Site uses cookies to provide basic functionality.

OK
II CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13
Prev Up Next Toggle notes
Chapter 10
II C BurCBCM 10:1  သင်တို့ရှေ့တွင်ရှိသောအခါ နှိမ့်ချ၍ သင်တို့နှင့်ဝေးသောအခါ ရဲဝံ့စွာပြောဆိုတတ်သော ငါပေါ လုသည် ခရစ်တော်၏ နူးညံ့ သိမ့်မွေ့ခြင်းကိုအမှီပြု၍ သင်တို့အား တောင်းပန်ပါ၏။-
II C BurCBCM 10:2  ငါသည် သင်တို့နှင့်အတူရှိ သောအခါ ယုံကြည်စိတ်အပြည့်ဖြင့် ရဲဝံ့စွာ မပြောရစေ မည့်အကြောင်း ငါတောင်းပန်ပါ၏။ ငါတို့သည် လောကီ ဆန်ဆန်ပြုမူနေကြသည်ဟု ထင်မှတ်ကြသောသူတို့ကိုမူ ငါသည် ရဲဝံ့စွာပြောဆိုရန် ရည်ရွယ်ထား၏။-
II C BurCBCM 10:3  အဘယ် ကြောင့်ဆိုသော် ငါတို့သည် လောကထဲတွင် အသက်ရှင်နေထိုင်ကြသော်လည်း လောက၏စစ်မက်ကိုတိုက် ခိုက်နေကြသည်မဟုတ်ပေ။-
II C BurCBCM 10:4  အကြောင်းမူကား ငါတို့၏ စစ်လက်နက်များမှာ လောကီနှင့်ဆိုင်သောလက်နက် များမဟုတ်ဘဲ ခံတပ်များကိုဖျက်ဆီးနိုင် သော ဘုရား သခင်၏တန်ခိုးတော်ဖြစ်သောကြောင့်တည်း။-
II C BurCBCM 10:5  ငါတို့ သည် ဘုရားသခင်ကိုသိရှိနိုင်ရေးတွင် အဟန့်အတားဖြစ် နေသည့် အငြင်းပွားမှုများကိုလည်းကောင်း၊ မောက်မာ သောအတားအဆီးမှန်သမျှကိုလည်းကောင်း ဖျက်ဆီး၍ အကြံအစည်မှန်သမျှကိုလည်း ခရစ်တော်၌နာခံရန် ဆွဲ ဆောင်ကြ၏။-
II C BurCBCM 10:6  သင်တို့အပြည့်အဝနာခံပြီးသောအခါ တွင် နာခံခြင်းမရှိသောအမှုတိုင်းကို အပြစ်ဒဏ်ပေးရန် ငါတို့အဆင်သင့်ရှိကြ၏။
II C BurCBCM 10:7  သင်တို့၏မျက်မှောက်၌ရှိသောအရာကို ကြည့်ကြ လော့။ အကြင်သူသည် မိမိကိုယ်ကို ခရစ်တော်၏နောက် လိုက်ဖြစ်သည်ဟု ယုံကြည်ထားပါလျှင် သူသည် ခရစ်တော်၏နောက်လိုက်ဖြစ်သည့်နည်းတူ ငါတို့သည်လည်း ခရစ်တော်၏နောက်လိုက် ဖြစ်ကြောင်း မိမိကိုယ်ကို သတိပေးပါစေ။-
II C BurCBCM 10:8  အကြောင်းမူကားသင်တို့အား ဖျက်ဆီးရန် မဟုတ်ဘဲ ပြုစုပျိုးထောင်ပေးရန်အလို့ငှာ သခင်ဘုရားပေးအပ်တော်မူသော ငါတို့၏ဩဇာအာဏာကို ငါသည် အနည်းငယ်ဝါကြွားပြောဆိုမိပါကလည်း အရှက်ရလိမ့်မည်မဟုတ်ပေ။-
II C BurCBCM 10:9  ငါသည် သင်တို့ကို စာများရေး၍ ခြိမ်း ခြောက်နေသည်ဟု မထင်မှတ်စေလိုပေ။-
II C BurCBCM 10:10  အကြောင်းမူ ကား ထိုသူတို့က သူ၏စာများသည် လေးနက်၍ ပြင်းထန်လှ၏၊ သို့သော် သူ၏ပုံပန်းသဏ္ဌာန်မှာမူကား အထင်ကြီး ဖွယ်ရာမရှိ၊ သူ၏ဟောပြောချက်သည်လည်း မပြောပ လောက်ပေဟု ဆိုကြ၏။-
II C BurCBCM 10:11  ငါတို့သည် ကိုယ်တိုင်မလာ စဉ်က စာဖြင့်ရေးထားသောအရာတို့ကို ကိုယ်တိုင်လာ သောအခါ ကျင့်ကြံပြုမူကြကြောင်းကို ထိုသူတို့နားလည် ကြပါစေ။-
II C BurCBCM 10:12  ငါတို့သည် မိမိတို့ကိုယ်ကို ချီးမွမ်းသောသူ အချို့တို့နှင့် အဆင့်အတန်းတူစေခြင်း၊ သို့မဟုတ် ပြိုင်ဆိုင် ခြင်းစသည်တို့ကို မပြုလုပ်ဝံ့ပေ။ သို့သော် ထိုသူတို့သည် အချင်းချင်း အကဲဖြတ်၍ ပြိုင်ဆိုင်ကြခြင်းဖြင့် မိမိတို့၏ မိုက်မဲမှုကို ပြသကြ၏။
II C BurCBCM 10:13  ငါတို့သည်ကား ငါတို့၏အတိုင်းအတာကိုကျော် လွန်၍ ဝါကြွားလိမ့်မည်မဟုတ်ဘဲ ငါတို့၌ ဘုရားသခင် သတ်မှတ်ပေး ထားသည့်ဘောင်အတွင်း၌သာ နေထိုင် ပြောဆိုကြမည်။ ဤသို့ဆိုရာ၌ သင်တို့အကြားတွင် အမှု တော်ဆောင်ခြင်းသည်လည်း အပါအဝင်ဖြစ်၏။-
II C BurCBCM 10:14  ငါတို့ သည် သင်တို့ထံသို့မရောက်ခဲ့ဖူးသည့်ပုံသဏ္ဌာန်မျိုးဖြင့် ငါတို့၏အကန့်အသတ်နယ်ပယ်ကိုကျော်လွန်လာကြ သည် မဟုတ်ပေ။ အမှန်စင်စစ် ငါတို့သည် ခရစ်တော်၏ ဧဝံဂေလိသတင်းကောင်းနှင့်အတူ သင်တို့ရှိရာသို့ ဦးစွာ ပထမရောက်ရှိလာကြ သူများဖြစ်ကြ၏။-
II C BurCBCM 10:15  ငါတို့သည် အကန့်အသတ်နယ်ပယ်ကိုကျော်လွန်၍ အခြားသူတို့၏ လုပ်ဆောင်ချက်များအပေါ်၌ ဝါကြွားကြသည်မဟုတ်။ သို့သော် ငါတို့၏မျှော်လင့်ချက်မှာ သင်တို့၏ယုံကြည်ခြင်း တိုးပွားလာသည်နှင့်အမျှ သင်တို့အလယ်၌ရှိသော ငါတို့၏ နယ်ပယ်သည်လည်း များစွာကျယ်ပြန့်လာစေရန်ပင် ဖြစ်၏။-
II C BurCBCM 10:16  ဤသို့ဖြင့် ငါတို့သည် သင်တို့ရှိသောအရပ်ကို ကျော်လွန်ပြီးလျှင် အခြားသောနယ်ပယ်တို့၌ ဧဝံဂေလိ သတင်းကောင်းကို ဟောပြောနိုင်ကြပေလိမ့်မည်။ ထိုသို့ ပြုလုပ်ရာတွင် ငါတို့သည် အခြားသူတို့၏နယ်မြေ၌ ရှိနှင့် ပြီးသောလုပ်ဆောင်ချက်များ အပေါ်တွင် ဝါကြွားခြင်းပြု ကြလိမ့်မည်မဟုတ်ပေ။-
II C BurCBCM 10:17  ဂုဏ်ယူဝါကြွားသောသူသည်ကား သခင်ဘုရားအတွက်သာ ဂုဏ်ယူဝါကြွားပါစေ။-
II C BurCBCM 10:18  အကြောင်းမူကား သခင်ဘုရားနှစ်သက်လက်ခံတော်မူ သောသူသည်ကား မိမိကိုယ်ကို ချီးမြှောက်သောသူ မဟုတ်ဘဲ ကိုယ်တော်ချီးမြှောက်တော်မူသောသူသာ ဖြစ်သောကြောင့်တည်း။