Site uses cookies to provide basic functionality.

OK
PHILIPPIANS
1 2 3 4
Prev Up Next Toggle notes
Chapter 3
Phil BurCBCM 3:1  ညီအစ်ကိုတို့၊ နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် သခင်ဘုရား၌ ဝမ်းမြောက်ကြပါလော့။
Phil BurCBCM 3:2  ရေးပြီးသောအကြောင်းအရာတို့ကို သင်တို့ထံသို့ ထပ်မံရေးသားခြင်းမှာ ငါ့အတွက် ဒုက္ခမဟုတ်သကဲ့သို့ သင်တို့အတွက်လည်း ဘေးဆီးရန်ကာဖြစ်၏။
Phil BurCBCM 3:3  ခွေးများကိုသတိပြုကြလော့။ မကောင်းမှုပြုသော သူတို့ကို သတိပြုကြလော့။ အရေဖျားလှီးခြင်းခံရန် ပြော ဆိုသောသူတို့ကို သတိပြုကြလော့။-
Phil BurCBCM 3:4  အကြောင်းမူကား စိတ်ဝိညာဉ်၌ ဘုရားသခင်ကို ရှိခိုးကိုးကွယ်၍ ခရစ် တော်ယေဇူး၌ ဂုဏ်ယူဝမ်းမြောက်ကြလျက် မိမိတို့၏ အသွေးအသားခန္ဓာကိုယ်အပေါ်၌ ယုံကြည်အားထား ခြင်းမရှိကြသောငါတို့သာလျှင် စစ်မှန်သောအရေဖျားလှီး ခြင်းခံသူများ ဖြစ်ကြ၏။-
Phil BurCBCM 3:5  သို့သော် ခန္ဓာကိုယ်အပေါ်တွင် လည်း ယုံကြည်အားထားရန် အကြောင်းပြချက် ငါ၌ရှိ ၏။ အကယ်၍ တစ်စုံတစ်ယောက်က ခန္ဓာကိုယ်အပေါ် ယုံကြည်အားထားရန် အကြောင်းပြချက် မိမိ၌ရှိသည်ဟု ထင်ပါလျှင် ငါ၌ပို၍ အကြောင်းပြစရာရှိ၏။-
Phil BurCBCM 3:6  ငါသည် ရှစ်ရက်မြောက်သောနေ့တွင် အရေဖျားလှီးခြင်းမင်္ဂလာကိုခံယူခဲ့ပြီး အစ္စရာအဲလ်လူမျိုးထဲမှ ဘင်ဂျာမင်အမျိုး အနွယ်ဝင်၊ ဟေဗြေဦးမိဘများမှ မွေးဖွားလာသော ဟေဗြေဦးလူမျိုးစစ်စစ်ဖြစ်၏။ ပညတ်တရားအရဆိုလျှင် ငါသည် ဖာရီဇေးဦးဖြစ်၏။-
Phil BurCBCM 3:7  ဘာသာတရားအတွက် စိတ်ထက်သန်မှုအရဆိုလျှင် ငါသည် အသင်းတော်ကို ညှဉ်းပန်းနှိပ်စက်ခဲ့သောသူဖြစ်၏။ ပညတ်တရားအားဖြင့် ရရှိ သော ဖြောင့်မတ်ခြင်းတရားအရဆိုလျှင် ငါသည် အပြစ် တင်စရာမရှိသောသူဖြစ်၏။
Phil BurCBCM 3:8  သို့သော် ငါရရှိခဲ့သောအကျိုးအမြတ်ဟူသမျှသည် အချည်းနှီးသာဖြစ်သည်ဟု ခရစ်တော်ကိုထောက်၍ ငါ မှတ်ယူထား၏။-
Phil BurCBCM 3:9  ထိုထက်မက ငါဆိုရသော် ငါ၏သခင်ခရစ်တော်ယေဇူးကိုသိရခြင်း၏ကြီးမြတ်သောအကျိုး ကျေးဇူးကြောင့် ခပ်သိမ်းသော အရာဟူသမျှကို အချည်းနှီးသာဖြစ်သည်ဟု ငါမှတ်ယူ၏။ ငါသည် ကိုယ်တော့်အတွက်ကြောင့် ခပ်သိမ်းသောအရာတို့ကို အဆုံးရှုံးခံခဲ့ ၏။ ငါသည် ခရစ်တော်ကို ရယူပိုင်ဆိုင်နိုင်ရန် ထိုအရာ အားလုံးကို အမှိုက်ကဲ့သို့ပင် ထင်မှတ်၏။-
Phil BurCBCM 3:10  ဤသို့ဖြင့် ငါသည် ပညတ်တရားအပေါ်တွင် အခြေခံသောဖြောင့်မတ် ခြင်းကိုမရရှိဘဲ ခရစ်တော်အပေါ် ယုံကြည်ခြင်း အားဖြင့် ရရှိသည့် ဖြောင့်မတ်ခြင်းတည်းဟူသော၊ ယုံကြည်ခြင်း အပေါ်တွင် အခြေခံသည့် ဘုရားသခင်ထံမှ ဖြောင့်မတ် ခြင်းကိုရရှိလျက် ကိုယ်တော်နှင့်အတူရှိနိုင်မည်ဖြစ်၏။-
Phil BurCBCM 3:11  သို့မှသာ ငါသည် ကိုယ်တော်နှင့် ကိုယ်တော်၏ရှင်ပြန် ထမြောက်ခြင်းဘုန်းတန်ခိုးတော်တို့ကို သိမြင်လျက် ကိုယ်တော်၏ ဝေဒနာခံစားခြင်း၌ ပါဝင်ခံစားပြီး ကိုယ် တော်၏သေခြင်းကို ခံထမ်းခြင်းဖြင့် ကိုယ်တော်ကဲ့သို့ ဖြစ်လာ၍၊- သေသူတို့အစုမှ ရှင်ပြန်ထမြောက်ခြင်းအခွင့် ကို အမှန်တကယ်ရရှိနိုင်ပေလိမ့်မည်။
Phil BurCBCM 3:12  ငါသည် ဤအခွင့်ကို ပိုင်ဆိုင်ရရှိပြီးဖြစ်သည်ဟူ၍လည်းကောင်း၊ သို့မဟုတ် ငါသည် ပြည့်စုံလေပြီဟူ၍လည်းကောင်း ဆိုလိုခြင်းမဟုတ်ပေ။ သို့သော် ခရစ်တော်ယေဇူးသည် ငါ့ကို မိမိ၏ပိုင်ဆိုင်ရာဖြစ်စေတော်မူသောကြောင့် ငါသည် ဤအခွင့် ကိုရယူနိုင်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိ၏။-
Phil BurCBCM 3:13  ညီအစ်ကိုတို့၊ ငါသည် ဤအခွင့်ကိုပိုင်ဆိုင်ရရှိပြီဟု မထင်မှတ်ချေ။ သို့သော် ငါပြုလုပ်သော အရာတစ်ခုမှာ ငါသည် အတိတ်တွင်ကျန်ရစ်သောအရာ ကိုမေ့ထား၍ ငါ့ရှေ့တွင်ရှိနေသောအရာထံသို့ အရောက် လှမ်းနိုင်ရန် ကြိုးစားခြင်းပင်ဖြစ်၏။-
Phil BurCBCM 3:14  ငါသည် အထက်အရပ်သို့ခေါ်တော်မူခြင်းဆုကျေးဇူးကိုရရှိရန် ကြိုးစားအားထုတ်လျက်ရှိ၏။ ထိုခေါ်တော်မူခြင်းကို ခရစ်တော် ယေဇူးအားဖြင့် ဘုရားသခင်က ခေါ်တော်မူခြင်းဖြစ်၏။-
Phil BurCBCM 3:15  ရင့်ကျက်ပြည့်စုံကြသောငါတို့သည် ဤကဲ့သို့ စဉ်းစားဆင်ခြင်သင့်၏။ အကယ်၍ သင်တို့သည် တစ်မျိုးတစ်ဖုံ ကွဲပြားစွာ စဉ်းစားနေပါလျှင် ဘုရားသခင်သည် ထိုအရာကို သင်တို့အား ထုတ်ဖော်ပြတော်မူလိမ့်မည်။-
Phil BurCBCM 3:16  မည်သို့ ပင်ဖြစ်စေ၊ မိမိတို့ရရှိထားပြီးသောလမ်းစဉ်အတိုင်း စွဲမြဲ စွာ ငါတို့ဆက်လက်လျှောက်လှမ်းကြပါစို့။
Phil BurCBCM 3:17  ညီအစ်ကိုတို့၊ ငါ့အားအတုယူကြလော့။ ငါတို့ထံမှ သင်တို့ရရှိသည့်စံနမူနာအတိုင်း ပြုမူကျင့်ကြံကြသော သူတို့ကို သတိပြု၍ ကြည့်ရှုကြလော့။-
Phil BurCBCM 3:18  အကြောင်းမူကား ခရစ်တော်၏လက်ဝါးကပ်တိုင်တော်ကို ဆန့်ကျင်သောရန်သူများစွာရှိကြ၏။ ငါသည် ထိုသူတို့ အကြောင်းကို သင်တို့အား မကြာခဏပြောပြခဲ့ပြီး ယခုတွင်လည်း မျက်ရည်များဖြင့် ထပ်မံပြောပြပါ၏။-
Phil BurCBCM 3:19  ထိုသူတို့၏လမ်းဆုံးသည် ပျက်စီးခြင်းဖြစ်၍ သူတို့၏ဘုရားမှာ သူတို့၏ ဝမ်းပင်ဖြစ်၏။ သူတို့သည် မိမိတို့အရှက်တကွဲဖြစ်ရ ချိန်၌ ဂုဏ်ယူကြလျက် လောကီအရာများကိုသာ စိတ်စွဲလမ်းကြ၏။-
Phil BurCBCM 3:20  သို့သော် ငါတို့၏ဇာတိအရပ်သည် ကောင်းကင်နိုင်ငံတော်၌တည်ရှိ၍ ငါတို့သည် ထိုအရပ်၌ ယေဇူး ခရစ်တော်သခင်ကို စောင့်မျှော်နေကြ၏။-
Phil BurCBCM 3:21  ကိုယ်တော် သည် ခပ်သိမ်းသောအရာတို့ကို မိမိ၏လက်အောက်သို့ ကျရောက်စေတော်မူသောတန်ခိုးတော်ဖြင့် ငါတို့၏နိမ့် ကျသောကိုယ်ခန္ဓာကို ဘုန်းဂုဏ်တော်နှင့်ပြည့်စုံသော မိမိ၏ကိုယ်ခန္ဓာတော်ကဲ့သို့ဖြစ်စေရန် ပြောင်းလဲတော် မူလိမ့်မည်။