ROMANS
Chapter 15
Roma | BurCBCM | 15:1 | သို့ဖြစ်၍ ခွန်အားရှိသော ငါတို့သည် မိမိတို့၏ဆန္ဒအတိုင်း ကျေနပ်နေမည့်အစား အားနည်းသောသူတို့၏ ချို့ယွင်းချက်များကို သည်းခံကြရမည်။- | |
Roma | BurCBCM | 15:2 | ငါတို့အသီးသီးသည် မိမိနှင့်နီးစပ်သောသူတို့၏ ယုံကြည်ခြင်းကိုမြှင့်တင်ပေးရန် သူတို့၏ကောင်းကျိုးကိုထောက်၍ သူတို့ကို ကျေနပ်နှစ်သိမ့်စေကြစို့။- | |
Roma | BurCBCM | 15:3 | အဘယ်ကြောင့်ဆိုသော် သင့်ကိုစော်ကားပြောဆိုသော သူတို့၏စကားတို့သည် အကျွန်ုပ်အပေါ်သို့ ကျရောက်ပါ၏ဟု ကျမ်းစာတော်မြတ်တွင် ရေးထားသည့်အတိုင်း ခရစ်တော်သည် မိမိ၏အလိုကိုမလိုက်ခဲ့ပေ။- | |
Roma | BurCBCM | 15:4 | အကြောင်းမူကား ရှေးကာလက ရေးသားဖော်ပြခဲ့သော အကြောင်းအရာတို့သည် ငါတို့အား သွန်သင်ဆုံးမရန်ဖြစ်၍ စိတ်ရှည်သည်းခံခြင်းနှင့် ကျမ်းချက်များမှ အားပေးနှစ်သိမ့်ခြင်းတို့ဖြင့် ငါတို့၌ မျှော်လင့်ခြင်းရှိစေမည့်အကြောင်းတည်း။- | |
Roma | BurCBCM | 15:5 | စိတ်ရှည်သည်းခံခြင်းနှင့် အားပေးနှစ်သိမ့်ခြင်းတို့ကို ပေးသနားတော်မူသော ဘုရားသခင်သည် သင်တို့အား ယေဇူးခရစ် တော်၏ အလိုတော်နှင့်အညီ အချင်းချင်းစိတ်တညီတညွတ်တည်း နေထိုင်နိုင်ရန် ကူညီမစတော်မူပါစေ။- | |
Roma | BurCBCM | 15:6 | သို့မှသာလျှင် သင်တို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်၏ ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်အား တစ်သံတည်း ချီးမွမ်းထောမနာ ပြုနိုင်ကြပေလိမ့်မည်။ | |
Roma | BurCBCM | 15:7 | ထို့ကြောင့် ခရစ်တော်သည် သင်တို့ကိုကြိုဆိုလက်ခံသကဲ့သို့ သင်တို့သည်လည်း ဘုရားသခင်၏ ဘုန်းဂုဏ်တော်အတွက် အချင်းချင်းတစ်ဦးကိုတစ်ဦး ကြိုဆိုလက်ခံကြလော့။- | |
Roma | BurCBCM | 15:8 | အကြောင်းမူကား ခရစ်တော်သည် ဘိုးဘေးတို့အား ပေးထားတော်မူသောကတိတော်ကို အတည်ပြုခြင်းငှာ ဘုရားသခင်၏ သစ္စာသမ္မာတရားကိုထောက်၍ အရေဖျားလှီးခြင်းခံသော သူတို့၏အစေခံဖြစ်လာတော်မူသည်ဟု သင်တို့အား ငါဆို၏။- | |
Roma | BurCBCM | 15:9 | သို့မှသာလျှင် လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏ကရုဏာတော်အတွက် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြု ကြပေလိမ့်မည်။ ကျမ်းစာတော်မြတ်၌လည်း ရေးထားသည်ကား ထို့ကြောင့် အကျွန်ုပ်သည် လူမျိုးခြားတို့အလယ်တွင် ကိုယ်တော့်ကိုဝန်ခံ၍ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းဧကျူးပါမည်ဟူ၍ဖြစ်သတည်း။- | |
Roma | BurCBCM | 15:10 | တစ်ဖန် ကျမ်းစာတော်မြတ်၌ လူမျိုးခြားအပေါင်းတို့၊ သင်တို့သည် ဘုရားသခင်၏ လူမျိုးတော်နှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့ဟူ၍လည်းကောင်း၊- | |
Roma | BurCBCM | 15:11 | လူမျိုးခြားအပေါင်းတို့၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့၊ လူမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ချီးမွမ်းပြောဆိုကြလော့ ဟူ၍လည်းကောင်း ရေးထား၏။- | |
Roma | BurCBCM | 15:12 | ထို့နောက် ပရောဖက်အီဇာယကလည်း လူမျိုးအပေါင်းတို့ကို အုပ်စိုးမည့်အရှင်သည် ဂျက်ဆေ၏အမျိုးအနွယ်မှ ပေါ်ထွန်း လာလိမ့်မည်။ လူမျိုးအပေါင်းတို့သည် ထိုအရှင်၌ မျှော်လင့်အားထားကြလိမ့်မည်ဟု ဟောထားခဲ့၏။- | |
Roma | BurCBCM | 15:13 | ဝိညာဉ်တော်မြတ်၏ တန်ခိုးတော်အားဖြင့် သင်တို့၌ မျှော်လင့်ခြင်းပါရမီ တိုးပွားစေခြင်းငှာ မျှော်လင့်ခြင်း၏အရှင် ဘုရားသခင်သည် သင်တို့အား ယုံကြည်စေခြင်းဖြင့် ဝမ်းမြောက်ရွှင်လန်းခြင်းနှင့် ငြိမ်းချမ်းသာယာမှုအပေါင်းကို ပေးသနားတော်မူပါစေသော်။ | |
Roma | BurCBCM | 15:14 | ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းမြတ်သည့် စိတ်စေတနာနှင့်ပြည့်စုံ၍ အသိပညာအမျိုးမျိုးတို့ဖြင့် ကြွယ်၀ပြီး သင်တို့အချင်းချင်း သွန်သင်ဆုံးမပေးနိုင်စွမ်းရှိကြောင်းကို ငါကိုယ်တိုင်စိတ်ချယုံကြည်ပါ၏။- | |
Roma | BurCBCM | 15:15 | သို့သော် အချို့သောအကြောင်းအရာများ၌ သင်တို့အား သတိပေးရန်အလို့ငှာ ငါ့အား ဘုရားသခင်ပေးတော်မူသော ကျေးဇူး တော်အားဖြင့် ငါသည် ရဲဝံ့စွာရေးသားလိုက်ပါ၏။- | |
Roma | BurCBCM | 15:16 | ထိုကျေးဇူးတော်သည်ကား ဘုရားသခင်၏သတင်းကောင်းကို ဟောပြောရသောရဟန်းအမှုတော်၌ ငါသည် လူမျိုး ခြားတို့အတွက် ယေဇူးခရစ်တော်၏ အမှုတော်ဆောင် ဖြစ်ရခြင်းပေတည်း။ ဤသို့ဖြင့် လူမျိုးခြားတို့၏ ပူဇော်သကာများ သည်လည်း ဝိညာဉ်တော်မြတ်အားဖြင့် သန့် ရှင်းစင်ကြယ်၍ ဘုရားသခင် နှစ်သက်ဖွယ်ဖြစ်လာပေလိမ့်မည်။- | |
Roma | BurCBCM | 15:17 | သို့ဖြစ်၍ ငါသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရသည့်အတွက် ယေဇူးခရစ်တော်၌ ဝမ်းမြောက်ဂုဏ်ယူရန် အကြောင်းရှိ၏။- | |
Roma | BurCBCM | 15:18 | အကြောင်းမူကား ငါသည် အခြားသောအကြောင်းအရာများကို မပြောနိုင်သော်လည်း လူမျိုးခြားတို့နာခံခြင်း ရှိလာစေရန် တရားစကားနှင့် အကျင့်များအားဖြင့်လည်းကောင်း၊- | |
Roma | BurCBCM | 15:19 | နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်တန်ခိုးတို့၏ အစွမ်းအားဖြင့်လည်းကောင်း၊ ဝိညာဉ်တော်မြတ်၏ တန်ခိုးတော်အားဖြင့် လည်းကောင်း ငါ၌ခရစ်တော်လုပ်ဆောင်တော်မူခဲ့သော အရာများကို ငါပြောကြားလိုပါ၏။ ဤသို့ဖြင့် ငါသည် ဂျေရုဆလင်မြို့မှစ၍ အီလိရီကမ်မြို့ပတ်ဝန်းကျင်တိုင်အောင် ခရစ်တော်၏သတင်းကောင်းကို စုံလင်စွာ ဟောပြောခဲ့ပါ၏။- | |
Roma | BurCBCM | 15:20 | သို့သော် ငါသည် အခြားသူများချခဲ့သည့် အုတ်မြစ်အပေါ်တွင် တည်ဆောက်ရန် အလိုမရှိသောကြောင့် ခရစ်တော်၏နာမတော်ကို မကြားဖူးသေးသော အရပ်ဒေသတို့၌ ဧဝံဂေလိသတင်းကောင်းကိုဟောပြောခြင်းငှာ ရည်ရွယ်၍ ကြိုးစားဆောင်ရွက်ခဲ့ပါ၏။- | |
Roma | BurCBCM | 15:21 | ကျမ်းစာတော်မြတ်၌လည်း ရေးထားသည်ကား ကိုယ်တော်၏အကြောင်းကို ဟောပြောခြင်းမခံရသောသူတို့သည် မြင်ကြလိမ့်မည်။ ကိုယ်တော်၏အကြောင်းကို မကြားဖူးသောသူတို့သည် နားလည်ကြလိမ့်မည်ဟူ၍ဖြစ်သတည်း။ | |
Roma | BurCBCM | 15:22 | ဤအကြောင်းကြောင့် ငါသည် ကြိမ်ဖန်များစွာ အတားအဆီးရှိခဲ့သဖြင့် သင်တို့ထံသို့ မလာရောက်နိုင်ခဲ့ပေ။- | |
Roma | BurCBCM | 15:23 | ယခုမူကား ငါသည် ဤအရပ်ဒေသတို့၌ အမှုတော်ထမ်းဆောင်ရန် အကြောင်းမရှိတော့ပြီဖြစ်၍ သင်တို့ရှိရာသို့လာရန် နှစ်ပေါင်းများစွာကပင် ဆန္ဒရှိခဲ့သည့်အတိုင်း၊- | |
Roma | BurCBCM | 15:24 | စပိန်ပြည်သို့သွားချိန်တွင် သင်တို့ထံရောက်လာနိုင်မည်ဟု ငါမျှော်လင့်၏။ ငါသည် သင်တို့နှင့်အတူ ပျော်ရွှင်စွာ ခေတ္တခဏ နေပြီးနောက် ထိုအရပ်မှ ဆက်လက်ခရီးပြုရန် ငါ့အား သင်တို့အကူအညီပေးစေလို၏။- | |
Roma | BurCBCM | 15:25 | ယခုတွင်မူ ငါသည် သန့်ရှင်းသူတို့အတွက် ထောက်ပံ့သောပစ္စည်းများဖြင့် ဂျေရုဆလင်မြို့သို့ သွားရမည်။- | |
Roma | BurCBCM | 15:26 | အဘယ်ကြောင့်ဆိုသော် မာစီဒိုးနိယနှင့် အာခါယာပြည်တို့မှ အသင်းတော်တို့သည် ဂျေရုဆလင်မြို့ရှိ သန့်ရှင်းသူများထဲမှ ဆင်းရဲသားတို့အား စေတနာစိတ်နှင့် ပစ္စည်းဥစ္စာလှူဒါန်းခဲ့ကြ၏။- | |
Roma | BurCBCM | 15:27 | သူတို့သည် ဤသို့ပြုလုပ်ရခြင်းအတွက် အားရကျေနပ်ကြ၏။ အမှန်စင်စစ် သူတို့၌ ထိုသူတို့၏ ကျေးဇူးမကင်းချေ။ အကြောင်းမူကား လူမျိုးခြားတို့သည် ဝိညာဉ်ရေးဆိုင်ရာ ဆုကျေးဇူးများကို ဂျူးလူမျိုးတို့ထံမှ ဝေမျှခံစားကြရလျှင် သူတို့သည်လည်း လောကီဆိုင်ရာဥစ္စာပစ္စည်းများကို ဂျူးလူမျိုးတို့အား ဝေမျှကူညီပေးသင့်၏။- | |
Roma | BurCBCM | 15:28 | ထို့ကြောင့် ငါသည် ဤအမှုကိုပြီးစီးအောင် ဆောင် ရွက်လျက် ကောက်ခံရရှိသော အလှူငွေကို သူတို့အား ပေးအပ်ပြီးနောက် သင်တို့ထံသို့ အလည်လာရောက်၍ ထိုမှတစ်ဆင့် စပိန်ပြည်သို့သွားမည်။- | |
Roma | BurCBCM | 15:29 | သင်တို့ရှိရာသို့ ငါလာသောအခါ ခရစ်တော်၏ ကောင်းချီးမင်္ဂလာအပြည့်အစုံနှင့် လာမည်ကို ငါသိ၏။ | |
Roma | BurCBCM | 15:30 | ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအားထုတ်၍ ငါ့အတွက် ဘုရားသခင်ထံ ဆုတောင်းပတ္ထနာပြုပေးကြပါရန် ငါတို့၏သခင် ယေဇူးခရစ်တော်နှင့် ဝိညာဉ်တော်၏ မေတ္တာကရုဏာတော်ကို အမှီပြု၍ သင်တို့ကို ငါတောင်းဆိုပါ၏။- | |
Roma | BurCBCM | 15:31 | ငါသည် ဂျူဒေးယပြည်ရှိ မယုံကြည်သောသူတို့၏ဘေးရန်မှ လွတ်မြောက်နိုင်စေရန်နှင့် ဂျေရုဆလင်မြို့သို့ ငါယူဆောင်လာခဲ့သော အကူအညီကို ဘုရားသခင်၏ သန့်ရှင်းသောသူတို့ နှစ်သက်လက်ခံကြစေရန် ဆုတောင်းပတ္ထနာ ပြုကြလော့။- | |
Roma | BurCBCM | 15:32 | သို့မှသာ ငါသည် ဘုရားသခင်၏ အလိုတော်ရှိပါလျှင် သင်တို့ထံသို့ ဝမ်းမြောက်စွာလာ၍ သင်တို့နှင့်အတူ နားနေနိုင်လိမ့်မည်။- | |