I PETER
Chapter 1
I Pe | BurCBCM | 1:1 | ယေဇူးခရစ်တော်၏တမန်တော် ပေတရုထံမှ ပုန္တုပြည်၊ ဂါလားဆီယာပြည်၊ ကပ္ပါဒိုးစိယပြည်၊ အာရှပြည်နှင့် ဘီသိနိယပြည် တို့တွင် ပျံ့နှံ့နေထိုင်လျက် ရှိကြသော ဧည့်သည့်အာဂန္တုများဖြစ်ကြသည့်၊- | |
I Pe | BurCBCM | 1:2 | ခမည်းတော်ဘုရား၏ ရွေးချယ် သတ်မှတ်ထားခြင်းခံရသောသူ အပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။ သူတို့သည် ယေဇူး ခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ဖြင့် ဆေးကြောခြင်းခံယူရန် ဝိညာဉ်တော်အားဖြင့် သန့်ရှင်း စင်ကြယ်လာကြ သောသူများဖြစ်ကြ၏။ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင် တို့၌ တိုးပွားပါစေသော်။ | |
I Pe | BurCBCM | 1:3 | ငါတို့၏သခင် ယေဇူးခရစ်တော်၏အဖခမည်းတော် ဘုရားအားကောင်းချီးမင်္ဂလာရှိပါစေသော်။ ကိုယ်တော်၏ မဟာကရုဏာ တော်အတိုင်း ငါတို့သည် ယေဇူးခရစ်တော်၏သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ရှင်သန်သော မျှော်လင့်ချက် သို့လည်းကောင်း၊- | |
I Pe | BurCBCM | 1:4 | သင်တို့အတွက် ကောင်းကင်တွင် သိမ်းဆည်းထားသည့် မပျက် စီးနိုင်သော၊ ညစ်ညူးခြင်းမှကင်းသော၊ ညှိုးနွမ်းမှေးမှိန် မသွားနိုင်သော အမွေတော်အတွက်လည်းကောင်း အသစ်တစ်ဖန် မွေးဖွားခြင်းခံခဲ့ကြရ၏။- | |
I Pe | BurCBCM | 1:5 | သင်တို့သည် ကား ကယ်တင်ခြင်းခံရရန် ဘုရားသခင်၏တန်ခိုးတော် အားဖြင့် ယုံကြည်ခြင်း၌ စောင့်ရှောက်ခြင်းခံကြရ၏။ ထို ကယ်တင်ခြင်းမှာ နောက်ဆုံးသောကာလတွင် ထင်ရှားလာခြင်းငှာ အသင့်ရှိနေလေပြီ။- | |
I Pe | BurCBCM | 1:6 | ယခုအခါ သင်တို့သည် အမျိုးမျိုးသောစုံစမ်းခြင်းတို့ကို ခေတ္တခဏခံကြရမည်ဖြစ် သော်လည်း ဤအကြောင်းကြောင့် သင်တို့ဝမ်းမြောက် ကြပါလော့။- | |
I Pe | BurCBCM | 1:7 | သို့မှသာ မီးဖြင့် စမ်းသပ်ခံရပြီးဖြစ်သော် လည်း ပျောက်ပျက်သွားနိုင်သည့်ရွှေထက် ပို၍တန်ဖိုး ကြီးမားသောသင်တို့၏ ယုံကြည်ခြင်းသည် ထိုက်တန်ကြောင်း စမ်းသပ်စစ်ဆေးခံရပြီးနောက် သင်တို့သည် ယေဇူးခရစ်တော်၏ ဘုန်းတော်ထင်ရှား သည့်အချိန်တွင် ချီးမွမ်းခြင်း၊ ဂုဏ်ကျက်သရေနှင့် လေးစားဂုဏ်ပြုခြင်းတို့ကိုခံစားကြရမည်ဖြစ်၏။- | |
I Pe | BurCBCM | 1:8 | သင်တို့သည် ကိုယ်တော့်ကို မမြင်ဖူးကြသော်လည်း ချစ်မြတ်နိုးကြ၏။ ယခုတွင်လည်း သင်တို့သည် ကိုယ်တော့်ကို မမြင်ရသော်လည်း ကိုယ်တော်၌ ယုံကြည်ကြပြီး နှုတ်ဖြင့်မဖော်ပြနိုင်လောက်အောင် ကြီးမားလှသောဝမ်းမြောက်ခြင်းဖြင့် ပြည့် လျက်ရှိ၏။- | |
I Pe | BurCBCM | 1:9 | သင်၏ယုံကြည်ခြင်းအကျိုးရလဒ်အဖြစ် သင်တို့သည် သင်တို့၏ဝိညာဉ်များအတွက် ကယ်တင်ခြင်းကျေး ဇူးကို ရရှိကြလေပြီ။ | |
I Pe | BurCBCM | 1:10 | သင်တို့ခံစားရမည့်ကျေးဇူးတော်အကြောင်းကို ကြိုတင်ဟောပြောခဲ့ကြသောပရောဖက်တို့သည် ဤကယ်တင်ခြင်း အကြောင်းကို ရှာဖွေလေ့လာခဲ့ကြ၏။- | |
I Pe | BurCBCM | 1:11 | သူတို့သည် ခရစ်တော်၏ဒုက္ခဝေဒနာခံထမ်းခြင်းနှင့် နောက်ဆက်တွဲရရှိသည့်ဘုန်းဂုဏ်တော်တို့ကို ကြိုတင်ဟော ပြောကြသောအခါ ခရစ်တော်၏ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရသောသူမှာ မည်သူဖြစ်ကြောင်းကိုလည်းကောင်း၊ ယင်းသည် မည်သည့်အချိန်ကာလတွင်ဖြစ်ပွား မည်ကိုလည်းကောင်း မိမိတို့အချင်းချင်း မေးမြန်းစုံစမ်းခဲ့ကြ၏။- | |
I Pe | BurCBCM | 1:12 | သူတို့ဟောပြောကြေညာခဲ့ကြသော သတင်းစကားသည် သူတို့အတွက်မဟုတ်ဘဲ သင်တို့အတွက် သာဖြစ်ကြောင်း သူတို့အား ထင်ရှားစွာဖော်ပြထားခဲ့ပြီး ဖြစ်၏။ ယခုအခါတွင် ကောင်းကင်ဘုံမှစေလွှတ်ခြင်းခံရ တော်မူသောဝိညာဉ်တော်မြတ်မှ တစ်ဆင့် သင်တို့အား သတင်းကောင်းကို ဟောပြောကြသောသူတို့သည် ထို သတင်းစကားကို သင်တို့အား ကြေညာဟောပြော ခဲ့ကြ လေပြီ။ ကောင်းကင်တမန်တော်တို့သည် ထိုအကြောင်း အရာတို့ကို သိမြင်ခြင်းငှာ တောင့်တခဲ့ကြ၏။ | |
I Pe | BurCBCM | 1:13 | သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးများကို အသင့်ပြင်ဆင်ပြီး စိတ်ကိုတည်ငြိမ်စွာထားကြလော့။ ယေဇူးခရစ်တော်၏ ဘုန်းဂုဏ်တော် ထင်ရှားချိန်တွင် သင်တို့ထံသို့ ရောက်ရှိလာမည့်ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့် ကြလော့။- | |
I Pe | BurCBCM | 1:14 | သင်တို့သည် နာခံခြင်းရှိသောသားသမီးများ ဖြစ်သည့်အတိုင်း ယခင်သင်တို့အသိတရားမဲ့စဉ်ကရှိခဲ့သော ရမ္မက်ဆန္ဒများ နောက်သို့ မလိုက်ကြလေနှင့်။- | |
I Pe | BurCBCM | 1:15 | သို့သော် သင်တို့ကို ခေါ်တော်မူသောသခင်သည် သန့်ရှင်းမွန်မြတ်သကဲ့သို့ သင်တို့သည်လည်း သင်တို့ကျင့်ကြံ သမျှအမှုတို့၌ သန့်ရှင်းမွန်မြတ်သောသူများဖြစ်စေကြလော့။- | |
I Pe | BurCBCM | 1:16 | အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ငါသည်သန့်ရှင်းမွန်မြတ်တော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်း မွန်မြတ်ကြလော့ဟု ရေးထားသတည်း။ | |
I Pe | BurCBCM | 1:17 | မျက်နှာလိုက်ခြင်းမရှိဘဲ လူတစ်ဦးစီ၏အပြုအမူများအတိုင်း တရားစီရင်တော်မူသောအရှင်ကို အဖခမည်းတော်အဖြစ် သင်တို့တောင်းလျှောက်ကြပါလျှင် ကမ္ဘာလောက၌ နေရသောကာလတစ်လျှောက်လုံး ကြောက်ရွံ့ရိုသေခြင်းဖြင့် ကျင့်ကြံနေ ထိုင်ကြလော့။- | |
I Pe | BurCBCM | 1:18 | သင်တို့၏ ဘိုးဘေးတို့ထံမှ အမွေဆက်ခံကြရသည့် အနှစ်သာရ ကင်းမဲ့သောဘ၀မှ သင်တို့ကို ရွေးနုတ်ခဲ့ကြောင်း သင်တို့ သိကြ၏။ ထိုသို့ရွေးနုတ်ရာတွင် ပျက်စီးတတ်သော ရွှေ၊ ငွေအစရှိသည့်အရာတို့ဖြင့် ရွေးနုတ်ကယ်တင်ခဲ့ခြင်း မဟုတ်ဘဲ၊- | |
I Pe | BurCBCM | 1:19 | အပြစ်အနာအဆာကင်းသော သိုးငယ် တော်ကဲ့သို့ဖြစ်သော ခရစ်တော်၏သွေးတော်အားဖြင့်သာ ရွေးနုတ်ကယ်တင်ခဲ့ ကြောင်းကို သင်တို့သိကြ၏။- | |
I Pe | BurCBCM | 1:20 | ကိုယ်တော်သည် ကမ္ဘာလောကမတည်ရှိမီကပင် ရွေးချယ်သတ်မှတ်ထားခြင်းခံခဲ့ရပြီး နောက်ဆုံးသောအချိန် ကာလတွင် သင်တို့၏အကျိုးအလို့ငှာ ထင်ရှားစွာထုတ် ဖော်ပြခြင်းကိုခံတော်မူ၏။- | |
I Pe | BurCBCM | 1:21 | ဘုရားသခင်သည် ကိုယ် တော်အား သေခြင်းမှရှင်ပြန်ထမြောက်စေပြီး ဘုန်းဂုဏ် တော်ကိုပေးသနားတော်မူ၍ သင်တို့သည် ကိုယ်တော်အားဖြင့် ဘုရားသခင်၌ ယုံကြည်ကိုးစားလာကြ၏။ သို့မှသာ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းသည် ဘုရားသခင်၌ တည်နေမည်ဖြစ်၏။ | |
I Pe | BurCBCM | 1:22 | သင်တို့သည် ညီအစ်ကိုများအပေါ် စစ်မှန်သောချစ်ခြင်းမေတ္တာတရားထားရှိရန် သမ္မာတရားတော်ကို နာခံခြင်းဖြင့် သင်တို့၏ ဝိညာဉ်များကို စင်ကြယ်စေခဲ့သည်ဖြစ်၍ သင်တို့အချင်းချင်း စိတ်နှလုံးထဲမှ လေးနက်စွာ ချစ်ခင်ကြလော့။- | |
I Pe | BurCBCM | 1:23 | သင်တို့သည် သေကြေပျက်စီးနိုင်သောမျိုး စေ့မှမွေးဖွားလာခြင်းမဟုတ်ဘဲ မသေကြေမပျက်စီးနိုင်သည့်မျိုးစေ့တည်း ဟူသော အသက်ရှင်၍ အစဉ်တည် နေတော်မူသည့် ဘုရားသခင်၏နှုတ်တော်ထွက်စကားအားဖြင့် အသစ်မွေးဖွားခြင်းခံကြရ လေပြီ။- | |
I Pe | BurCBCM | 1:24 | အကြောင်း မူကား လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်ကြ၍ သူတို့၏ဂုဏ်သရေရှိသမျှသည် မြက်ပင်မှပွင့်သောပန်းနှင့် တူ၏၊ မြက်ပင်သည် ညှိုးခြောက်သွား၍ မြက်ပင်၏ပန်းသည်လည်း ကြွေကျလေ၏၊- | |