ROMANS
Chapter 12
Roma | BurCBCM | 12:1 | ထို့ကြောင့် ညီအစ်ကိုတို့၊ ငါသည် ဘုရားသခင်၏ သနားကရုဏာတော်အားဖြင့် သင်တို့အား တိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ခန္ဓာကိုယ်များကို သက်ရှိယဇ်ကောင်ကဲ့သို့ သန့်ရှင်းမြင့်မြတ်၍ ကိုယ်တော် နှစ်သက်လက်ခံဖွယ်ရာအဖြစ် ဆက်ကပ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝတ်ပြုကိုးကွယ်ခြင်းဖြစ်၏။- | |
Roma | BurCBCM | 12:2 | သင်တို့သည် ဤလောက၏တွေးခေါ် ကျင့်ကြံမှုအတိုင်း မလိုက်လျောကြနှင့်။ သို့သော်လည်း ကောင်းမြတ်၍ နှစ်သက်ဖွယ်ဖြစ်ပြီး ပြည့်စုံသောအရာဖြစ်သည့် ဘုရားသခင်၏ အလိုတော်ကို သိရှိနားလည်နိုင်ရန် သင်တို့၏စိတ်နှလုံးကို အသစ်ပြုပြင်ကြလော့။ | |
Roma | BurCBCM | 12:3 | ငါ့အား ပေးသနားတော်မူသော ကျေးဇူးတော်ကို အမှီပြု၍ သင်တို့အသီးသီးအား ငါမှာကြားပါ၏။ သင်တို့သည် မိမိတို့ကိုယ်ကို လိုအပ်သည်ထက် ပို၍အထင်မကြီးကြဘဲ မိမိတို့အား ဘုရားသခင်ပေးသနားတော်မူသော ယုံကြည်ခြင်း အတိုင်းအတာနှင့်အညီ တည်ကြည်စွာ ထင်မြင်ယူဆကြလော့။- | |
Roma | BurCBCM | 12:4 | အကြောင်းမူကား ငါတို့၏ခန္ဓာကိုယ်၌ ကိုယ်အင်္ဂါအစိတ်အပိုင်း များစွာရှိသော်လည်း ထိုအင်္ဂါအစိတ်အပိုင်းအားလုံးသည် လုပ်ဆောင်ချက်မတူညီကြသကဲ့သို့၊- | |
Roma | BurCBCM | 12:5 | ငါတို့သည် အရေအတွက်များသော်လည်း ခရစ်တော်၌ ကိုယ်ခန္ဓာတစ်ခုတည်းအဖြစ် တည်ရှိကြ၍ ငါတို့အသီးသီးသည်လည်း တစ်ဦးစီ၏ခန္ဓာကိုယ် အစိတ်အပိုင်းများဖြစ်ကြ၏။- | |
Roma | BurCBCM | 12:6 | သို့ဖြစ်၍ ငါတို့သည် မိမိတို့ အသီးသီးခံစားရသည့် ဆုကျေးဇူးတော်နှင့်အညီ ကွဲပြားသောအစွမ်းအစများရှိသောကြောင့် ၎င်းတို့ကို အောက်ပါအတိုင်း အသုံးပြုကြရမည်။ ပရောဖက်ကဲ့သို့ဟောပြောရမည်ဖြစ်လျှင် မိမိ၏ယုံကြည်ခြင်းပမာဏအတိုင်း ပရောဖက်ပြုပါလော့။- | |
Roma | BurCBCM | 12:7 | သူတစ်ပါးအား အစေခံရပါက မိမိတို့ကိုယ်ကို အစေခံခြင်းအမှု၌ ဆက်ကပ်ထားပါလော့။ သွန်သင်ပေးသောသူဖြစ်ပါက သွန်သင်မှုကိုပြုလော့။- | |
Roma | BurCBCM | 12:8 | နှိုးဆော်အားပေးသောသူဖြစ်ပါက နှိုးဆော်အားပေးလော့။ ပေးကမ်းဝေငှသောသူဖြစ်ပါက ရက်ရောသောစိတ်နှလုံးဖြင့် ဝေငှလော့။ အုပ်ချုပ်သောသူဖြစ်ပါက လုံ့လဝီရိယနှင့် အုပ်ချုပ်လော့။ ကရုဏာသနားခြင်းအမှုကို ပြုသောသူဖြစ်ပါက ဝမ်းမြောက်ဝမ်းသာ ကူညီမစလော့။ | |
Roma | BurCBCM | 12:9 | ချစ်ခြင်းမေတ္တာကို စစ်မှန်စေကြလော့။ မကောင်းမှုကိုမုန်း၍ ကောင်းသောအမှုကို စွဲမြဲစွာပြုကျင့်ကြလော့။- | |
Roma | BurCBCM | 12:10 | တစ်ဦးကိုတစ်ဦး ညီအစ်ကိုကဲ့သို့ချစ်ခင်ကြလော့။ မိမိကိုယ်မိမိလေးစားသည်ထက် တစ်ဦးကိုတစ်ဦး ပိုမိုလေးစား ကြလော့။- | |
Roma | BurCBCM | 12:12 | မျှော်လင့်ခြင်း၌ ဝမ်းမြောက်ရွှင်လန်းကြလော့။ ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ရသောအခါ သည်းခံစိတ်ရှည်ကြလျက် အမြဲမပြတ် ဆုတောင်းပတ္ထနာပြုကြလော့။- | |
Roma | BurCBCM | 12:14 | သင်တို့ကို ညှဉ်းဆဲသောသူတို့ကို ကောင်းချီးပေးကြလော့။ သူတို့ကို မကျိန်ဆဲဘဲလျက် ကောင်းချီးပေးကြလော့။- | |
Roma | BurCBCM | 12:15 | ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ကြ၍ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးကြလော့။- | |
Roma | BurCBCM | 12:16 | အချင်းချင်းသင့်မြတ်စွာနေကြလော့။ စိတ်မြင့်ထောင်လွှားခြင်းမရှိကြဘဲ နိမ့်ကျသောသူတို့နှင့် အပေါင်းအဖော်ပြုကြလော့။ သင့်ကိုယ်သင် ပညာရှိသည်ဟု မထင်မှတ်လေနှင့်။- | |
Roma | BurCBCM | 12:17 | မည်သူ့ကိုမျှ မကောင်းမှုကို မကောင်းမှုဖြင့် မတုံ့ပြန်ကြနှင့်။ လူအပေါင်းတို့၏အမြင်၌ မွန်မြတ်သောအရာကို ကျင့်ကြလော့။- | |
Roma | BurCBCM | 12:19 | ချစ်မိတ်ဆွေတို့၊ မည်သည့်အခါမျှ လက်စားချေခြင်းမပြုကြနှင့်။ ဘုရားသခင်သာလျှင် အပြစ်ဒဏ်စီရင်တော်မူပါစေ။ အကြောင်းမူကား လက်စားချေခြင်းသည် ငါနှင့်ဆိုင်၏။ အပြစ်နှင့်အလျောက် ငါပြန်၍စီရင်မည်ဟု ထာ၀ရဘုရားသခင် မိန့်တော်မူ၏ဟူ၍ ကျမ်းစာတော်မြတ်၌ ရေးထား၏။- | |
Roma | BurCBCM | 12:20 | ထို့ကြောင့် သင်၏ရန်သူသည် ဆာလောင်နေလျှင် သူ့အား အစားအစာကျွေးလော့။ သူရေငတ်လျှင် သူ့အား သောက်စရာ ရေပေးလော့။ အကြောင်းမူကား သင်သည် ထိုသို့ပြုခြင်းဖြင့် သူ၏ဦးခေါင်းပေါ်၌ မီးခဲကိုပုံထားသကဲ့သို့ဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ သူသည် သင့်အပေါ် ပြုမူခဲ့သောအရာအတွက် မိမိကိုယ်ကိုအရှက်ရလိမ့်မည်။- | |