ROMANS
Chapter 13
Roma | BurCBCM | 13:1 | လူတိုင်းသည် အုပ်ချုပ်သူအစိုးရမင်းတို့ကို ကျိုးနွံနာခံကြပါစေ။ အကြောင်းမူကား ဘုရားသခင်အထံတော်မှ မဟုတ်လျှင် မည်သည့်အစိုးရမင်း၏ ဩဇာအာဏာမျှမတည်ရှိနိုင်။ တည်ရှိနေသောအစိုးရတို့သည် ဘုရားသခင်အားဖြင့် ခန့်ထားခြင်းခံရ၏။- | |
Roma | BurCBCM | 13:2 | ထို့ကြောင့် အုပ်ချုပ်သူများကို ဆန့်ကျင်သောသူသည် ဘုရားသခင်စီမံတော်မူရာကို ဆန့်ကျင်သောသူဖြစ်၍ ထိုသို့ဆန့်ကျင် သောသူတို့သည် စီရင်ခြင်းခံရလိမ့်မည်။- | |
Roma | BurCBCM | 13:3 | အကြောင်းမူကား ကောင်းမှုပြုလုပ်သော သူတို့အတွက် အုပ်ချုပ်သူတို့သည် ကြောက်ရွံ့စရာမဟုတ်ပေ။ ဆိုးသွမ်းသောသူတို့ သာလျှင် ထိုသူတို့ကို ကြောက်ရွံ့၏။ သင်သည် အုပ်ချုပ်သောသူကို မကြောက်ရွံ့ဘဲ နေလိုသလော။ သို့ဖြစ်လျှင် ကောင်းမှုကိုပြုလော့။ ထိုအခါ သင်သည် သူ၏ချီးမွမ်းခြင်းကို ခံရလိမ့်မည်။- | |
Roma | BurCBCM | 13:4 | အကြောင်းမူကား သူသည် သင်တို့၏ ကောင်းကျိုးကိုရည်ရွယ်သော ဘုရားသခင်၏အစေခံဖြစ်၏။ သို့သော် သင်တို့သည် မကောင်းသော အကျင့်ကိုကျင့်လျှင် ကြောက်ရွံ့ခြင်းရှိကြလော့။ အကြောင်းမူကား သူသည် ဓားလက်နက်ကို အကျိုးမဲ့ဆောင် ထားသည်မဟုတ်။ သူသည် မကောင်းမှုပြုသောသူတို့အား ထိုက်သင့်သောအပြစ်ဒဏ်ပေးမည့် ဘုရားသခင်၏အစေခံဖြစ်၏။- | |
Roma | BurCBCM | 13:5 | ထို့ကြောင့် သင်တို့သည် အပြစ်ဒဏ်စီရင်ခြင်းခံရမည့် အရေးကြောင့်သာမဟုတ်ဘဲ မိမိ၏အသိတရားကို ထောက်ခြင်း အားဖြင့်လည်း နာခံရမည်။- | |
Roma | BurCBCM | 13:6 | ဤအကြောင်းကြောင့်ပင် သင်တို့သည် အုပ်ချုပ်သူတို့အား အခွန်ကိုလည်း ပေးဆောင်ကြခြင်းဖြစ်၏။ အကြောင်းမူကား အုပ်ချုပ်သူတို့သည် ဤတာဝန်ကို ဆောင်ရွက်နေကြသော ဘုရားသခင်၏ အစေခံများဖြစ်ကြ၏။- | |
Roma | BurCBCM | 13:7 | ထိုသူအားလုံးတို့အား ၎င်းတို့ရသင့်သည့်အတိုင်း ပေးအပ်ကြလော့။ အခွန်အကောက်ပေးထိုက်သူအား အခွန်အကောက်ကို ပေးကြလော့။ ရိုသေထိုက်သူအား ရိုသေကြလော့။ ဂုဏ်ပြုထိုက်သူအား ဂုဏ်ပြုကြလော့။ | |
Roma | BurCBCM | 13:8 | သင်တို့အချင်းချင်းအပေါ်၌ ချစ်ခြင်းမေတ္တာကြွေးမှ တစ်ပါးမည်သည့်အကြွေးမျှ မတင်စေနှင့်။ မိမိနှင့်နီးစပ်သူကို ချစ်သောသူသည် ပညတ်တရားကို ပြည့်စုံစေလေပြီ။- | |
Roma | BurCBCM | 13:9 | အကြောင်းမူကား သူ၏မယားကို မပြစ်မှားနှင့်၊ သူ့အသက်ကိုမသတ်နှင့်၊ သူ၏ပစ္စည်းဥစ္စာကို ခိုးယူခြင်းမပြုနှင့်၊ မမှန်သော သက်သေခံခြင်းမပြုနှင့်၊ သူ၏ပစ္စည်းဥစ္စာကို လိုချင်သောလောဘစိတ် မရှိစေနှင့်ဟူသော ပညတ်တော်များနှင့် အခြားပညတ် တို့သည် သင်နှင့်နီးစပ်သောသူအား သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့ဟူသည့် ပညတ်တော်၌ ပေါင်းချုပ်ထားခြင်းဖြစ်၏။- | |
Roma | BurCBCM | 13:10 | ချစ်ခြင်းမေတ္တာသည် ကိုယ်နှင့်နီးစပ်သောသူကို မထိခိုက်တတ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ပညတ်တရားကို ပြည့်စုံစေလေ၏။ | |
Roma | BurCBCM | 13:11 | ထို့ပြင် ယခုအချိန်သည် သင်တို့အိပ်ရာမှ နိုးထရမည့်အချိန်ဖြစ်ကြောင်း သင်တို့အသိပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယခုအခါတွင် ကယ်တင်ခြင်းသည် ငါတို့ယုံကြည်သူများ ဖြစ်လာခဲ့ကြသည့် ပထမဆုံးနေ့ရက်ထက် ပို၍နီးကပ်လာ သောကြောင့်ဖြစ်၏။- | |
Roma | BurCBCM | 13:12 | ညအချိန် ကုန်လုပြီဖြစ်၍ နေ့အချိန်ရောက်တော့မည်။ ထို့ကြောင့် ငါတို့သည် မှောင်မိုက်နှင့်ဆိုင်သော အကျင့်ကိုစွန့်ပယ်၍ အလင်းတရားနှင့်ဆိုင်သော လက်နက်တန်ဆာကို ဝတ်ဆင်ကြပါစို့။- | |
Roma | BurCBCM | 13:13 | နေ့အချိန်အလင်းရောင်အောက်၌ ပြုလုပ်သကဲ့သို့ ငါတို့သည် သင့်တင့်လျောက်ပတ်စွာ ပြုကျင့်နေထိုင်ကြပါစို့။ အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ကိလေသာအမှု၌ညစ်ညူးခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းနှင့် မနာလိုခြင်းတို့ကို ရှောင်ကြဉ်ကြပါစို့။- | |