ROMANS
Chapter 10
Roma | BurCBCM | 10:1 | ညီအစ်ကိုတို့၊ ဤသူတို့ကယ်တင်ခြင်းရရှိစေရန် ငါ၏စိတ်နှလုံး၌လိုလား၍ ဘုရားသခင်ထံတော်၌လည်း သူတို့အတွက် ဆုတောင်းပါ၏။- | |
Roma | BurCBCM | 10:2 | သူတို့၌ ဘုရားသခင်အပေါ် စိတ်အားထက်သန်မှုရှိကြောင်း ငါသက်သေခံပါ၏။ သို့သော် သူတို့၏စိတ်အားထက်သန်ခြင်း သည် မှန်သောအသိတရားအတိုင်း မဟုတ်ပေ။- | |
Roma | BurCBCM | 10:3 | သူတို့သည် ဘုရားသခင်ထံမှလာသော ဖြောင့်မတ်ခြင်းတရားတော်ကို မသိကြဘဲ မိမိတို့၏ကိုယ်ပိုင်လမ်းစဉ်ကို ကြိုးစား တည်ဆောက်နေကြသောကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်ကို နာခံခြင်းမရှိကြချေ။- | |
Roma | BurCBCM | 10:4 | အကြောင်းမူကား ယုံကြည်သူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည့်အကြောင်း ခရစ်တော်သည် ပညတ်တရားကို ပြည့်စုံစေတော်မူခဲ့၏။ ကယ်တင်ခြင်းသည် လူသားအားလုံးအတွက်ဖြစ်၏ | |
Roma | BurCBCM | 10:5 | မိုးဇက်က ပညတ်တရားအပေါ် အခြေခံသည့် ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူသည် ထိုပညတ်တရားကို ကျင့်ကြံရမည်ဟု ရေးထား၏။- | |
Roma | BurCBCM | 10:6 | သို့သော် ယုံကြည်ခြင်းအပေါ်တွင် အခြေခံသော ဖြောင့်မတ်ခြင်းတရားက ဆိုသည်မှာ သင်၏စိတ်နှလုံးအတွင်း၌ ကောင်းကင်သို့ မည်သူတက်လိမ့်မည်နည်း (ဆိုလိုသည်မှာ ခရစ်တော်ကို အောက်အရပ်သို့ဆောင်ယူခြင်းငှာ ကောင်းကင်သို့ မည်သူတက်လိမ့်မည်နည်း)ဟူ၍လည်းကောင်း၊- | |
Roma | BurCBCM | 10:7 | သို့တည်းမဟုတ် နက်ရှိုင်းသောအရပ်သို့ မည်သူဆင်းလိမ့်မည်နည်း (ဆိုလိုသည်မှာ ခရစ်တော်ကိုသေခြင်းမှ ထမြောက် စေခြင်းငှာ နက်ရှိုင်းသောအရပ်သို့ မည်သူဆင်းလိမ့်မည်နည်း) ဟူ၍လည်းကောင်း မပြောဆိုလေနှင့်ဟုဖြစ်၏။- | |
Roma | BurCBCM | 10:8 | သို့သော် ၎င်းက တစ်ဖန်ဆိုသည်ကား နှုတ်တော်ထွက်စကားသည် သင်၏အနီး၌လည်းကောင်း၊ သင်၏နှုတ်ဖျားနှင့် သင်၏ စိတ်နှလုံးထဲ၌လည်းကောင်း ရှိသည်ဟုဆို၏။ ယင်းမှာ ငါတို့ဟောပြောသည့် ယုံကြည်ခြင်းနှင့်ဆိုင်သော နှုတ်တော်ထွက် စကားကို ဆိုလိုခြင်းဖြစ်၏။- | |
Roma | BurCBCM | 10:9 | အဘယ်ကြောင့်ဆိုသော် ယေဇူးသည် အရှင်သခင်ဖြစ်တော်မူကြောင်းကို သင်၏နှုတ်ဖြင့်ဝန်ခံ၍ ဘုရားသခင်သည် သူ့အား သေခြင်းမှထမြောက်စေတော်မူကြောင်းကို သင်၏စိတ်နှလုံး၌ ယုံကြည်လျှင် ကယ်တင်ခြင်းခံရလိမ့်မည်။- | |
Roma | BurCBCM | 10:10 | အကြောင်းမူကား လူသည် ဖြောင့်မတ်ခြင်းသို့ရောက်ရန် စိတ်နှလုံးဖြင့်ယုံကြည်ရ၏။ ထို့နောက် သူသည် ကယ်တင်ခြင်း ခံရရန် နှုတ်ဖြင့်ဝန်ခံရ၏။- | |
Roma | BurCBCM | 10:12 | အကြောင်းမူကား ကိုယ်တော်သည် ဂျူးလူမျိုးနှင့် ဂရိလူမျိုးဟူ၍ ခွဲခြားခြင်းမရှိပေ။ ထိုသခင်ဘုရားသည်ပင်လျှင် လူအပေါင်းတို့၏ သခင်ဘုရားဖြစ်၍ မိမိထံတော်သို့ ဆုတောင်းပတ္ထနာပြုသော သူအပေါင်းတို့အား ကျေးဇူးတော်များကို ကြွယ်၀စွာ ပေးသနားတော်မူ၏။- | |
Roma | BurCBCM | 10:13 | အကြောင်းမူကား ထာ၀ရဘုရားသခင်၏ နာမတော်ကိုခေါ်တ၍ ဆုတောင်းသောသူဟူသမျှတို့သည် ကယ်တင်ခြင်း ခံရမည်ဖြစ်သောကြောင့်တည်း။ | |
Roma | BurCBCM | 10:14 | သို့ရာတွင် လူတို့သည် ကိုယ်တော့်ကို မယုံကြည်ဘဲလျက် ကိုယ်တော့်ထံ မည်ကဲ့သို့ ဆုတောင်းပတ္ထနာ ပြုနိုင်ကြမည်နည်း။ ထို့အတူ ကိုယ်တော်၏အကြောင်းကို မကြားရဘဲလျက် သူတို့သည် ကိုယ်တော်၌ မည်ကဲ့သို့ ယုံကြည်နိုင်ကြမည်နည်း။ ကိုယ်တော်၏အကြောင်းကို ဟောပြောသူမရှိဘဲလျက် မည်ကဲ့သို့သူတို့ ကြားနာနိုင်ကြမည်နည်း။- | |
Roma | BurCBCM | 10:15 | စေလွှတ်ခြင်းမခံရလျှင် သူတို့သည် မည်ကဲ့သို့ ဟောပြောနိုင်ကြမည်နည်း။ ကျမ်းစာတော်မြတ်၌လည်း ရေးထားသည်မှာ သတင်းကောင်းကို ဟောပြောသောသူတို့၏ခြေတို့သည် အလွန်တင့်တယ်လှပေသည် ဟူ၍ဖြစ်၏။- | |
Roma | BurCBCM | 10:16 | သို့ရာတွင် လူအားလုံးတို့သည် ထိုဧဝံဂေလိတရားတော်အတိုင်း လိုက်နာခြင်းမရှိကြချေ။ ပရောဖက်အီဇာယက အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့ထံမှ ကြားရသောသတင်းကောင်းကို မည်သူယုံကြည်ပါသနည်းဟု မေးခဲ့လေ၏။- | |
Roma | BurCBCM | 10:17 | သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခဲ့ရသောအရာတို့မှလာ၍ ကြားနာခဲ့ရသောအရာတို့သည် ခရစ်တော်၏ ဟောပြောသွန်သင်ခြင်းမှလာ၏။ | |
Roma | BurCBCM | 10:18 | သို့သော် သူတို့သည် မကြားနာခဲ့ကြရသလောဟု ငါမေးလို၏။ သူတို့သည် ဧကန်အမှန်ပင်ကြားနာခဲ့ရ၏။ အကြောင်းမူကား ဟောပြောသော သူတို့၏အသံသည် ကမ္ဘာမြေတစ်ဝန်းလုံးတိုင်အောင် ပျံ့နှံ့သွား၍ သူတို့၏တရားစကားသည်လည်း ကမ္ဘာမြေကြီးစွန်းတိုင်အောင် ရောက်ရှိလေပြီဟု ကျမ်းစာတော်မြတ်၌ ရေးထား၏။- | |
Roma | BurCBCM | 10:19 | တစ်ဖန် ငါမေးသည်ကား အစ္စရာအဲလ်လူမျိုးတို့သည် နားမလည်ခဲ့ကြသလော။ ပထမဦးစွာ မိုးဇက်က ငါသည် သင်တို့ကို လူမျိုးတစ်မျိုးမဟုတ်သော သူတို့အပေါ် မနာလိုသောစိတ် ရှိစေခြင်းငှာလည်းကောင်း၊ အသိတရားမဲ့သော လူမျိုးအားဖြင့် သင်တို့ကို ဒေါသအမျက်ထွက်စေခြင်းငှာလည်းကောင်း ပြုလုပ်မည်ဟုဆိုခဲ့၏။- | |
Roma | BurCBCM | 10:20 | ပရောဖက်အီဇာယကလည်း ရဲရင့်စွာဆိုသည်ကား ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ၏အကြောင်းကို မမေး မြန်းသောသူတို့အား ငါသည် မိမိကိုယ်ကို ထင်ရှားပြလေပြီဟု ဆိုထားလေ၏။- | |