Site uses cookies to provide basic functionality.

OK
ROMANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 5
Roma BurCBCM 5:1  ထို့ကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ကြသောကြောင့် ငါတို့သည် ယေဇူးခရစ်တော် အားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်လာကြ၏။-
Roma BurCBCM 5:2  ထိုသခင်မှတစ်ဆင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ယခုခံစားနေရသော ကျေးဇူးတော်ကို ရရှိကြ၏။ ထို့အတူ ငါတို့သည် ဘုရားသခင်၏ဘုန်းတော်ကို ခံစားရမည်ဟူသော မျှော်လင့်ခြင်းနှင့် ဝမ်းမြောက်ကြ၏။-
Roma BurCBCM 5:3  ထိုမျှမကသေး။ ငါတို့သည် မိမိတို့ခံရသော ဆင်းရဲဒုက္ခများ၌ ဝမ်းမြောက်ကြရ၏။ အကြောင်းမူကား ဆင်းရဲဒုက္ခသည် သည်းခံနိုင်စွမ်းကို ဖြစ်ပေါ်စေကြောင်း ငါတို့သိကြ၏။-
Roma BurCBCM 5:4  သည်းခံနိုင်စွမ်းသည် အစမ်းသပ်ခံသော စရိုက်လက္ခဏာကို ဖြစ်ပေါ်စေပြီး ထိုစရိုက်လက္ခဏာသည် မျှော်လင့်ခြင်းကို ဖန်တီးပေး၏။-
Roma BurCBCM 5:5  ထိုမျှော်လင့်ခြင်းသည် ငါတို့အား စိတ်ပျက်စေလိမ့်မည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်သည် ငါတို့အား ပေးထားသည့် ဝိညာဉ်တော်မြတ်အားဖြင့် မိမိ၏မေတ္တာတော်ကို ငါတို့၏ စိတ်နှလုံးများအတွင်းသို့ သွန်းလောင်းတော်မူ သောကြောင့်ဖြစ်၏။
Roma BurCBCM 5:6  ငါတို့သည် အားကိုးရာမဲ့ဖြစ်နေစဉ်တွင် ခရစ်တော်သည် ဘုရားတရားမဲ့သော ငါတို့အတွက် သတ်မှတ်ထားသည့်အချိန်၌ အသေခံတော်မူ၏။-
Roma BurCBCM 5:7  ဖြောင့်မတ်သောသူတစ်ယောက်အတွက် အသေခံမည့်သူမရှိသလောက်ဖြစ်၏။ သို့သော် ကောင်းသောသူတစ်ယောက် အတွက် အသေခံဝံ့သူ ရှိကောင်းရှိလိမ့်မည်။-
Roma BurCBCM 5:8  သို့ရာတွင် ငါတို့သည် အပြစ်သားများဖြစ်နေသောအခါ၌ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းဖြင့် ဘုရားသခင်သည် ငါတို့အပေါ်ထားရှိသော သူ၏ချစ်မေတ္တာကို ပြသတော်မူ၏။-
Roma BurCBCM 5:9  ထို့ကြောင့် ယခုငါတို့သည် ကိုယ်တော်၏အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ခဲ့ကြသောကြောင့် ထိုသခင်အားဖြင့် ဘုရားသခင်၏ အမျက်တော်မှ ပို၍ပင်ကယ်ချွတ်တော်မူခြင်း ခံရပေလိမ့်မည်။-
Roma BurCBCM 5:10  အဘယ်ကြောင့်ဆိုသော် ငါတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ခဲ့ကြစဉ်က ကိုယ်တော့်သားတော်၏ အသေခံတော်မူ ခြင်းအားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခဲ့ကြပါလျှင် ယခုငါတို့သည် ပြန်လည်သင့်မြတ်ကြပြီဖြစ်သဖြင့် သားတော်၏ အသက်တော်အားဖြင့် ကယ်တင်ခြင်းကို ပိုမိုရရှိကြပေလိမ့်မည်။-
Roma BurCBCM 5:11  ထိုမျှသာမက။ ငါတို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်အားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခြင်းကို ယခုခံစားကြရသောကြောင့် ထိုသခင်အားဖြင့် ဘုရားသခင်၌ ဝမ်းမြောက်ကြ၏။
Roma BurCBCM 5:12  ထို့ကြောင့် မကောင်းမှုသည် တစ်ယောက်သော သူအားဖြင့် ဤလောကအတွင်းသို့ ဝင်ရောက်လာခဲ့၍ ထိုမကောင်းမှုအားဖြင့် သေခြင်းတရား ဝင်ရောက်လာခဲ့၏။ ဤသို့ဖြင့် လူအပေါင်းတို့သည် အပြစ်ကျူးလွန်ကြသောကြောင့် သေခြင်းသည် လူအပေါင်းတို့အပေါ်သို့ သက်ရောက်လေ၏။-
Roma BurCBCM 5:13  ပညတ်တရားကို ချမှတ်ထားခြင်းမရှိမီကပင် အပြစ်သည် လောကအတွင်း၌ရှိခဲ့၏။ သို့ရာတွင် ပညတ်တရား မရှိသည့် နေရာတွင် အပြစ်ဟူ၍မှတ်ယူခြင်း မရှိပေ။-
Roma BurCBCM 5:14  သို့သော်လည်း သေခြင်းတရားသည် အာဒံမှစ၍ မိုးဇက်တိုင်အောင် လူအပေါင်းတို့အား အစိုးရခဲ့၏။ အာဒံပြစ်မှားခဲ့သော အပြစ်နှင့်မတူသောအပြစ်ကို ကျူးလွန်သောသူတို့ကိုပင် သေခြင်းသည် အစိုးရခဲ့၏။ အာဒံသည် နောင်တစ်ချိန်တွင် ပေါ်ထွန်းမည့်သူ၏ ပုံစံနမူနာဖြစ်၏။
Roma BurCBCM 5:15  သို့ရာတွင် ကျေးဇူးတော်သည် အပြစ်အမှားကဲ့သို့ မဟုတ်ပေ။ အကြောင်းမူကား လူတစ်ယောက်၏ အပြစ်အားဖြင့် လူအများတို့သည် သေခြင်းသို့ရောက်ခဲ့ကြလျှင် တစ်ယောက်သော သူတည်းဟူသော ယေဇူးခရစ်တော်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကျေးဇူးတော်၏အကျိုးတို့သည် လူအများအတွက် ပို၍ကြွယ်၀ပြည့်စုံတော်မူ၏။-
Roma BurCBCM 5:16  ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း ထိုလူတစ်ဦးကျူးလွန်ခဲ့သော အပြစ်၏အကျိုးဆက်ကဲ့သို့ မဟုတ်ပေ။ အကြောင်းမူကား အပြစ်တစ်ခုကို စီရင်သောအခါ ဒဏ်ခတ်ခြင်းဖြစ်ပေါ်လာရ၏။ သို့သော် များစွာသော အပြစ်တို့အတွက် ရရှိသောအခမဲ့ကျေးဇူးတော်သည်ကား ဖြောင့်မတ်ခြင်းကိုဖြစ်ပေါ်စေ၏။-
Roma BurCBCM 5:17  လူတစ်ဦး၏ အပြစ်ကျူးလွန်ခြင်းကြောင့် သေခြင်းတရားသည် ထိုသူတစ်ဦးအားဖြင့် အစိုးရသည်မှန်လျှင် ကြွယ်၀သော ကျေးဇူးတော်နှင့် အခမဲ့လက်ဆောင်ဖြစ်သော ဖြောင့်မတ်ခြင်းကို ရရှိကြသောသူတို့သည် ယေဇူးခရစ်တော်တစ်ပါး တည်းအားဖြင့် ဘ၀တွင် ပိုမိုအစိုးရကြပေလိမ့်မည်။
Roma BurCBCM 5:18  ထို့နောက် လူတစ်ဦး၏အပြစ်သည် လူအပေါင်းတို့ကို အပြစ်စီရင်ခြင်းသို့ ရောက်စေသည့်နည်းတူ တစ်ယောက်သောသူ၏ ဖြောင့်မတ်ခြင်းအကျင့်သည် လူအပေါင်းတို့ကို လွတ်မြောက်စေပြီး အသက်ရှင်ခြင်းကိုပေးလေ၏။-
Roma BurCBCM 5:19  အကြောင်းမူကား လူတစ်ဦး၏နာခံမှုမရှိခြင်းကြောင့် လူအပေါင်းတို့သည် အပြစ်သားများဖြစ်ကြရသည့်နည်းတူ တစ်ယောက်သောသူ၏နာခံခြင်းကြောင့် လူအပေါင်းတို့သည် ဖြောင့်မတ်သောသူများဖြစ်လာကြ၏။-
Roma BurCBCM 5:20  အပြစ်ကျူးလွန်မှု တိုးပွားစေခြင်းငှာ ပညတ်တရားရောက်လာခဲ့၏။ သို့သော် အပြစ်ဒုစရိုက်တိုးပွားသည့် အရပ်၌ ကျေးဇူးတော်သည် ပို၍ပင်ကြွယ်၀လေ၏။-
Roma BurCBCM 5:21  သို့ဖြစ်၍ အပြစ်မကောင်းမှုသည် သေခြင်းတရား၌ စိုးမိုးသည့်နည်းတူ ကျေးဇူးတော်သည်လည်း ငါတို့၏သခင်ယေဇူး ခရစ်တော်၌ ထာ၀ရအသက်ကို ငါတို့ရရှိကြစေရန် ဖြောင့်မတ်ခြင်းတရားအားဖြင့် စိုးမိုးလျက်ရှိ၏။