Site uses cookies to provide basic functionality.

OK
ROMANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 4
Roma BurCBCM 4:1  ထိုသို့ဖြစ်လျှင် သွေးသားအားဖြင့် ငါတို့၏ဘိုးဘေးဖြစ်သော အာဘရာဟံအကြောင်းကို ငါတို့ မည်သို့ဆိုမည်နည်း။-
Roma BurCBCM 4:2  အကယ်၍ အာဘရာဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မှန်လျှင် သူ၌ဝါကြွားစရာအကြောင်း တစ်စုံတစ်ရာရှိ၏။ သို့သော် ဘုရားသခင်၏ ရှေ့တော်၌မဟုတ်။-
Roma BurCBCM 4:3  အကြောင်းမူကား ကျမ်းစာတော်မြတ်တွင် မည်သို့ဆိုထားသနည်း။ အာဘရာဟံသည် ဘုရားသခင်ကို ယုံကြည်ခဲ့၍ သူ၏ ယုံကြည်ခြင်းကြောင့် သူ့ကို ဖြောင့်မတ်သူဟု သတ်မှတ်ခဲ့၏။-
Roma BurCBCM 4:4  လူတစ်ဦးအလုပ်လုပ်ကိုင်၍ ရရှိသောအခကြေးငွေကို လက်ဆောင်အဖြစ် သတ်မှတ်၍မရပေ။ ယင်းသည် သူရသင့်သော လုပ်အားခသာဖြစ်၏။-
Roma BurCBCM 4:5  လူတစ်ဦးသည် အလုပ်မလုပ်သော်လည်း ဘုရားတရားမဲ့သူတို့ကို ဖြောင့်မတ်ရာသို့ ရောက်စေတော်မူသည့် အရှင်အား ယုံကြည်အားထားလျှင် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းဟု သတ်မှတ်ရာ၏။-
Roma BurCBCM 4:6  ထို့အတူ ဘုရားသခင်သည် အကျင့်ကိုမထောက်ဘဲလျက် လူတစ်ဦးအား ဖြောင့်မတ်သူဟု သတ်မှတ်တော်မူပါလျှင် ထိုသူသည် မင်္ဂလာရှိကြောင်းကို ဒါဝိဒ်မင်းကြီးကရည်မှတ်၍ ဆိုသည်ကား၊-
Roma BurCBCM 4:7  အပြစ်မှ လွှတ်ခြင်းခံရသူတို့နှင့် မိမိ၏အပြစ်ဒုစရိုက်များကို မေ့ပျောက်ခြင်းခံရသူတို့သည် မင်္ဂလာရှိကြ၏။-
Roma BurCBCM 4:8  မိမိအပြစ်များကို ထာ၀ရဘုရားသခင် မှတ်ထားတော်မမူသောသူသည် မင်္ဂလာရှိ၏ဟူ၍ဖြစ်၏။
Roma BurCBCM 4:9  ဤကောင်းချီးမင်္ဂလာသည် အရေဖျားလှီးခြင်းခံယူသော သူတို့အတွက်သာဖြစ်သလော။ သို့တည်းမဟုတ် အရေဖျားလှီးခြင်း မခံရသောသူတို့အတွက်လည်း ဖြစ်သလော။ အာဘရာဟံ၏ယုံကြည်ခြင်းသည် ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်ခြင်း ခံရသည်ဟု ငါတို့ဆိုခဲ့၏။-
Roma BurCBCM 4:10  သို့ဖြစ်လျှင် သူသည် မည်ကဲ့သို့သတ်မှတ်ခြင်း ခံရသနည်း။ သူသည် ဖြောင့်မတ်သောသူဟု အရေဖျားလှီးခြင်းမခံယူမီ သတ်မှတ်ခြင်းခံရသလော၊ သို့မဟုတ် ခံယူပြီးမှ သတ်မှတ်ခြင်းခံရသလော။ သူသည် အရေဖျားလှီးခြင်းခံယူပြီးမှ သတ်မှတ်ခြင်း ခံရသည်မဟုတ်ဘဲ မခံယူမီအချိန်ကပင် သတ်မှတ်ခြင်းခံခဲ့ရ၏။-
Roma BurCBCM 4:11  သူသည် အရေဖျားလှီးခြင်းမခံယူမီ အချိန်ကပင် ယုံကြည်ခြင်းအားဖြင့် သူရရှိခဲ့သော ဖြောင့်မတ်ခြင်း၏ အမှတ်တံဆိပ်အဖြစ် အရေဖျားလှီးခြင်းကို ခံယူခဲ့၏။ ဤသို့ဖြင့် သူသည် အရေဖျားလှီးခြင်းမခံယူဘဲ ယုံကြည်လာကြသော သူအပေါင်းတို့၏အဖ ဖြစ်လာလေ၏။ ထိုသူအပေါင်းတို့သည်လည်း ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူဟူ၍ သတ်မှတ်ခြင်းခံရ၏။-
Roma BurCBCM 4:12  ထို့အတူ အာဘရာဟံသည် အရေဖျားလှီးခြင်းကို ခံယူကြသောသူတို့၏အဖလည်း ဖြစ်လေ၏။ ထိုသူတို့သည် အရေဖျားလှီးခြင်းကို ခံယူကြရုံသာမက အာဘရာဟံ အရေဖျားလှီးခြင်း မင်္ဂလာမခံမီကရှိခဲ့သည့် ယုံကြည်ခြင်း စံနမူနာကိုလည်း ကျင့်ကြံကြသောသူများဖြစ်ကြ၏။
Roma BurCBCM 4:13  အာဘရာဟံနှင့် သူ၏အမျိုးအနွယ်တို့၌ ထားရှိခဲ့သော ကတိတော်ဖြစ်သည့် ဤကမ္ဘာလောကအား အမွေဆက်ခံ စေမည်ဟူသော ကတိစကားမှာ ပညတ်တရားမှတစ်ဆင့် ရောက်ရှိလာခြင်းမဟုတ်ဘဲ ယုံကြည်ခြင်း၏ ဖြောင့်မတ်ခြင်း တရားအားဖြင့် ရောက်ရှိလာခြင်းဖြစ်၏။-
Roma BurCBCM 4:14  အကယ်၍ ပညတ်တရားကို စောင့်ထိန်းသူတို့သာလျှင် အမွေတော်ကို ခံစားကြရမည်ဆိုလျှင် ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်၍ ကတိတော်သည်လည်း အဓိပ္ပာယ်မဲ့ဖြစ်၏။-
Roma BurCBCM 4:15  အကြောင်းမူကား ပညတ်တရားသည် အမျက်တော်ကို ဖြစ်ပေါ်စေ၏။ သို့သော် ပညတ်တရားမရှိလျှင် ဥပဒေ ချိုးဖောက်ခြင်းလည်း မရှိပေ။
Roma BurCBCM 4:16  ထို့ကြောင့်ပင် ဘုရားသခင်၏ကတိတော်သည် ကျေးဇူးတော်အဖြစ်တည်ရှိ၍ အာဘရာဟံ၏ သားသမီးအပေါင်းတို့အတွက် အာမခံချက်ရှိစေခြင်းငှာ ယုံကြည်ခြင်းအပေါ်၌ အခြေခံလေ၏။ ထိုကတိတော်သည် ပညတ်တရားကို စောင့်ထိန်းသူတို့အတွက် သာမဟုတ်ဘဲ ငါတို့ အဖအာဘရာဟံကဲ့သို့ ယုံကြည်ခြင်းရှိသူအားလုံးတို့ အတွက်လည်းဖြစ်၏။-
Roma BurCBCM 4:17  အကြောင်းမူကား ငါသည် သင့်ကို လူမျိုးအများအပြားတို့၏အဖ ဖြစ်စေပြီဟု ကျမ်းစာလာသည့်အတိုင်း အာဘရာဟံသည် မိမိယုံကြည်သောဘုရား၊ သေသောသူတို့ကို အသက်ပြန်ရှင်စေတော်မူသောဘုရား၊ မဖြစ်ပေါ်သေးသော အရာတို့ကို ဖြစ်ပေါ်လာ စေရန် အမိန့်ပေးတော်မူသောဘုရား၏ ရှေ့မျက်မှောက်တွင် ငါတို့အားလုံး၏အဖ ဖြစ်သောကြောင့်တည်း။-
Roma BurCBCM 4:18  အာဘရာဟံသည် မျှော်လင့်ချက်ကင်းမဲ့နေသော အခြေအနေ၌ပင်လျှင် သူ့အား ဘုရားသခင် မိန့်တော်မူခဲ့သည့်အတိုင်း သူသည် လူမျိုးများစွာတို့၏ အဖဖြစ်လာ၍ သူ၏အမျိုးအနွယ်သည်လည်း ထိုသို့ဖြစ်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ခဲ့၏။-
Roma BurCBCM 4:19  ထိုအချိန်၌ သူသည် အသက်တစ်ရာခန့်ရှိသဖြင့် သူ၏ကိုယ်ခန္ဓာသည် သေသူကဲ့သို့ ဖြစ်ကြောင်းကိုလည်းကောင်း၊ သူ၏ဇနီးဆာရာသည်လည်း သားသမီးမရနိုင်ကြောင်းကိုလည်းကောင်း ဆင်ခြင်သတိပြုမိသော်လည်း ယုံကြည်ခြင်း၌ အားမနည်းခဲ့ချေ။-
Roma BurCBCM 4:20  အဘယ်အရာကမျှ သူ့အား ဘုရားသခင်၏ ကတိတော်ကို ယုံမှားသံသယ မဖြစ်စေခဲ့ပေ။ သူသည် သူ၏ယုံကြည်ခြင်း၌ ပိုမိုခိုင်မာလာ၍ ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းလေ၏။-
Roma BurCBCM 4:21  ဘုရားသခင်သည် မိမိထားသောကတိတော်အတိုင်း တတ်စွမ်းနိုင်တော်မူသည်ကို သူအပြည့်အဝ ယုံကြည်ခဲ့လေ၏။-
Roma BurCBCM 4:22  ထို့ကြောင့် သူ၏ယုံကြည်ခြင်းသည် ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်ယူခံရ၏။-
Roma BurCBCM 4:23  သို့သော် ထိုကဲ့သို့ မှတ်ယူခံရကြောင်းကို အာဘရာဟံ၏အကျိုးအတွက်သာ ကျမ်းစာတော်မြတ်၌ရေးထားသည်မဟုတ်။-
Roma BurCBCM 4:24  ငါတို့၏ အကျိုးအလို့ငှာလည်း ရေးထားခြင်းဖြစ်သတည်း။ ငါတို့၏သခင် ယေဇူးအား သေခြင်းမှထမြောက်စေ တော်မူသော အရှင်ကို ငါတို့သည် ယုံကြည်ကြပါလျှင် ထိုယုံကြည်ခြင်းသည် ငါတို့၏ဖြောင့်မတ်ခြင်းဟူ၍ မှတ်ယူခြင်း ခံရလိမ့်မည်။-
Roma BurCBCM 4:25  ယေဇူးသခင်သည် ငါတို့၏အပြစ်ကြောင့် သေခြင်းသို့အပ်နှံသည်ကိုခံ၍ ငါတို့အား ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှာ ရှင်ပြန်ထမြောက်တော်မူခဲ့၏။