Site uses cookies to provide basic functionality.

OK
JUDE
1
Chapter 1
Jude BurCBCM 1:1  ယေဇူးခရစ်တော်၏အစေခံနှင့် ယာကုပ်၏ညီဖြစ်သူ ဂျုဒထံမှ၊ ရွေးကောက်ခြင်းခံထားရပြီး အဖခမည်းတော်ဘုရား၌ ချစ်ခြင်း မေတ္တာခံစားရ၍ ယေဇူး ခရစ်တော်အတွက် ကာကွယ်စောင့်ရှောက်ခြင်းခံရသူ တို့ထံသို့ စာရေးလိုက်ပါ၏။
Jude BurCBCM 1:2  သနားကရုဏာတော်၊ ငြိမ်းချမ်းသာယာခြင်းနှင့် ချစ်ခြင်းမေတ္တာတို့သည် သင်တို့၌ တိုးပွားပြည့်စုံပါစေ သော်။
Jude BurCBCM 1:3  ချစ်မိတ်ဆွေတို့၊ ငါတို့အားလုံးနှင့်ဆိုင်သော ကယ်တင်ခြင်းအကြောင်းကို သင်တို့ထံစာရေးရန် စိတ်အား ထက်သန်လျက် ရှိသည်ဖြစ်၍ သူတော်သူမြတ်တို့အား တစ်ကြိမ်တည်းနှင့် အပြီးအပိုင်ပေးသနားတော်မူခဲ့သော ယုံကြည်ခြင်းအတွက် ခုခံ ကာကွယ်စေခြင်းငှာ သင်တို့အား စာရေး၍ တိုက်တွန်းနှိုးဆော်ရန် လိုအပ်သည်ဟု ငါခံယူခဲ့၏။-
Jude BurCBCM 1:4  အကြောင်းမူကား ငါတို့ဘုရားသခင်၏ကျေး ဇူးတော်ကို ညစ်ညူးသောအပျော်အပါးခံစားခြင်းအဖြစ် သို့ မှောက်လှန်ပြောင်း လဲလျက် ငါတို့၏တစ်ပါးတည်းသော အရှင်သခင်ဖြစ်တော်မူသည့် ယေဇူးခရစ်တော်ကို ငြင်းပယ်ကြသောဘုရားမဲ့သူတို့သည် သင်တို့အထဲသို့ လျှို့ ဝှက်စွာ ဝင်ရောက်ခဲ့ကြလေပြီ။ ထိုသူတို့သည် အပြစ် ဒဏ်စီရင်ခြင်းခံရရန် ရှေးကာလကပင် သတ်မှတ်ထား ခြင်းခံရသူများဖြစ်ကြ၏။
Jude BurCBCM 1:5  ထာ၀ရဘုရားသခင်သည် လူမျိုးတော်ကို အီဂျစ်ပြည်မှ ကယ်တင်ပြီးနောက် မယုံကြည်သောသူတို့ကို ဖျက်ဆီးတော်မူခဲ့သည့် အကြောင်း သင်တို့သိခဲ့ကြပြီး ဖြစ်သော်လည်း ငါသည် သင်တို့ကိုသတိပေးလိုပါ၏။-
Jude BurCBCM 1:6  မိမိတို့ရရှိထားသော မူလအခွင့်အာဏာကို မထိန်းသိမ်းဘဲ မိမိတို့၏နေရင်းဌာနကိုစွန့်ခွာသွားခဲ့ကြသော ကောင်းကင် တမန်တော်များသည် အပြစ်ဒဏ်စီရင်ခြင်းခံရမည့် နေ့ရက်ကြီးရောက်လာသည်အထိ မှောင်မိုက်ရာအရပ်တွင် ကိုယ်တော်၏ ထာ၀ရသံကြိုးများဖြင့် ချည်နှောင်ခြင်းကိုခံကြရ၏။-
Jude BurCBCM 1:7  ထိုကဲ့သို့ပင် ဆောဒိုမာမြို့၊ ဂေါ်မောရာမြို့နှင့် ပတ်ဝန်းကျင်ရှိမြို့တို့သည်လည်း သဘာ၀နှင့်ဆန့်ကျင် သောကာမဂုဏ်အမှုကို လိုက်စားကြပြီး ညစ်ညူးစွာပြုမူ ကြသောကြောင့် ထာ၀ရမီးတွင် အပြစ်ဒဏ်ခံရခြင်းအား ဖြင့် ပုံစံနမူနာပြလျက်ရှိကြ၏။
Jude BurCBCM 1:8  ထိုနည်းတူ ဤလူတို့သည် မိမိတို့၏အိပ်မက်ရူပါရုံ များတွင် ကိုယ်ကာယကို ညစ်ညူးစေ၍ အခွင့်အာဏာတော်ကို ငြင်းပယ်ကြသည်သာမက ဘုန်းဂုဏ်တော် အရှင်တို့ကိုပါ ထိခိုက်စော်ကားကြ၏။-
Jude BurCBCM 1:9  သို့သော် ကောင်းကင်တမန်တော်တို့၏အကြီးအမှူး မီကာအဲလ်သည်ပင်လျှင် မိုးဇက်၏ကိုယ်ခန္ဓာကိုအကြောင်းပြု၍ နတ်ဆိုးနှင့် ရင်ဆိုင်ပြောဆိုရသောအခါ နတ်ဆိုးအပေါ်အပြစ်တင် ရှုတ်ချသောစကားကိုမပြောဝံ့ဘဲ ထာ၀ရဘုရားသခင် သည် သင့်ကို ဆုံးမပြစ်တင်တော်မူပါစေဟူ၍သာ ပြော ဆိုခဲ့၏။
Jude BurCBCM 1:10  သို့သော် ဤလူတို့သည် မိမိတို့မသိနားမလည် သောအရာဟူသမျှကို ထိခိုက်စော်ကားကြ၏။ သူတို့သည် အသိဉာဏ် ကင်းမဲ့သော တိရစ္ဆာန်များကဲ့သို့ မိမိတို့၏ပင်ကိုအသိစိတ်ဖြင့် သိရှိကြသောအရာများအားဖြင့် ပျက်စီးခြင်းသို့ ရောက်ကြ လေ၏။-
Jude BurCBCM 1:11  ထိုသူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကိန္န ၏လမ်းစဉ်ကိုလိုက်ကြပြီး ဘာလမ်၏အမှားအတိုင်း အကျိုးအမြတ်ရရန်အတွက် မည်သည့်အရာကိုမဆို ပြုလုပ်ကြလျက် ကိုရ၏တော်လှန်ပုန်ကန်ခြင်း၌ ပျက်စီး ခြင်းသို့ရောက်ကြ လေ၏။-
Jude BurCBCM 1:12  သူတို့သည် သင်တို့၏ချစ် ခြင်းမေတ္တာစားပွဲတော်များသို့ လာကြ၍ ရှက်ကြောက် ခြင်းမရှိဘဲ မိမိတို့အတွက်သာ ပျော်ပါးသောက်စားကြပြီးလျှင် သင်တို့၏စားပွဲတော်များကို စွန်းထင်းစေကြ၏။ သူတို့သည် လေတိုက်ရာသို့ လွင့်ပါသွား တတ်သည့် ရေ ငွေ့မပါသောမိုးတိမ်များကဲ့သို့လည်းကောင်း၊ ဆောင်း ကုန်ခါနီးတွင် အသီးမသီးဘဲ အမြစ်လန်နေသောကြောင့် နှစ်ခါပြန်သေသောသစ်ပင်များကဲ့သို့လည်းကောင်း၊-
Jude BurCBCM 1:13  မိမိ တို့၏ရှက်ဖွယ်ရာအမြှုပ်များကိုပွက်စေသော ပင်လယ်လှိုင်းတံပိုးရိုင်းများကဲသို့လည်းကောင်း၊ မှောင်မိုက်ခြင်း၏ အောက်ဆုံးအရပ်တွင် ထာ၀ရသိမ်းဆည်းထားခြင်းခံရသည့် အတည်တကျမရှိသောကြယ်များနှင့်တူကြ၏။
Jude BurCBCM 1:14  အာဒံမှဆင်းသက်သည့် သတ္တမမြောက်မျိုးဆက်ဖြစ်သော ဧနော့သည် ဤသူများနှင့်ပတ်သက်၍ ကြိုတင် ဟောထားသည် ကား ကြည့်လော့၊ ထာ၀ရဘုရားသခင်သည် အတိုင်းမသိများစွာသောသန့်ရှင်းသူတို့နှင့်ကြွ လာတော်မူ၍၊-
Jude BurCBCM 1:15  လူခပ်သိမ်းတို့ကို တရားစီရင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ဘုရားတရားမဲ့သူသောအပေါင်းတို့အား ၎င်းတို့၏ မတရားသောလမ်းစဉ်၌ ကျူးလွန် သမျှသောဆိုးယုတ်မှုများအတွက်သော်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့က ကိုယ်တော့်ကို စော်ကားပြောဆိုခဲ့ကြသည့် ကြမ်းတမ်းသောစကားများ အတွက်သော်လည်းကောင်း အပြစ်စီရင်တော်မူလိမ့် မည်ဟူ၍ဖြစ်၏။-
Jude BurCBCM 1:16  ဤသူတို့သည် ညည်းတွားတတ်သူများ၊ သူတစ်ပါးကို အပြစ်တင်ပြောဆိုသူများ၊ မိမိတို့၏ အလိုရမ္မက်နောက်သို့ လိုက်သူများ၊ လွန်ကဲစွာကြွားဝါသူ များနှင့် မိမိတို့၏အကျိုးအတွက် သူတစ်ပါးကို မြှောက်ပင့် ပြောဆိုသူများဖြစ်ကြ၏။
Jude BurCBCM 1:17  ချစ်မိတ်ဆွေတို့၊ ငါတို့၏သခင် ယေဇူးခရစ်တော် ၏တမန်တော်တို့ကြိုတင်ဟောပြောထားသောစကား တို့ကိုမူ သတိရ ကြလော့။-
Jude BurCBCM 1:18  သူတို့က သင်တို့အား ပြောဆိုခဲ့သည်ကား နောက်ဆုံးသောကာလတွင် လှောင်ပြောင်ကဲ့ရဲ့ကြသောသူများ ထွက်ပေါ် လာကြပြီး ထိုသူတို့သည် မိမိတို့၏တရားမဲ့သောအလိုရမ္မက်အတိုင်း ကျင့်ကြံကြလိမ့်မည်ဟူ၍ဖြစ်၏။-
Jude BurCBCM 1:19  ဤသူတို့သည်ကား စိတ်ဝမ်းကွဲပြားခြင်းကို ဖြစ်ပေါ်စေကြပြီး ဝိညာဉ်တော်နှင့် ကင်းသောလောကသားများဖြစ်ကြ၏။-
Jude BurCBCM 1:20  ချစ်မိတ်ဆွေတို့၊ သင်တို့မူကား သင်တို့၏အလွန်သန့်ရှင်းမြင့်မြတ်သော ယုံကြည်ခြင်းအပေါ်အခြေခံ၍ သင်တို့ကိုယ်ကို ပိုမိုကြံ့ ခိုင်အောင်ပြုလုပ်ကြလော့။ ဝိညာဉ်တော်မြတ်အားဖြင့် ဆုတောင်းကြလော့။-
Jude BurCBCM 1:21  မိမိတို့ကိုယ်ကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်၌ တည်ရှိစေကြလော့။ ထာ၀ရ အသက်ကိုရအံ့သောငှာ ငါတို့၏သခင် ယေဇူးခရစ်တော်၏သနားကရုဏာတော်ကို စောင့်မျှော်ကြလော့။-
Jude BurCBCM 1:22  ယုံမှား သံသယဖြစ်နေသူအချို့တို့ကို ကရုဏာထားကြလော့။-
Jude BurCBCM 1:23  အချို့သောသူတို့ကို မီးထဲမှကယ်နုတ်ကြလော့။ အချို့တို့ကိုမူကား ကြောက်ရွံ့စိတ်နှင့်သနားကရုဏာကို ပြကြလော့။ အသွေးအသားအညစ်အကြေးတို့ဖြင့် စွန်းထင်း လျက်ရှိသောအဝတ်အစားတို့ကို စက်ဆုပ်ရွံရှာကြ လော့။
Jude BurCBCM 1:24  သင်တို့ကို လမ်းလွဲခြင်းမှ ကာကွယ်နိုင်စွမ်းရှိ၍ အပြစ်ကင်းစင်စေပြီး မိမိ၏ဘုန်းဂုဏ်တော်ရှေ့မှောက်၌ သင်တို့ကို ဝမ်းမြောက်စွာ ဆက်ကပ်နိုင်စွမ်းရှိတော်မူ သောအရှင်ဖြစ်သည့်၊-
Jude BurCBCM 1:25  ငါတို့၏ကယ်တင်ရှင်၊ တစ်ပါး တည်းသောဘုရားသခင်အား ငါတို့၏သခင် ယေဇူးခရစ်တော်အားဖြင့် ရှေးကာလမှစ၍ ယခုအချိန်နှင့် ကာလ အဆက်ဆက် ဘုန်းဂုဏ်တော်၊ တန်ခိုးအာနုဘော်တော်၊ အုပ်စိုးမှုနှင့် အာဏာတော်တည်ပါစေသော်။ အာမင်။