Site uses cookies to provide basic functionality.

OK
ROMANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 14
Roma BurCBCM 14:1  ယုံကြည်ခြင်း၌ အားနည်းသောသူကို လက်ခံကြလော့။ သို့သော် သူ၏ခံယူချက်များအပေါ် ဆွေးနွေးငြင်းခုံခြင်း မပြုကြနှင့်။-
Roma BurCBCM 14:2  တစ်ဦးတစ်ယောက်က သူသည် မည်သည့်အစားအစာကိုမဆို စားနိုင်သည်ဟု ယုံကြည်သော်လည်း ယုံကြည်ခြင်း အားနည်းသောသူမူကား ဟင်းသီးဟင်းရွက်ကိုသာလျှင် စား၏။-
Roma BurCBCM 14:3  အမျိုးမျိုးသော အစားအစာကို စားကြသောသူသည် အစားအစာကို ရှောင်ကြဉ်သောသူအား မထီမဲ့မြင်မပြုစေနှင့်။ အစာကို ရှောင်ကြဉ်သောသူသည်လည်း အစာစားသောသူအား ပြစ်တင်ဝေဖန်ခြင်းမပြုစေနှင့်။ အကြောင်းမူကား ဘုရားသခင်သည် ထိုသူ့ကို လက်ခံတော်မူခဲ့ပြီးဖြစ်၏။-
Roma BurCBCM 14:4  သင်သည် မည်သို့သောသူဖြစ်၍ အခြားသူတစ်ဦး၏အစေခံကို စီရင်ဆုံးဖြတ်သနည်း။ ထိုသူအောင်မြင်သည်၊ မအောင်မြင်သည်ကို သူ၏သခင်စီရင်ဆုံးဖြတ်လိမ့်မည်။ သို့ရာတွင် သူသည် အောင်မြင်လိမ့်မည်။ အကြောင်းမူကား သခင်ဘုရားသည် သူ့ကို အောင်မြင်စေခြင်းငှာ တတ်နိုင်တော်မူ၏။
Roma BurCBCM 14:5  တစ်ယောက်သောသူက နေ့ရက်တစ်ရက်သည် အခြားနေ့ရက်တစ်ရက်ထက် သာ၍ကောင်းမြတ်သည်ဟု ယူဆနေချိန်တွင် အခြားသူတစ်ယောက်က နေ့ရက်အားလုံး ညီတူညီမျှဖြစ်သည်ဟု ယူဆ၏။ လူတိုင်းသည် မိမိတို့ထင်မြင်ယူဆချက်အပေါ် အပြည့်အဝယုံကြည်ကြပါစေ။-
Roma BurCBCM 14:6  နေ့ရက်တစ်ရက်ကို စောင့်ထိန်းသောသူသည် ဘုရားသခင်၏ဂုဏ်တော်အတွက် စောင့်ထိန်းခြင်းဖြစ်၏။ အစာစားသော သူသည်လည်း ဘုရားသခင်၏ဂုဏ်တော်အတွက် အစာစားခြင်းဖြစ်၏။ အကြောင်းမူကား သူသည် သခင်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ အစာရှောင်သောသူသည်လည်း သခင်ဘုရား၏ဂုဏ်တော်အတွက် အစာရှောင်ခြင်းဖြစ်၍ သူသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းလေ၏။-
Roma BurCBCM 14:7  ငါတို့တွင် မည်သူမျှ မိမိအတွက်သာ အသက်ရှင်သည်မဟုတ်။ မည်သူမျှလည်း မိမိအတွက် အသက်သေသည်မဟုတ်။-
Roma BurCBCM 14:8  ငါတို့သည် အသက်ရှင်ကြလျှင် သခင်ဘုရားအတွက် အသက်ရှင်ခြင်းဖြစ်၍ သေကြလျှင်လည်း သခင်ဘုရားအတွက် သေခြင်းဖြစ်၏။ ထို့ကြောင့် ငါတို့အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါတို့သည် သခင်ဘုရားပိုင်ဆိုင်သော သူများဖြစ်ကြ၏။-
Roma BurCBCM 14:9  ထိုအကြောင်းကြောင့်ပင် ခရစ်တော်သည် သေသူရှင်သူတို့၏ အရှင်သခင်ဖြစ်အံ့သောငှာ အသေခံပြီးမှ တစ်ဖန် အသက်ပြန်ရှင်တော်မူ၏။
Roma BurCBCM 14:10  သို့ဖြစ်လျှင် သင်သည် သင်၏ညီအစ်ကိုအပေါ် အဘယ်ကြောင့် အပြစ်စီရင်သနည်း။ သင်သည် အဘယ်ကြောင့် သင်၏ ညီအစ်ကိုအား မထီမဲ့မြင်ပြုသနည်း။ အကြောင်းမူကား ငါတို့အားလုံးသည် ဘုရားသခင်၏ တရားပလ္လင်တော်ရှေ့သို့ ရောက်ကြရမည်ဖြစ်၏။-
Roma BurCBCM 14:11  ကျမ်းစာလာသည်ကား ငါသည် အသက်ရှင်သောဘုရား ဖြစ်တော်မူ ၍ ငါ၏အထံတော်၌ လူတိုင်းဒူးတုပ်ပျပ်ဝပ်ရလိမ့်မည်။ လူတိုင်းသည် ဘုရားသခင်အား မိမိတို့၏နှုတ်ဖြင့် ချီးမွမ်းထောမနာပြုရမည်ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏ ဟူ၍ဖြစ်၏။-
Roma BurCBCM 14:12  သို့ဖြစ်၍ ငါတို့အသီးသီးသည် ကိုယ်တိုင်ကျင့်သောအမှုတို့အတွက် ဘုရားသခင်အား ကိုယ်တိုင် အစီရင်ခံကြရလိမ့်မည်။
Roma BurCBCM 14:13  ထို့ကြောင့် ငါတို့သည် အချင်းချင်းအပြစ်စီရင်ခြင်း မပြုဘဲနေကြစို့။ ထိုသို့ပြုလုပ်မည့်အစား ညီအစ်ကိုအား လမ်းမှားသို့ ကျရောက်စေမည့်အပြုအမူကိုမလုပ်ရန်နှင့် ညီအစ်ကိုတစ်ဦး၏လမ်းတွင် အတားအဆီးမဖြစ်ကြစေရန် ရှောင်ကြဉ်ကြကုန်စို့။-
Roma BurCBCM 14:14  မည်သည့်အစားအစာမျှ ၎င်း၏ပကတိအနေနှင့် မညစ်ညူးကြောင်းကို ငါသည် ယေဇူးသခင်ကိုအမှီပြုလျက် သိရှိလက်ခံပြီးဖြစ်၏။ သို့သော်လည်း ထိုအစားအစာကို ညစ်ညူးသည်ဟု ထင်မြင်ယူဆသူတို့အတွက် ယင်းသည် ညစ်ညူး၏။-
Roma BurCBCM 14:15  အကယ်၍ သင်၏ညီအစ်ကိုသည် သင်စားသောအစားအစာကြောင့် စိတ်ထိခိုက်ရလျှင် သင်သည် မေတ္တာတရားနှင့်အညီ ကျင့်နေသည်မဟုတ်။ သင်၏အစာစားခြင်းသည် ခရစ်တော်အသက်ပေး၍ ကယ်တင်တော်မူသောသူအတွက် ဆုံးရှုံးနစ်နာမှု မဖြစ်စေနှင့်။-
Roma BurCBCM 14:16  သို့ဖြစ်၍ သင်တို့၏ကောင်းမှုသည် မကောင်းမှုအဖြစ် ပြောဆိုခြင်း မခံရပါစေနှင့်။-
Roma BurCBCM 14:17  အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်းနှင့် သောက်ခြင်းမဟုတ်ဘဲ ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းသာ ယာခြင်းနှင့် ဝိညာဉ်တော်မြတ်၌ ဝမ်းမြောက်ရွှင်လန်းခြင်းတို့ပင်ဖြစ်၏။-
Roma BurCBCM 14:18  ခရစ်တော်ကို ဤကဲ့သို့အစေခံသောသူသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်၍ လူတို့၏ချီးမွမ်းခြင်းကိုလည်း ခံရ၏။-
Roma BurCBCM 14:19  ထို့ကြောင့် ငြိမ်းချမ်းခြင်းနှင့် အချင်းချင်းထောက်ပံ့ကူညီမှု ရှိစေသည့်အရာများကို လုပ်ဆောင်ကြကုန်စို့။-
Roma BurCBCM 14:20  အစားအစာအတွက်ကြောင့် ဘုရားသခင်၏အမှုတော်ကို မဖျက်ဆီးလေနှင့်။ အစား အစာဟူသမျှသည် အမှန်ပင် စင်ကြယ်၏။ သို့ရာတွင် တစ်စုံတစ်ယောက်သည် မိမိစားသောအစာကြောင့် အခြားသူတို့အား လမ်းမှားသို့ရောက်စေလျှင် မှားယွင်းလေ၏။-
Roma BurCBCM 14:21  သင်၏ညီအစ်ကိုအား လမ်းမှားသို့ရောက်စေသည့် အသားစားခြင်းနှင့် စပျစ်ရည်သောက်ခြင်းမှစ၍ မည်သည့် အပြုအမူကိုမဆို မပြုလုပ်လျှင် မှန်ကန်သင့်မြတ်ပေ၏။
Roma BurCBCM 14:22  သင်၌ရှိသောယုံကြည်ခြင်းကို ဘုရားသခင်နှင့် သင်သာသိပါစေ။ မိမိလက်ခံသောအရာအားဖြင့် မိမိကိုယ်ကို မစီရင်ရသောသူသည် မင်္ဂလာရှိ၏။-
Roma BurCBCM 14:23  သို့သော် ယုံမှားသံသယရှိလျက် အစားအစာတစ်စုံတစ်ခုကို စားသုံးလျှင် ထိုသူသည် အပြစ်စီရင်ခြင်းခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယုံကြည်ခြင်းဖြင့်ပြုလုပ်ခြင်း မဟုတ်သောကြောင့်ဖြစ်၏။ အကြောင်းမူကား ယုံကြည်ခြင်းမရှိဘဲ ပြုမူကျင့်ကြံသမျှသည် အပြစ်ဖြစ်၏။