PHILIPPIANS
Chapter 1
Phil | BurCBCM | 1:1 | ခရစ်တော်ယေဇူး၏အစေခံများဖြစ်ကြသော ငါပေါလုနှင့် တီမောသီဦးတို့က ဖိလိပိမြို့တွင်ရှိသော သာသနာ အကြီးအမှူးများ၊ သိက္ခာရအမှုတော် ဆောင်များနှင့် ခရစ်တော်ယေဇူး၌ရှိကြသောသူတော် သူမြတ်အပေါင်းတို့ထံသို့ စာရေး လိုက်ပါ၏။ | |
Phil | BurCBCM | 1:2 | ငါတို့၏အဖ ဘုရားသခင်နှင့် ယေဇူးခရစ်တော် သခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့၌ ရှိပါစေသော်။ | |
Phil | BurCBCM | 1:4 | ငါသည် သင်တို့အား လုံးအတွက် ဆုတောင်းသောအခါ ဝမ်းမြောက်ခြင်းဖြင့် အစဉ်အမြဲ ဆုတောင်းပေးပါ၏။- | |
Phil | BurCBCM | 1:5 | အကြောင်းမူကား ငါသည် ဧဝံဂေလိသတင်းတော်ကို ကြေညာဟောပြောရာတွင် ပထမဦးဆုံးသောနေ့မှစ၍ ယနေ့တိုင်အောင် သင်တို့သည် ငါနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့ကြသော ကြောင့်ကျေးဇူးတင်ရခြင်းဖြစ်၏။- | |
Phil | BurCBCM | 1:6 | သင်တို့တွင် ကောင်းသောအမှုကိုစတင်ပြုတော်မူခဲ့သောအရှင်သည် ယေဇူး ခရစ်တော်ကြွလာတော်မူ သည့်နေ့ရက်တိုင် အောင် ဤအမှုကို ပြီးမြောက်သည်အထိ ဆောင်ရွက်တော်မူလိမ့် မည်ဟု ငါယုံကြည်စိတ်ချပါ၏။- | |
Phil | BurCBCM | 1:7 | ငါသည် သင်တို့အားလုံး အတွက် ယခုကဲ့သို့ခံစားရသည်မှာ သင့်မြတ်လှပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအကျဉ်းချခံ နေရစဉ်၌လည်းကောင်း၊ ဧဝံဂေလိသတင်းကောင်းကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် တည်တံ့ခိုင်မြဲစေရာ၌လည်း ကောင်း ငါနှင့်အတူ ကျေးဇူးတော်ကို ပါဝင်ခံစားသူများဖြစ် ကြသဖြင့် ငါသည် သင်တို့ကို စိတ်နှလုံးထဲ၌ အစဉ်သတိ ရသောကြောင့်တည်း။- | |
Phil | BurCBCM | 1:8 | ငါသည် ခရစ်တော်ယေဇူး၏ကရု ဏာမေတ္တာတော်အားဖြင့် သင်တို့အားလုံးကို မည်မျှ သတိရတမ်းတကြောင်း ဘုရားသခင်သည် ငါ၏သက် သေဖြစ်တော်မူ၏။- | |
Phil | BurCBCM | 1:9 | သင်တို့၏ချစ်ခြင်းမေတ္တာသည် အသိပညာနှင့် ဝေဖန်ပိုင်းခြားတတ်ခြင်းတို့၌ ပိုမိုတိုးပွား ပြည့်စုံလာစေရန် ငါဆုတောင်းပါ၏။- | |
Phil | BurCBCM | 1:10 | ဤသို့ဖြင့် အဘယ် အရာသည် အကောင်းမြတ်ဆုံးဖြစ်ကြောင်း သင်တို့ပိုင်း ခြားသိရှိနိုင်ပြီး ခရစ်တော်ကြွလာတော်မူသည့် နေ့ရက်၌ သင်တို့သည် ဖြူစင်သန့်ရှင်းလျက် အပြစ်တင်ခွင့်နှင့် ကင်းကြပေလိမ့်မည်။- | |
Phil | BurCBCM | 1:11 | ထို့ပြင် ဘုရားသခင်၏ဘုန်းဂုဏ် တော်နှင့် ချီးမွမ်းထောမနာတိုးပွားစေရန်အတွက် သင်တို့ သည် ယေဇူးခရစ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း အသီးအပွင့်များနှင့် ပြည့်စုံကြလိမ့်မည်ဖြစ်၏။ | |
Phil | BurCBCM | 1:12 | ညီအစ်ကိုတို့၊ ငါ၌ဖြစ်ပျက်ခဲ့သောအကြောင်းအရာ တို့သည် ဧဝံဂေလိသတင်းကောင်းကို ပိုမိုပြန့်ပွားစေရန် အထောက်အကူ ပြုကြောင်း ငါသည် သင်တို့ကိုသိစေလို၏။- | |
Phil | BurCBCM | 1:13 | ငါသည် ခရစ်တော်အတွက် အကျဉ်းချခံနေရသည် ကို နန်းတော်တစ်ခုလုံးသာမက အခြားသောလူအားလုံး ကလည်း သိရှိကြလေပြီ။- | |
Phil | BurCBCM | 1:14 | ထို့အတူ ငါအကျဉ်းချခံနေရ သည့်အတွက်ကြောင့် များစွာသောညီအစ်ကိုတို့သည် သခင်ဘုရား၌ ပိုမို၍ယုံကြည်အားကိုး လာကြပြီးလျှင် ဘုရားသခင်၏နှုတ်တော်ထွက်စကားကို မကြောက်မရွံ့ ရဲဝံ့စွာ ဟောပြောကြလေ၏။ | |
Phil | BurCBCM | 1:15 | အမှန်စင်စစ် အချို့သောသူတို့သည် မနာလိုစိတ်နှင့် ယှဉ်ပြိုင်လိုသောစိတ်တို့ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ ခြင်းဖြစ်၏။ အခြားသောသူတို့မူကား စိတ်ကောင်းနှလုံးကောင်းဖြင့် ဟောပြောကြလေ၏။- | |
Phil | BurCBCM | 1:16 | စိတ်ကောင်းနှလုံးကောင်းဖြင့်ဟောပြောသူတို့က ငါသည် ဧဝံဂေလိသတင်းကောင်းကို ကာကွယ်ရန် ဤနေရာ၌ ရောက်ရှိနေကြောင်းကို သိကြသောကြောင့် မေတ္တာတရားအလျောက် ဟောပြောကြခြင်းဖြစ်၏။- | |
Phil | BurCBCM | 1:17 | မနာလို စိတ်ဖြင့်ဟောပြောသောသူတို့သည်ကား ခရစ်တော် အကြောင်းကိုဟောပြောရာတွင် ရိုးသားသောစိတ်နှင့် ဟောပြောခြင်းမဟုတ်ဘဲ မိမိတို့၏အကျိုးကိုရည်မှန်း၍ အကျဉ်းခံနေရသောငါ့ကို ပို၍စိတ်ဆင်းရဲဒုက္ခရောက် စေရန် ဟောပြော ကြခြင်းဖြစ်၏။- | |
Phil | BurCBCM | 1:18 | သို့ဖြစ်လျှင် ငါမည်သို့ ဆိုရမည်နည်း။ မှားယွင်းသောရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ စစ်မှန်သောရည်ရွယ်ချက်ဖြင့်ဖြစ်စေ နည်းလမ်းနှစ်ခုစလုံးသည် ခရစ်တော်ကို ဟောပြောကြခြင်းဖြစ်သော ကြောင့် ငါသည် ယင်းအတွက်ဝမ်းမြောက်ပါ၏။ | |
Phil | BurCBCM | 1:19 | မှန်ပေ၏၊ ငါသည် ဝမ်းမြောက်ရဦးမည်။ အကြောင်းမူကား သင်တို့၏ဆုတောင်းပတ္ထနာများအားဖြင့်လည်းကောင်း၊ ယေဇူးခရစ်တော်၏ဝိညာဉ်တော်အကူအညီ အားဖြင့်လည်းကောင်း ဤအခြင်းအရာသည် ငါ၏လွတ် မြောက်ရာအကြောင်း ဖြစ်မည်ကို ငါသိ၏။- | |
Phil | BurCBCM | 1:20 | ငါသည် မည် သည့်အရာ၌မဆို အရှက်တကွဲဖြစ်ရလိမ့်မည်မဟုတ်ဘဲ ငါအမြဲမပြတ်ပြုလုပ်ခဲ့သည့်အတိုင်း ယခုအခါ၌လည်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ၏ခန္ဓာကိုယ်၌ ခရစ်တော်၏ဘုန်းဂုဏ် တော်ထင်ရှား လိမ့်မည်ဟု စိတ်အားထက်သန်စွာ မျှော်လင့်တောင့်တပါ၏။- | |
Phil | BurCBCM | 1:21 | အကြောင်းမူကား ငါအသက်ရှင် ခြင်းသည် ခရစ်တော်အတွက်သာဖြစ်၍ သေခြင်းသည် ကောင်းသောအကျိုးကို ရရှိရန်အတွက်ဖြစ်သည်ဟု ငါခံယူထားသောကြောင့်ဖြစ်၏။- | |
Phil | BurCBCM | 1:22 | အကယ်၍ ငါသည် ကိုယ် ခန္ဓာ၌ အသက်ရှင်ရပါလျှင် အကျိုးရှိသောအမှုကို ဆောင် ရွက်ရန်အခွင့်အရေးရရှိခြင်းဖြစ်သည်ဟု ခံယူထား၏။ သို့သော် ငါသည် မည်သည့်အရာအား ရွေးချယ်ရမည်ကို မသိပေ။- | |
Phil | BurCBCM | 1:23 | ငါသည် ဤနှစ်ခုအကြားတွင် စိတ်နှစ်ခွဖြစ် လျက်ရှိ၏။ ငါ၏အလိုဆန္ဒသည်ကား ဤနေရာမှစွန့်ခွာ၍ ခရစ်တော်နှင့်အတ ူရှိရန်ဖြစ်၏။ အကြောင်းမူကား ထိုအရာသည် များစွာသာလွန်ကောင်းမွန်၏။- | |
Phil | BurCBCM | 1:25 | ဤသို့ယုံကြည်သောကြောင့် သင်တို့သည် ယုံကြည်ခြင်း၌ တိုးတက်၍ ဝမ်းမြောက်ကြစေရန် ငါသည် သင်တို့အားလုံးနှင့် အတူ ဆက်လက်ရှိနေမည်။- | |
Phil | BurCBCM | 1:26 | သို့ဖြစ်၍ သင်တို့ထံသို့ နောက်တစ်ဖန်ငါရောက်လာခြင်းကြောင့် သင်တို့သည် ငါ့အားဖြင့် ခရစ်တော်ယေဇူး၌ ပို၍ဂုဏ်ယူ ဝမ်းမြောက်ကြပေလိမ့်မည်။ | |
Phil | BurCBCM | 1:27 | သင်တို့သည် ခရစ်တော်၏ဧဝံဂေလိတရားတော် နှင့်ထိုက်တန်သောဘ၀အသက်တာ၌သာ အသက်ရှင် နေထိုင်ကြလော့။ ဤသို့ဖြင့် သင်တို့ကိုတွေ့ရန် ငါလာ သည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သင်တို့သည် ဧဝံဂေလိ တရားတော်၌ ယုံကြည်ခြင်းအတွက် စိတ်နှလုံးတစ်လုံး တစ်၀တည်းဖြင့် ခိုင်မာစွာရပ်တည်ကြလျက် အတူတကွ ယှဉ်တွဲ၍ ကြိုးစားအားထုတ်နေကြသည်ကို ငါကြားသိရ ပေလိမ့်မည်။- | |
Phil | BurCBCM | 1:28 | သင်တို့အား ဆန့်ကျင်သောသူတို့ပြုလုပ် သမျှကိုလည်း သင်တို့ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်မဟုတ်။ ဤသည်ကား သူတို့အတွက် ပျက်စီးခြင်းနိမိတ် ဖြစ်သည်ကိုလည်းကောင်း၊ သင်တို့အတွက် ကယ်တင် ခြင်းနိမိတ်ဖြစ်သည်ကိုလည်းကောင်း၊ ယင်းသည် ဘုရားသခင်ထံတော်မှ ကျရောက်လာခြင်းဖြစ်သည်ကိုလည်းကောင်း သူတို့ကောင်းစွာသိရှိကြလိမ့်မည်။- | |
Phil | BurCBCM | 1:29 | အကြောင်းမူကား သင်တို့သည် ခရစ်တော်အတွက် အခွင့်ထူးကိုရရှိ ကြလေပြီ။ ယင်းသည်ကား သင်တို့သည် ခရစ်တော်၌ ယုံကြည်သည်သာမက ကိုယ်တော့်အတွက် ဒုက္ခဆင်း ရဲကိုလည်း ခံထမ်းကြရမည့်အကြောင်းတည်း။- | |