်၊ နန်းတော်သို့သွား၍ အစာကိုမစား၊ မျက်နှာကို လွှဲ၍သာလွန်ပေါ်မှာ အိပ်လျက်နေ၏။ | |
I Ki | BurJudso | 21:5 | ခင်ပွန်းယေဇဗေလသည်လာ၍၊ အစာကို မစားနိုင်အောင် စိတ်တော်သည် အဘယ်ကြောင့် ညှိုးငယ် တော်မူသနည်းဟုမေးလျှင်၊ | |
I Ki | BurJudso | 21:6 | မင်းကြီးက၊ ယေဇရေလမြို့သားနာဗုတ်ကို ငါခေါ်၍ သင့်စပျစ်ဥယျာဉ်ကို ရောင်းပါ။ သို့မဟုတ် သင်အလို ရှိလျှင် အခြားသောဥယျာဉ်ကို ငါပေးမည်ဟုဆိုသော်၊ ထိုဥယျာဉ်ကို ကိုယ်တော်အားမပေးရဟု ပြန်ပြော သောကြောင့် စိတ်ညှိုးငယ်သည်ဟုဆို၏။ | |
I Ki | BurJudso | 21:7 | ခင်ပွန်းယေဇဗေလက၊ ကိုယ်တော်သည် ဣသ ရေလနိုင်ငံကို အစိုးရတော်မူသည် မဟုတ်လော။ ထ၍ ရွှင်လန်းသော စိတ်နှင့် စားတော်ခေါ်ပါ။ ကျွန်မသည် ယေဇရေလမြို့သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို ဆက်ပါ မည်ဟုဆိုသည်အတိုင်း၊ | |
I Ki | BurJudso | 21:8 | အာဟပ်မင်း၏ အခွင့်နှင့်စာရေး၍ တံဆိပ် တော်နှင့် ခတ်ပြီးမှ၊ နာဗုတ်နေရာမြို့၌ သူနှင့်အတူ နေသော အသက်ကြီးသူနှင့်မှူးမတ်များထံသို့ ပေးလိုက် လေ၏။ | |
I Ki | BurJudso | 21:9 | စာချက်ဟူမူကား၊ အစာရှောင်ရာအချိန်ကို ကြွေးကြော်၍၊ နာဗုတ်ကို လူများရှေ့မှာ မြှောက်ထား ကြလော့။ | |
I Ki | BurJudso | 21:10 | သူ့ရှေ့မှာ အဓမ္မလူနှစ်ယောက်ကိုထား၍၊ သင်သည် ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီဟု သက်သေခံပါလေစေ။ သို့ပြီးမှ သူ့ကို ထုတ်၍ သေစေခြင်း ငှါ ကျောက်ခဲနှင့်ပစ်ကြလော့ဟု ပါသတည်း။ | |
I Ki | BurJudso | 21:11 | ယေဇဗေလပေးလိုက်သော စာ၌ ပါသည် အတိုင်း၊ နာဗုတ်နေသောမြို့သား အသက်ကြီးသူနှင့် မှူးမတ်တို့သည် ပြုလျက်၊ | |
I Ki | BurJudso | 21:13 | အဓမ္မလူနှစ်ယောက်သည် လာ၍သူ့ရှေ့မှာ ထိုင်လျက်၊ နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို စွန့်ပယ်ပြီဟု လူများရှေ့တွင် နာဗုတ်တဘက်၌ သက်သေ ခံကြလျှင်၊ နာဗုတ်ကို မြို့ပြင်သို့ ထုတ်၍ သေအောင် ကျောက်ခဲနှင့်ပစ်ကြ၏။ | |
I Ki | BurJudso | 21:14 | ထိုအခါ နာဗုတ်သည် ကျောက်ခဲနှင့် ပစ်ခြင်း ကိုခံရ၍ သေပါပြီဟု ယေဇဗေလထံသို့ စေလွှတ်၍ ကြားလျှောက်ကြ၏။ | |
I Ki | BurJudso | 21:15 | ထိုအကြောင်းကို ယေဇဗေလသည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ် မရောင်းလိုသော စပျစ် ဥယျာဉ်ကို ထ၍ သိမ်းယူတော်မူပါ။ နာဗုတ်အသက်မရှိ၊ သေပါပြီဟု ဆို၏။ | |
I Ki | BurJudso | 21:16 | နာဗုတ်သေကြောင်းကို အာဟပ်သည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ ထသွား၏။ | |
I Ki | BurJudso | 21:18 | သင်သည်ရှမာရိမြို့၌နေသော ဣသရေလ ရှင်ဘုရင်အာဟပ်ကို ကြိုဆိုအံ့သောငှါ ထသွားလော့။ သူသည်နာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ သွား၍ ယခုဥယျာဉ်၌ရှိ၏။ | |
I Ki | BurJudso | 21:19 | ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် လူအသက်ကို သတ်၍သူ့ဥစ္စာကို သိမ်းယူပြီလော။ တဖန် မိန့်တော်မူသည်ကား၊ ခွေးတို့သည် နာဗုတ်အသွေးကို လျက်သောအရပ်၌ သင့်အသွေးကိုပင် လျက်ကြလိမ့် မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထား တော်မူ၏။ | |
I Ki | BurJudso | 21:20 | အာဟပ်ကလည်း၊ အချင်းရန်သူ၊ ငါနှင့်တွေ့ပြီ လောဟု ဧလိယအားဆိုလျှင်၊ ဧလိယကသင်သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုလို၍ ကိုယ်ကို ရောင်းသောကြောင့် သင်နှင့်ငါတွေ့ပြီ။ | |
I Ki | BurJudso | 21:21 | ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်အပေါ် သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ ချုပ်ထားသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုး ယောက်ျားများကိုပယ်ဖြတ်မည်။ | |
I Ki | BurJudso | 21:22 | ငါ့အမျက်ကို နှိုးဆော်သောအပြစ်နှင့် ဣသ ရေလအမျိုးကို ပြစ်မှားစေသောအပြစ်ကြောင့်၊ သင့်အမျိုး ကို နေဗတ်၏သား ယေရောဗောင်အမျိုးနှင့် အဟိယ၏ သားဗာရှာအမျိုးကဲ့သို့ ငါဖြစ်စေမည်။ | |
I Ki | BurJudso | 21:23 | ယေဇဗေလအမှုမှာ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ ယေဇရေလမြို့ရိုးနားမှာ ခွေးတို့သည် ယေဇ ဗေလကို စားကြလိမ့်မည်။ | |
I Ki | BurJudso | 21:24 | အာဟပ်အမျိုးသည် မြို့ထဲမှာ သေလျှင်ခွေးစား လိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည်ဟု မိန့်တော်မူကြောင်းကို အာဟပ်အား ဆင့်ဆို၏။ | |
I Ki | BurJudso | 21:25 | အာဟပ်နှင့်တူသော သူတယောက်မျှမရှိ။ ခင်ပွန်းယေဇဗေလသည် တိုက်တွန်းသဖြင့်၊ ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုလို၍ ကိုယ်ကို ရောင်း သောသူဖြစ်၏။ | |
I Ki | BurJudso | 21:26 | ထာဝရဘုရားသည် ဣသရေလအမျိုးရှေ့မှ နှင်ထုတ်တော်မူသောအာမောရိ အမျိုးသားပြုသမျှ အတိုင်း၊ ရုပ်တုဆင်းတုကို ဆည်းကပ်၍ စက်ဆုပ်ရွံရှာ ဘွယ် အမှုကိုပြု၏။ | |
I Ki | BurJudso | 21:27 | သို့ရာတွင် ဧလိယဆင့်ဆိုသော စကားတော်ကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍လျှော်တေအဝတ်ကို ဝတ်၏။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်၌ အိပ်ခြင်း ကို ပြု၍ ဖြည်းဖြည်းသွားလာ၏။ | |