ROMANS
Chapter 16
Roma | BurCBCM | 16:1 | စင်ဂရေမြို့ ရှိအသင်းတော်၏ သိက္ခာရအမှုတော်ဆောင်ဖြစ်သော ငါတို့၏ညီမ ဖိုဘီကို သင်တို့ထံသို့ ငါအပ်လိုက်ပါ၏။- | |
Roma | BurCBCM | 16:2 | သင်တို့သည် ဘုရားသခင်၏ နာမတော်ကိုထောက်၍ သူမအား သန့်ရှင်းသောသူတို့ကို လက်ခံသကဲ့သို့ လက်ခံကြ၍ သင်တို့ထံမှ သူမလိုအပ်မည့် အကူအညီမှန်သမျှကို ပေးကြပါလော့။ အကြောင်းမူကား သူမသည် များစွာသော သူတို့ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း ကူညီခဲ့သောသူဖြစ်၏။ | |
Roma | BurCBCM | 16:3 | ယေဇူးခရစ်တော်၏ အမှုတော်ကိုထမ်းဆောင်ရာတွင် ငါ၏လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ပရစ္စကာနှင့်အာကွိလတို့ကို နှုတ်ဆက်ပေးကြပါလော့။- | |
Roma | BurCBCM | 16:4 | သူတို့သည် ငါ့အတွက် အသက်ကိုအမှုမထားဘဲ စွန့်စားခဲ့သူများဖြစ်ကြ၍ ငါတစ်ယောက်တည်းသာမက လူမျိုးခြားတို့၏ အသင်းတော်များကလည်း သူတို့ကို ကျေးဇူးတင်ကြပါ၏။- | |
Roma | BurCBCM | 16:5 | သူတို့၏နေအိမ်၌ စုဝေးဝတ်ပြုသည့်အသင်းတော်ကိုလည်း ငါနှုတ်ဆက်လိုက်ကြောင်း ပြောပြကြလော့။ အာရှပြည်တွင် ခရစ်တော်ကို ပထမဦးစွာယုံကြည်ဆက်ကပ်သော ချစ်မိတ်ဆွေ ဧပေနေတုကို နှုတ်ဆက်ပေးကြပါလော့။- | |
Roma | BurCBCM | 16:7 | ငါနှင့်အတူ အကျဉ်းချခံရ၍ ငါ၏အမျိုးသားချင်းများဖြစ်သော အန္ဒြောနိကုနှင့် ဂျူနိယတို့ကိုလည်း နှုတ်ဆက်ပေးကြပါလော့။ သူတို့သည် တမန်တော်တို့အကြားတွင် ထင်ပေါ်ကျော်ကြား၍ ငါ့ထက်အလျင်ဦးစွာ ခရစ်တော်ကို အစေခံခဲ့သောသူများ ဖြစ်ကြ၏။- | |
Roma | BurCBCM | 16:9 | ငါတို့နှင့်အတူ ခရစ်တော်၏အမှုတော်ကို ဆောင်ရွက်ဖော်ဖြစ်သော ဦဘားနုနှင့် ငါ၏ချစ်မိတ်ဆွေ စတာခစ်တို့ကို နှုတ်ဆက်ပေးကြပါလော့။- | |
Roma | BurCBCM | 16:10 | ခရစ်တော်၏တပည့် အစစ်အမှန်ဖြစ်သော အာပဲလက်ကိုလည်း နှုတ်ဆက်ပေးကြပါလော့။ အာရစ္စတိုဘုလု၏ မိသားစုဝင်များကိုလည်း နှုတ်ဆက်ပေးကြပါလော့။- | |
Roma | BurCBCM | 16:11 | ငါ၏ဆွေမျိုးဖြစ်သော ဟေရိုဒီရွန်ကိုနှုတ်ဆက်ပေးကြပါလော့။ သခင်ဘုရား၏အမှုတော်ကို ထမ်းဆောင်သော နာစီစုမိသားစုဝင်များကိုလည်း နှုတ်ဆက်ပေးကြပါလော့။- | |
Roma | BurCBCM | 16:12 | သခင်ဘုရား၏အမှုတော်ကို ကြိုးစားဆောင်ရွက်သော အမျိုးသမီးများဖြစ်ကြသည့် တြိဖေနာနှင့် တြိဖိုဆာတို့ကို နှုတ်ဆက်ပေးကြပါလော့။ သခင်ဘုရား၏အမှုတော်ကို ကြိုးစားဆောင်ရွက်သော အမျိုးသမီးဖြစ်၍ ငါချစ်မြတ်နိုးရသော ပါစစ်ကိုလည်း နှုတ်ဆက်ပေးကြပါလော့။- | |
Roma | BurCBCM | 16:13 | ဘုရားသခင်၏အစေခံအဖြစ် ရွေးကောက်ခံရသည့် ရုဖုနှင့် ငါ၏မိခင်သဖွယ်ဖြစ်သောသူ၏ မိခင်ကိုလည်း နှုတ်ဆက်ပေးကြပါလော့။- | |
Roma | BurCBCM | 16:14 | အာစင်ခရစ်တု၊ ဖလေဂွန်၊ ဟေမက်၊ ပက်ထရိုးဘတ်၊ ဟေမတ်မှစ၍ သူတို့နှင့်အတူရှိသော ညီအစ်ကိုတို့ကို နှုတ်ဆက်ပေးကြပါလော့။- | |
Roma | BurCBCM | 16:15 | ဖီလိုလိုဂု၊ ဂျူးလိယာ၊ နေရီဦးနှင့် သူ၏ညီမ အိုလမ်ပမှစ၍ သူတို့နှင့်အတူနေကြသော သန့်ရှင်းသူအပေါင်းတို့ကိုလည်း နှုတ်ဆက်ပေးကြပါလော့။- | |
Roma | BurCBCM | 16:16 | သင်တို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြပါလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့က သင်တို့အားလုံးကို နှုတ်ဆက်လိုက်ကြပါ၏။ | |
Roma | BurCBCM | 16:17 | ညီအစ်ကိုတို့၊ စိတ်ဝမ်းကွဲခြင်းကိုလည်းကောင်း၊ သင်တို့ကြားနာသင်ယူခဲ့သော သွန်သင်ချက်နှင့်ဆန့်ကျင်သော အခက်အခဲများကိုလည်းကောင်း ဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးတတ်သောသူတို့ကို သတိပြု၍ ရှောင်ရှားရန် ငါတိုက်တွန်းပါ၏။- | |
Roma | BurCBCM | 16:18 | အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သောသူတို့သည် ငါတို့သခင် ခရစ်တော်၏အမှုတော်ကို မထမ်းဆောင်ကြဘဲ သူတို့၏အကျိုးကိုသာ ကြည့်ကြ၏။ သူတို့သည် သိမ်မွေ့၍ နားဝင်ချိုသောစကားများဖြင့် ရိုးသားသူတို့၏ စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏။- | |
Roma | BurCBCM | 16:19 | သင်တို့သည် အလွန်နာခံခြင်းရှိကြောင်းကို လူတိုင်းသိရှိကြသဖြင့် ငါသည် သင်တို့အတွက် ဝမ်းမြောက်ဂုဏ်ယူပါ၏။ သို့သော်လည်း သင်တို့သည် ကောင်းသောအမှု၌ ပညာသတိရှိကြ၍ မကောင်းသောအမှု၌ ရိုးသားဖြောင့်မတ်ကြရန် ငါအလိုရှိ၏။- | |
Roma | BurCBCM | 16:20 | ထိုအခါ ငြိမ်းချမ်းသာယာခြင်း၏ အရှင်ဘုရားသခင်သည် စာတန်နတ်ဆိုးကို သင်တို့၏ ခြေဖဝါးအောက်တွင် မကြာမီ နင်းခြေတော်မူလိမ့်မည်။ ငါတို့၏သခင် ယေဇူးခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော်။ | |
Roma | BurCBCM | 16:21 | ငါနှင့်အတူ အမှုတော်ဆောင်ဖက်ဖြစ်သော တီမောသီဦး၊ လူစီဦးမှစ၍ ငါ၏ဆွေမျိုးများဖြစ်ကြသော ဂျာဆန်နှင့် ဆိုစီပါတေတို့က သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ | |
Roma | BurCBCM | 16:23 | ငါနှင့် အသင်းတော်တစ်ခုလုံးကို ဧည့်ဝတ်ပြုသူ အိမ်ရှင်ဂါးယုကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မြို့တော်၏ ဘဏ္ဍာထိန်းဖြစ်သော ဧရာစတုနှင့် ငါတို့၏ညီအစ်ကို ကွာတုတို့ကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။- | |
Roma | BurCBCM | 16:25 | ဘုရားသခင်အား ချီးမွမ်းထောမနာပြုကြစို့။ ကိုယ်တော်သည် ငါဟောပြောသော ယေဇူးခရစ်တော်၏အကြောင်းနှင့် ဧဝံဂေလိသတင်းကောင်းအရသော်လည်းကောင်း၊ ရှေးကာလကြာမြင့်စွာကပင် လျှို့ဝှက်ထားခဲ့သောနက်နဲရာ၏ ဖွင့်ဟထင်ရှားချက်အရသော်လည်းကောင်း သင်တို့ကို ယုံကြည်ခြင်း၌ တည်ကြည်ခိုင်မြဲစေနိုင်တော်မူ၏။- | |
Roma | BurCBCM | 16:26 | သို့သော်လည်း ယခုအခါတွင် ထိုနက်နဲရာအချက်သည် ပရောဖက်တို့၏ ရေးသားချက်များမှတစ်ဆင့် ထင်ရှားပေါ်လွင် လာပြီး လူအပေါင်းတို့သည် ၎င်းကို ယုံကြည်နာခံစေခြင်းငှာ ထာ၀ရဘုရားသခင်၏ အမိန့်တော်အားဖြင့် ၎င်းကို လူမျိုးတကာ တို့အား ဟောပြောလေပြီ။- | |