Site uses cookies to provide basic functionality.

OK
ROMANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 11
Roma BurCBCM 11:1  သို့ဖြစ်လျှင် ဘုရားသခင်သည် မိမိ၏လူမျိုးကို ပစ်ပယ်တော်မူပြီလောဟု ငါမေး၏။ ပစ်ပယ်တော်မမူချေ။ ငါကိုယ်တိုင်ပင် အစ္စရာအဲလ်လူမျိုးဖြစ်၍ အာဘရာဟံမှ ဆင်းသက်လာပြီး ဘင်ဂျာမင်အနွယ်ဝင် တစ်ဦးဖြစ်၏။-
Roma BurCBCM 11:2  ဘုရားသခင်သည် အထက်ကာလကပင် ကြိုတင်သိရှိထားသော မိမိ၏လူမျိုးတော်ကို ပစ်ပယ်ထားတော်မမူချေ။ ကျမ်းစာတော်မြတ်တွင် ပရောဖက်ဧလိယသည် အစ္စရာအဲလ်လူမျိုးတို့ကိုဆန့်ကျင်၍ ဘုရားသခင်ထံ၌ မည်သို့လျှောက်ထား ကြောင်းကို သင်တို့မသိကြသလော။-
Roma BurCBCM 11:3  သူက အိုထာ၀ရဘုရားသခင်၊ သူတို့သည် ကိုယ်တော်၏ ပရောဖက်များကို သတ်ခဲ့ကြပြီး ကိုယ်တော်၏ ယဇ်ပလ္လင်များ ကိုလည်း ဖြိုဖျက်ခဲ့ကြ၍ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ရစ်ပါ၏။ ယခု သူတို့သည် အကျွန်ုပ်ကိုသတ်ရန် ကြိုးစားနေကြသည် ဟုလျှောက်ခဲ့၏။-
Roma BurCBCM 11:4  သို့ရာတွင် ဘုရားသခင်သည် သူ့ကို မည်ကဲ့သို့ဖြေကြားတော်မူ သနည်း။ ကိုယ်တော်က ဘာလရုပ်တုရှေ့၌ ဒူးမထောက်သော လူခုနစ်ထောင်ကို ငါ့အတွက် ချန်ထားလေပြီဟု မိန့်တော်မူခဲ့၏။-
Roma BurCBCM 11:5  ထိုနည်းတူပင် ယခုကာလ၌လည်း ကျေးဇူးတော်အားဖြင့် ရွေးကောက်ခြင်းခံရသော ကြွင်းကျန်သူ တစ်စုရှိသေး၏။-
Roma BurCBCM 11:6  သို့သော် ကိုယ်တော်သည် ကျေးဇူးတော်အားဖြင့် သူတို့ကို ရွေးကောက်ထားတော်မူသောကြောင့် ကောင်းသောအကျင့်များ အပေါ်အခြေခံ၍ ရွေးကောက်ခြင်းမဟုတ်တော့ပေ။ ထိုသို့မဟုတ်ပါက ကျေးဇူးတော်သည် ကျေးဇူးတော်အစစ်အမှန် ဖြစ်မည် မဟုတ်ပေ။
Roma BurCBCM 11:7  သို့ဖြစ်လျှင် ငါမည်သို့ဆိုရမည်နည်း။ အစ္စရာအဲလ် လူမျိုးတို့သည် မိမိတို့ရှာဖွေသောအရာကို မရရှိခဲ့ကြချေ။ ရွေးကောက်ခြင်းခံရသော သူတို့သာလျှင် ရရှိခဲ့ကြ၏။ ကျန်သောသူတို့မူကား စိတ်နှလုံးခက်ထန်လျက်ရှိကြ၏။-
Roma BurCBCM 11:8  ကျမ်းစာတော်မြတ်၌လည်း ရေးထားသည်ကား ဘုရားသခင်သည် သူတို့အား ထိုင်းမှိုင်းသောစိတ်နှလုံး၊ မမြင်နိုင်သောမျက်စိနှင့် မကြားနိုင်သောနားတို့ကို ယနေ့တိုင်အောင် ပေးတော်မူခဲ့၏ဟုဆိုထား၏။-
Roma BurCBCM 11:9  ဒါဝိဒ်မင်းကြီးကလည်း သူတို့၏စားသောက်ပွဲသည် သူတို့အတွက် ကျော့ကွင်းနှင့် ထောင်ချောက်ကဲ့သို့လည်းကောင်း၊ အဆီး အတားနှင့် အပြစ်ဒဏ်ကဲ့သို့လည်းကောင်း ဖြစ်ပါစေ။-
Roma BurCBCM 11:10  သူတို့သည် ကြည့်၍မမြင်နိုင်ရအောင် သူတို့၏မျက်စိများကို အမှောင်ဖုံးပါစေ။ သူတို့၏ခါးသည်လည်း အစဉ်အမြဲ ကိုင်းပါစေဟုမြွက်ဆိုခဲ့၏။
Roma BurCBCM 11:11  သို့ဖြစ်၍ အစ္စရာအဲလ်လူမျိုးတို့သည် လဲကျရှုံးနိမ့်သည့်တိုင်အောင် ခလုတ်ထိမိကြပြီလောဟု ငါမေး၏။ မည်သည့်နည်းနှင့်မျှ လဲကျရှုံးနိမ့်ခြင်းမရှိပေ။ သူတို့၏ အပြစ်ကျူးလွန်မှုကြောင့် လူမျိုးခြားတို့သည် ကယ်တင်ခြင်းခံကြရ၏။ ထိုနည်းဖြင့် အစ္စရာအဲလ်လူမျိုးအား မနာလိုစိတ်ရှိလာစေခဲ့၏။-
Roma BurCBCM 11:12  ယခု သူတို့၏ အပြစ်ကျူးလွန်ခြင်းသည် လောကသားတို့ကို အကျိုးဖြစ်ထွန်းစေ၍ သူတို့၏ ရှုံးနိမ့်ခြင်းသည်လည်း လူမျိုးခြားတို့အား အကျိုးခံစားရစေလျှင် သူတို့အပြည့်အဝ ပါဝင်ယုံကြည်ခဲ့ပါက မည်မျှပင်ပို၍ အကျိုးအမြတ်ခံစား ရလိမ့်မည်နည်း။
Roma BurCBCM 11:13  လူမျိုးခြားဖြစ်သော သင်တို့အား ယခုငါပြောကြားပါ၏။ ငါသည် လူမျိုးခြားတို့အတွက် တမန်တော်ဖြစ်သည်နှင့်အညီ ငါ၏အမှုတော်အတွက် ငါဂုဏ်ယူခြင်းဖြင့်၊-
Roma BurCBCM 11:14  ငါ၏အပေါင်းအဖော်ဂျူးလူမျိုးတို့အား မနာလိုဖြစ်စေ၍ သူတို့အထဲမှအချို့ကို ကယ်တင်နိုင်ပေလိမ့်မည်။-
Roma BurCBCM 11:15  အကြောင်းမူကား သူတို့ကို ငြင်းပယ်ခြင်းသည် လောကအတွင်း၌ ပြန်လည်သင့်မြတ်ခြင်းကိုဖြစ်စေလျှင် သူတို့ကို လက်ခံ ခြင်းသည် သေခြင်းမှ ရှင်ပြန်ထမြောက်သကဲ့သို့ပင်ဖြစ် လိမ့်မည်မဟုတ်လော။-
Roma BurCBCM 11:16  ဦးဦးဖျားဖျား ပူဇော်သောအသီးအနှံသည် မွန်မြတ်သန့်ရှင်းလျှင် အသီးအနှံအားလုံးသည် မွန်မြတ်သန့်ရှင်း၏။ သစ်ပင်၏အမြစ်သည် မွန်မြတ်သန့်ရှင်းလျှင် အကိုင်းအခက်များသည်လည်း မွန်မြတ်သန့်ရှင်း၏။
Roma BurCBCM 11:17  သို့သော် သံလွင်ပင်၏ အကိုင်းအချို့တို့ကို ဖြတ်တောက်၍ ထိုအပင်၏အမြစ်နှင့် ကြွယ်၀သောအဆီဩဇာကို မျှဝေခံစားရစေရန် သံလွင်ပင်အရိုင်း၏ အတက်တည်းဟူသော သင့်အား ထိုအပင်၌ကိုင်းကူး၍ စိုက်ထားလျှင်၊-
Roma BurCBCM 11:18  ဖြတ်တောက်ခံရသော အကိုင်းများအပေါ် သင်မကြွားဝါလေနှင့်။ သင်ကြွားဝါပါကလည်း သင်သည် အမြစ်ကို ထောက်မနေခြင်းမဟုတ်ဘဲ အမြစ်ကသာ သင့်ကိုထောက်မနေခြင်းဖြစ်ကြောင်း သတိရလော့။-
Roma BurCBCM 11:19  သို့ရာတွင် သင်က ငါ့ကိုကိုင်းကူး၍စိုက်ရန် အကိုင်းများကို ခုတ်ဖြတ်ခဲ့သည်မဟုတ်လောဟု ဆိုပေလိမ့်မည်။-
Roma BurCBCM 11:20  သင်ဆိုသည့်အတိုင်းလည်း မှန်ပေ၏။ ထိုသူတို့သည် မယုံကြည်ကြသောကြောင့် ခုတ်ဖြတ်ခံရခြင်းဖြစ်၏။ သို့သော် သင်သည် ယုံကြည်ခြင်းအားဖြင့်သာ ရပ်တည်နေခြင်းဖြစ်၏။ သို့ဖြစ်၍ သင်သည် ဘဝင်မမြင့်လေနှင့်။ ကြောက်ရွံ့ ခြင်းနှင့်နေလော့။-
Roma BurCBCM 11:21  အကြောင်းမူကား ဘုရားသခင်သည် သံလွင်ပင်မှ မူလအကိုင်းအခက်များကို သက်ညှာခြင်းမရှိခဲ့လျှင် သင့်ကိုလည်း သက်ညှာတော်မူလိမ့်မည် မဟုတ်။-
Roma BurCBCM 11:22  ထို့ကြောင့် ဘုရားသခင်၏ သနားကြင်နာတော်မူခြင်းနှင့် ပြင်းထန်စွာ စီရင်တော်မူခြင်းတို့ကို ဂရုပြုလော့။ ကိုယ်တော်သည် အပြစ်သို့ကျရောက်သည့်သူတို့ကို ပြင်းထန်စွာ စီရင်တော်မူကြောင်းကိုလည်းကောင်း၊ သင်တို့သည် ကိုယ်တော့်အပေါ်၌ သစ္စာရှိသမျှကာလပတ်လုံး ဘုရားသခင်၏ သနားကြင်နာတော်မူခြင်းကို ခံစားရမည့်အကြောင်းကိုလည်းကောင်း သတိပြုလော့။ သို့မဟုတ်လျှင် သင်တို့သည်လည်း ခုတ်ပစ်ခြင်းခံရလိမ့်မည်။-
Roma BurCBCM 11:23  ထို့နောက် အစ္စရာအဲလ်လူမျိုးသည်လည်း မယုံကြည်သောစိတ်ကို စွန့်ပယ်လျှင် ကိုင်းဆက်ခြင်းခံကြရလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် သူတို့ကို တစ်ဖန်ကိုင်းဆက်စေခြင်းငှာ တတ်နိုင်တော်မူ၏။-
Roma BurCBCM 11:24  အဘယ်ကြောင့်ဆိုသော် သင်တို့သည် အလေ့ကျပေါက်သော သံလွင်ပင်အရိုင်းမှ ဖြတ်တောက်ခံရ၍ သဘာ၀နှင့် ဆန့်ကျင်ကာ ကောင်းသောသံလွင်ပင်တွင် ကိုင်းဆက်စိုက်ပျိုးခြင်းခံခဲ့ရပါလျှင် သဘာ၀အကိုင်းအခက်များကို ၎င်းတို့၏မူရင်း သံလွင်ပင်၌ ပြန်လည်ကိုင်းဆက်စိုက်ပျိုးရန် ပိုမိုလွယ်ကူပေလိမ့်မည်။
Roma BurCBCM 11:25  ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ကိုယ်ကို အမှန်တကယ်ရှိသည်ထက် ပို၍တတ်သိနားလည်ပြီဟု မဆိုနိုင်ရအောင် ဤနက်နဲရာအမှုကို သင်တို့နားလည်စေရန် ငါအလိုရှိ၏။ နက်နဲရာအချက်ဟူမူကား လူမျိုးခြားအားလုံးတို့ ကယ်တင်ခြင်းသို့ ဝင်ရောက်သည့်တိုင်အောင် အစ္စရာအဲလ်လူမျိုးအချို့သည် စိတ်နှလုံးခက်ထန်လျက် ရှိနေကြမည့်အကြောင်းတည်း။-
Roma BurCBCM 11:26  ဤသို့ဖြင့် အစ္စရာအဲလ်လူမျိုးအပေါင်းတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်။ ကျမ်း စာတော်မြတ်၌လည်း ရေးထားသည်ကား ကယ်တင်ရှင်သည် ဇီအွန်တောင်မှကြွလာ၍ ယာကုပ်အမျိုးအနွယ်မှ ဘုရားတရားမဲ့ခြင်းကိုဖယ်ရှားတော်မူလတ္တံ့။-
Roma BurCBCM 11:27  သူတို့၏ အပြစ်များကို ငါဖယ်ရှားတော်မူသောအခါ ဤအရာသည် သူတို့နှင့်ပြုလုပ်မည့် ငါ၏ပဋိညာဉ် ဖြစ်၏ဟူသတည်း။
Roma BurCBCM 11:28  သူတို့သည် ဧဝံဂေလိတရားတော်နှင့်ပတ်သက်လျှင် ဘုရားသခင်၏ရန်သူများဖြစ်ကြ၏။ ရွေးကောက်တော်မူခြင်းနှင့် ပတ်သက်လျှင်မူကား သူတို့သည် သူတို့၏ဘိုးဘေးတို့အားဖြင့် ဘုရားသခင်ချစ်မြတ်နိုးခြင်း ခံရသူများဖြစ်ကြ၏။-
Roma BurCBCM 11:29  အကြောင်းမူကား ဘုရားသခင်၏ဆုကျေးဇူးတော်များနှင့် ခေါ်တော်မူခြင်းတို့ကို ပြန်လည်ရုပ်သိမ်း၍မရနိုင်ပေ။-
Roma BurCBCM 11:30  သင်တို့သည် တစ်ချိန်က ဘုရားသခင်ကို မနာခံသူများဖြစ်ခဲ့ကြသော်လည်း ယခု ထိုသူတို့၏မနာခံမှုကြောင့် ဘုရားသခင်၏ သနားကရုဏာတော်ကို ခံယူရရှိခဲ့ကြသည့်နည်းတူ၊-
Roma BurCBCM 11:31  သင်တို့ခံစားကြရသော သနားကရုဏာတော်အားဖြင့် သူတို့သည်လည်း သနားကရုဏာတော်ကို ခံစားကြရမည့်အကြောင်း ယခုသူတို့သည် မနာခံဘဲနေကြ၏။-
Roma BurCBCM 11:32  အကြောင်းမူကား ဘုရားသခင်သည် လူအပေါင်းတို့အား သနားကရုဏာတော်ကို ပြလိုသောကြောင့် သူတို့အားလုံးကို နာခံခြင်းမရှိသောအဖြစ်၌ ပိတ်လှောင်ထားတော်မူ၏။
Roma BurCBCM 11:33  ဘုရားသခင်၏ဉာဏ်တော်နှင့် အသိပညာသည် အလွန်ကြွယ်၀၍ နက်နဲလှပါ၏။ ကိုယ်တော်၏ စီရင်တော်မူချက်တို့ကို မည်သူမျှစူးစမ်း၍ မတွေ့နိုင်။ ကိုယ်တော်၏ တရားလမ်းတော်တို့ကိုလည်း မည်သူမျှနားမလည်နိုင်ပါတကား။-
Roma BurCBCM 11:34  မည်သူသည် ထာ၀ရဘုရားသခင်၏စိတ်အ ကြံစည်တော်ကိုသိနိုင်မည်နည်း။ မည်သူသည် ထာ၀ရ ဘုရားသခင်၏ အတိုင်ပင်ခံဖြစ်ဖူးသနည်း။-
Roma BurCBCM 11:35  သို့တည်းမဟုတ် ကိုယ်တော်၏ ကျေးဇူးတုံ့ပြန်မှုကိုရစေရန် မည်သူ သည် ကိုယ်တော်ကို ကျေးဇူးပြုဖူးသနည်း။-
Roma BurCBCM 11:36  အကြောင်းမူကား ခပ်သိမ်းသောအရာတို့သည် ကိုယ်တော့်ထံမှလည်းကောင်း၊ ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ်တော့်အတွက်လည်းကောင်း ဖြစ်တည်လျက်ရှိကြ၏။ ကိုယ်တော်ရှင်အား ကာလအဆက်ဆက် ဘုန်းတော်ဂုဏ်တော် ရှိစေသတည်း။ အာမင်။