PHILIPPIANS
Chapter 4
Phil | BurCBCM | 4:1 | ထို့ကြောင့် ငါ၏ညီအစ်ကိုတို့၊ ငါသည် သင်တို့ကို ချစ်မြတ်နိုး၍ သတိရတမ်းတပါ၏။ငါ၏ဝမ်း မြောက်ခြင်းနှင့် သရဖူဖြစ်ကြ သော ငါ၏ချစ်မိတ်ဆွေတို့၊ သခင်ဘုရား၌ တည်ကြည်ခိုင်မြဲစွာ ရပ်တည်ကြလော့။ | |
Phil | BurCBCM | 4:2 | ယူအိုးဒိယနှင့် ဆင့်တိကီတို့အား သခင်ဘုရား၌ တစ်ဦးနှင့်တစ်ဦးသင့်မြတ်ကြရန် ငါတောင်းပန်ပါ၏။- | |
Phil | BurCBCM | 4:3 | ငါ၏ စစ်မှန်သည့်လုပ်ဖော်ကိုင်ဖက်ဖြစ်သော ဆိဇိဂု၊ သင်သည် လည်း ဤအမျိုးသမီးတို့ကို ကူညီစောင့်ရှောက်ပါလော့။ အကြောင်းမူကား သူတို့သည် ကလဲမင့်မှစ၍ အသက်၏ စာအုပ်တွင် အမည်စာရင်းဝင်သော ငါတို့၏အခြားလုပ် ဖော်ကိုင်ဖက် များနှင့်တကွ ဧဝံဂေလိသတင်းကောင်း အတွက် ငါနှင့်လက်တွဲလုပ်ဆောင်ခဲ့ကြသောကြောင့် ဖြစ်၏။ | |
Phil | BurCBCM | 4:5 | သင်တို့၏စိတ်ရှည်သည်းခံခြင်းကို လူအပေါင်းတို့သိကြပါစေ။ သခင်ဘုရားကြွရောက်ရန် နီးကပ်လာလေပြီ။- | |
Phil | BurCBCM | 4:6 | မည်သည့်အမှုအတွက်မျှ စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။ အမှုအရာ အားလုံးတို့၌ ကျေးဇူးတင်ချီးမွမ်းလျက် ဆုတောင်းပတ္ထ နာနှင့် အသနားခံတောင်းလျှောက်ခြင်းအားဖြင့် ဘုရားသခင်အား သင်တို့တောင်းလျှောက်သောအရာတို့ကို သိစေကြလော့။- | |
Phil | BurCBCM | 4:7 | လူတို့သိနားလည်သမျှအရာအားလုံးတို့ထက် ကြီးမြတ်သောဘုရားသခင်၏ငြိမ်းချမ်းသာယာခြင်းသည်လည်း ခရစ်တော် ယေဇူး၌ သင်တို့၏စိတ်နှလုံး များနှင့် အကြံအစည်များကို ထိန်းသိမ်းစောင့်ရှောက် တော်မူလိမ့်မည်။ | |
Phil | BurCBCM | 4:8 | ညီအစ်ကိုတို့၊ နိဂုံးချုပ်ရသော် သင်တို့သည် မှန်ကန် သောအရာ၊ လေးစားဂုဏ်ယူဖွယ်သောအရာ၊ တရားမျှ တသောအရာ၊ စင်ကြယ်သောအရာ၊ နှစ်သက်မြတ်နိုး ဖွယ်သောအရာ၊ သာယာနာပျော်ဖွယ်သောအရာ၊ သာလွန်ထူးမြတ်သောအရာ၊ ချီးမွမ်း ဂုဏ်ပြုအပ်သောအရာ စသည်တို့ကိုတွေ့ရှိလျှင် ထိုအရာများကို သတိပြုဆင်ခြင်ကြလော့။- | |
Phil | BurCBCM | 4:9 | သင်တို့သည် ငါ၌သင်ယူရရှိ၍ ကြားနာ သိမြင်ခဲ့သမျှတို့ကို ကျင့်ကြလော့။ ထိုအခါ ငြိမ်းချမ်းသာယာခြင်း၏ဘုရားသခင် သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။ | |
Phil | BurCBCM | 4:10 | ငါ့အပေါ် ၌ သင်တို့၏အရေးပေးမှုကို ယခု နောက် ဆုံးတွင် ပြန်လည်ဖော်ထုတ်ပြသသည့်အတွက် ငါသည် သခင်ဘုရား၌ လွန်စွာဝမ်းမြောက်ပါ၏။ အမှန်စင်စစ် သင်တို့သည် ငါ့အပေါ် စာနာထောက်ထားခဲ့ကြသော် လည်း ထိုသို့ပြသရန် သင်တို့၌ အခွင့်အလမ်းမရခဲ့သော ကြောင့်ဖြစ်၏။- | |
Phil | BurCBCM | 4:11 | ဤသို့ဆိုရာတွင် ငါ၌ တစ်စုံတစ်ရာချို့ တဲ့ကြောင်းကို ညည်းညူနေခြင်းမဟုတ်ပေ။ အကြောင်း မူကား ငါသည် မည်သည့် အခြေအနေကိုမဆို ကျေနပ် ရောင့်ရဲတတ်ရန် သင်ယူထားပြီးဖြစ်၏။- | |
Phil | BurCBCM | 4:12 | ငါသည် နိမ့်ကျချိန်၌လည်းကောင်း၊ ပေါများကြွယ်၀ချိန်၌လည်းကောင်း မည်သို့နေထိုင်ရမည်ကိုသိ၏။ ၀လင်အောင် စားရသည် ဖြစ်စေ၊ ဆာလောင်ငတ်မွတ်သည်ဖြစ်စေ၊ ပိုလျှံနေသည် ဖြစ်စေ၊ ချို့တဲ့နေသည်ဖြစ်စေ အခြေအနေအရပ်ရပ်တို့၌ ကျေနပ်ရောင့်ရဲစွာနေနိုင်သည့်လျှို့ဝှက်ချက်ကို ငါသင် ယူခဲ့ပြီးဖြစ်၏။- | |
Phil | BurCBCM | 4:14 | မည်သို့ပင်ဖြစ်စေ၊ သင်တို့သည် ငါ၏ဆင်းရဲဒုက္ခကို မျှဝေခံစားကြခြင်းဖြင့် ကောင်းသောအမှုကိုပြုခဲ့ကြ၏။- | |
Phil | BurCBCM | 4:15 | အသင် ဖိလိပိမြို့သူမြို့သားတို့၊ ငါသည် ဧဝံဂေလိတရားတော်ကို စတင်ဟောပြောပြီးနောက် မာစီဒိုးနိယပြည် မှထွက်ခွာ လာသောအခါ သင်တို့မှတစ်ပါး မည်သည့် အသင်းတော်ကမျှ ပေးကမ်းခြင်းနှင့် လက်ခံခြင်းအမှုတို့ ၌ ငါနှင့်အတူ ပါဝင် လုပ်ဆောင်ခြင်းမရှိခဲ့ကြောင်း သင်တို့ ကိုယ်တိုင်သိကြ၏။- | |
Phil | BurCBCM | 4:16 | အကြောင်းမူကား သက်ဆာလောနိကမြို့၌ ငါရှိစဉ်အခါတွင်ပင် သင်တို့သည် တစ်ကြိမ် ထက်မက ငါ့ထံသို့ အကူအညီပေး ပို့ခဲ့ကြ၏။- | |
Phil | BurCBCM | 4:17 | ဤသို့ဆို ရခြင်းမှာ ငါသည် လက်ဆောင်ရယူလို၍မဟုတ်ဘဲ သင် တို့၏ကုသိုလ်ကောင်းမှုအား တိုးပွားစေသော အကျိုး အမြတ်ကို တန်ဖိုးထားသောကြောင့်ဖြစ်၏။- | |
Phil | BurCBCM | 4:18 | ငါ့၌လိုအပ် သောအရာများကို ငါရရှိသည်သာမက ပိုလျှံ၍ပင်နေလေပြီ။ မွှေးကြိုင်သောရနံ့နှင့်ပြည့်စုံလျက် ဘုရားသခင် နှစ်သက်လက်ခံတော်မူသည့်ပူဇော်သကာတည်းဟူသော သင်တို့ပေးပို့သည့်အလှူများကို ဧပါဖရိုဒိတုထံမှ ငါလက်ခံရရှိ သောကြောင့် ငါ၌ ပေါများပိုလျှံလျက်ရှိနေ လေပြီ။- | |
Phil | BurCBCM | 4:19 | ငါ၏ဘုရားသခင်သည်လည်း သင်တို့လိုအပ် သောအရာအလုံးစုံတို့ကို မိမိ၏ကြွယ်၀ပြည့်စုံသော ဘုန်းဂုဏ်တော်အတိုင်း ခရစ်တော်ယေဇူး၌ ပေးသနားတော်မူလိမ့်မည်။- | |
Phil | BurCBCM | 4:21 | ခရစ်တော်ယေဇူး၌ သူတော်သူမြတ်အားလုံးကို နှုတ်ဆက်ပေးပါလော့။ ငါနှင့်အတူရှိသော ညီအစ်ကိုများကလည်း သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။- | |
Phil | BurCBCM | 4:22 | သူတော် သူမြတ်အပေါင်းတို့နှင့် အထူးသဖြင့် ဆီဇာဧကရာဇ်၏ နန်းတော်ရှိ ညီအစ်ကိုတို့က သင်တို့ကို နှုတ်ဆက်လိုက် ပါ၏။ | |